တခါတုန်းက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တယောက်က မေးတယ်။ "ဆရာကြီး အကြံနဲ့ ဉာဏ်နဲ့ကို တွဲပြီး ရေးသားထားတာ တွေ့ရပါတယ်။ အဲ့ဒီအကြံနဲ့ ဉာဏ်ဟာ ဆိုလိုရင်း အတူတူပဲပေါ့နော်" လို့ မေးတယ်။
ဆိုကရေးတီးက ဘာမှ ပြန်မပြောပဲ အနားမှာရှိတဲ့ ကျောက်တုံး နှစ်တုံးကို ကောက်လိုက်တယ်။
ပြီးတော့ အဲ့ဒီ ကျောက်တုံး နှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့ ထိရိုက် ပြတယ်။ ကျောက်တုံးက မီးပွားလေးတွေ ဖျတ်ခနဲ ဖျတ်ခနဲ ထွက်လာတယ်။
အဲဒါကို ပြပြီးတော့ ဆိုကရေးတီးက "အကြံဆိုတာ ဒီကျောက်တုံးလိုပဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပေမဲ့ ခတ်လိုက်တဲ့အခါ ပွင့်လာတဲ့ မီးပွားလေးတွေ လိုပဲ။
အကြံဆိုတာ တချက်တချက် ထွက်လာတဲ့ မီးပွားလေးတွေနဲ့ တူတယ်။ လင်းတယ်။ အမှောင်ထဲမှာ လက်တယ်။ ဒါပေမဲ့ ကြာကြာမခံဘူး" လို့ ပြောတယ်။
အဲ့ဒီနောက်မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနားကို သွားတယ်။ ကောက်ရိုးပုံနားမှာ ခုနက ကျောက်ခဲတွေကို ခတ်တယ်။ ကောက်ရိုးတွေ မီးလောင်သွားပြီးတော့ ကောက်ရိုးပုံကြီး တခုလုံး မီးကူးစက် သွားတယ်။
အဲဒါကို ပြပြီးတော့ ဆိုကရေးတီးက "ဉာဏ်ဆိုတာ ဒီလိုပဲ။ ပြောရမယ်ဆို ပိုပြီး မီးတောက်စေမဲ့ ကောက်ရိုးတွေ လိုပဲ။
အကြံတွေက မီးပွားလေးတွေ ဖြစ်ပြီး အကြာကြီး မခံပေမဲ့၊ ဉာဏ်က အဲ့ဒီ မီးပွားလေးတွေကို ထပ်ပွားစေပြီးတော့ ကြီးပွားစေတယ်။ တကယ်လို့ သစ်သားချောင်းတွေ ဆိုရင် ပိုပြီးတော့ ထိန်းသိမ်းထားနိုင် စေတယ်။
အကြံပဲ ရှိပြီး ဉာဏ်မရှိတဲ့သူ တယောက်ဟာ ခဏတာ ကောင်းစားတယ်။ ဉာဏ်ရှိပြီး အကြံ မရှိတဲ့သူ ဟာလည်း မီးတောက်ဖို့အလားအလာ မရှိတဲ့ ကောက်ရိုးပုံကြီးလိုပဲ မထက်မြက်ဘူး။
ဒါကြောင့် လောကမှာ အကြံရှိသူတွေက ဉာဏ်ရှိသူတွေကို သွားရောက် ခစားကြသတဲ့။ ကဲ အကြံနဲ့ ဉာဏ်ရဲ့ ခြားနားချက်ကို မြင်ပြီ မဟုတ်လား" phoomyatchal
0 Comments