သူဌေးအိမ်မှာ အိမ်ဖော် လုပ်နေရတဲ့ ကောင်မလေးကို နယ်က သူ့အမေက ဖုန်းဆက်ရင်း မေးတယ်။ သမီးလေး အလုပ် လုပ်ရအဆင် ပြေရဲ့လား"
"ဟုတ်ကဲ့ အမေ။ သမီး အဆင်ပြေပါတယ် သူဌေး လင်မယားကလည်း သဘောအရမ်း ကောင်းကြတယ်" တဲ့။ သူဌေးကတော် ခေါက်လို့ ဖူးနေတဲ့ ခေါင်းလေးကို ပွတ်ရင်း ဖြေတယ်။
"မောင်တိုးရေ မင်းအမေ ဖုန်းဆက်တယ် လာပြောလိုက်ဦး" စားပွဲထိုးလေး မောင်တိုး ဆေးလက်စ ပန်းကန်တွေ ပစ်ချပြီး ပြေးသွားတယ်။ "သား လူလေး နေကောင်းလား။ အဆင်ပြေလား သားလေး"
"အင်း အမေ ပြေတယ်။ စားသောက်ဆိုင် ဆိုတော့ မုန့်တွေလည်း အများကြီး စားရတယ် အမေရဲ့" မနက်ကတည်းက ဘာမှ မစားရ သေးလို့ တဂွီဂွီ မြည်နေတဲ့ ဗိုက်က အသံကို အမေ ကြားသွားမလား လို့တော့ စိုးရိမ်မိသား။
လိမ်ညာခြင်းဟာ မကောင်းကြောင်း လောက နီတိတွေကို သင်ပြီး ပြန်လာတဲ့ ကျောင်းဆရာမလေးဟာ မိုးချုပ်လို့ အိမ်နဲ့ ဖုန်းပြောတဲ့အခါ ဗွက်တောထဲ လမ်းလျှောက် သွားရတဲ့ ဒုက္ခတွေ မသိတော့ဘူး။
အိမ်ဖို့ လစာ မလောက်မှာစိုးလို့ အသီးရွက်ကြော်နဲ့ ဘဲဥပဲ အမြဲစားနေရတဲ့ ဒုက္ခတွေ မရှိတော့ဖူး။ နယ်မြေက မငြိမ်းချမ်းလို့ ကျီးလန့်စာ စားနေ ရတဲ့ သောကတွေကို မေ့ပြီး "အဆင်ပြေပါတယ် အမေ" လို့ ညာမိပြန်တယ်။
ဘဝမှာ လူတကာကို အကြိမ်ကြိမ် ညာဖူး လိမ်ဖူးကြပေမယ့် အဝေးရောက် သားသမီးတွေရဲ့ ကိုယ့်ရဲ့ လက်တလော ဒုက္ခတွေ သောကတွေကို မေ့ပြီး မိဘတွေ စိတ်ချမ်းသာဖို့ အတွက်
"အဆင်ပြေပါတယ် အဖေ" "အဆင်ပြေပါတယ် အမေ" လို့ ညာရတဲ့ အချိန်တွေက အခမ်းနားဆုံးနဲ့ ကျေနပ်ရဆုံး အချိန်တွေ ပါပဲ။ Crd
Zawgyi
အခမ္းနားဆုံး မုသားစကားမ်ား
သူေဌးအိမ္မွာ အိမ္ေဖာ္ လုပ္ေနရတဲ့ ေကာင္မေလးကို နယ္က သူ႔အေမက ဖုန္းဆက္ရင္း ေမးတယ္။ သမီးေလး အလုပ္ လုပ္ရအဆင္ ေျပရဲ႕လား" "ဟုတ္ကဲ့ အေမ။ သမီး အဆင္ေျပပါတယ္ သူေဌး လင္မယားကလည္း သေဘာအရမ္း ေကာင္းၾကတယ္" တဲ့။ သူေဌးကေတာ္ ေခါက္လို႔ ဖူးေနတဲ့ ေခါင္းေလးကို ပြတ္ရင္း ေျဖတယ္။
"ေမာင္တိုးေရ မင္းအေမ ဖုန္းဆက္တယ္ လာေျပာလိုက္ဦး" စားပြဲထိုးေလး ေမာင္တိုး ေဆးလက္စ ပန္းကန္ေတြ ပစ္ခ်ၿပီး ေျပးသြားတယ္။ "သား လူေလး ေနေကာင္းလား။ အဆင္ေျပလား သားေလး"
"အင္း အေမ ေျပတယ္။ စားေသာက္ဆိုင္ ဆိုေတာ့ မုန႔္ေတြလည္း အမ်ားႀကီး စားရတယ္ အေမရဲ႕" မနက္ကတည္းက ဘာမွ မစားရ ေသးလို႔ တဂြီဂြီ ျမည္ေနတဲ့ ဗိုက္က အသံကို အေမ ၾကားသြားမလား လို႔ေတာ့ စိုးရိမ္မိသား။
လိမ္ညာျခင္းဟာ မေကာင္းေၾကာင္း ေလာက နီတိေတြကို သင္ၿပီး ျပန္လာတဲ့ ေက်ာင္းဆရာမေလးဟာ မိုးခ်ဳပ္လို႔ အိမ္နဲ႔ ဖုန္းေျပာတဲ့အခါ ဗြက္ေတာထဲ လမ္းေလွ်ာက္ သြားရတဲ့ ဒုကၡေတြ မသိေတာ့ဘူး။
အိမ္ဖို႔ လစာ မေလာက္မွာစိုးလို႔ အသီး႐ြက္ေၾကာ္နဲ႔ ဘဲဥပဲ အၿမဲစားေနရတဲ့ ဒုကၡေတြ မရွိေတာ့ဖူး။ နယ္ေျမက မၿငိမ္းခ်မ္းလို႔ က်ီးလန႔္စာ စားေန ရတဲ့ ေသာကေတြကို ေမ့ၿပီး "အဆင္ေျပပါတယ္ အေမ" လို႔ ညာမိျပန္တယ္။
ဘဝမွာ လူတကာကို အႀကိမ္ႀကိမ္ ညာဖူး လိမ္ဖူးၾကေပမယ့္ အေဝးေရာက္ သားသမီးေတြရဲ႕ ကိုယ့္ရဲ႕ လက္တေလာ ဒုကၡေတြ ေသာကေတြကို ေမ့ၿပီး မိဘေတြ စိတ္ခ်မ္းသာဖို႔ အတြက္ "အဆင္ေျပပါတယ္ အေဖ" "အဆင္ေျပပါတယ္ အေမ" လို႔ ညာရတဲ့ အခ်ိန္ေတြက အခမ္းနားဆုံးနဲ႔ ေက်နပ္ရဆုံး အခ်ိန္ေတြ ပါပဲ။ Crd
0 Comments