အချောင်ခိုသောမြည်း

တခါက ဆားကုန်သည် တယောက်မှာ ဆားတွေ သယ်ဖို့ အတွက် မြည်းတကောင် ရှိသတဲ့။ သူဟာ မြည်းပေါ်ကို ဆားတွေ တင်ပြီး နေရာအနှံ့ လိုက်ရောင်း ပါတယ်။

တနေ့တော့ ရွာတရွာကို ဆားသွားရောင်းဖို့ ချောင်းတခုကို ကူးဖြတ် ရတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့ မြည်းဟာ ချော်လဲ သွားပြီး ဆားတွေဟာ အရည်တွေ ပျော်ကုန် တော့တယ်။ မြည်းဟာ သူ့ကျောကုန်းပေါ်က ဆားတွေ ပေါ့ပါးသွားလို့ ပျော်ရွှင်နေ သတဲ့။

နောက်ခရီးတခုမှာ မြည်းက သိသိနဲ့ (တမင်သက်သက်) ချောင်းထဲမှာ လှဲချခဲ့တယ်။ ကုန်သည်က မြည်းရဲ့ ရည်ရွယ်ချက်ကို သံသယ ဝင်လာတယ်။ နောက်နေ့ မှာလည်း မြည်းက တမင်သက်သက် အဲဒီအကွက်ကို ထပ်သုံးခဲ့တယ်။

သူ့သခင်က မြည်းရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ကို သေချာ သိသွားခဲ့တယ်။ နောက်နေ့ မှာတော့ ကုန်သည်ဟာ မြည်းပေါ်ကို ဝါဂွမ်းထုပ်တွေ တင်လိုက်တယ်။

မြည်းက သူ့အကွက်ကို ထပ်မံ ပြုလုပ်ရန် ချောင်းထဲမှာ ချော်လဲချင်ယောင် ဆောင်ခဲ့တယ်။ ဒီတခါတော့ အထုပ်တွေက ဝါဂွမ်းထုပ်တွေ ဆိုတော့ အရမ်း လေးလံ သွားခဲ့တယ်။

မြည်းက အရမ်းလေးတဲ့ အထုပ်တွေကို သယ်ခဲ့ရတယ်။ ရှေ့ဆက်ဖို့ကိုတောင် တော်တော် အားစိုက်ခဲ့ ရတယ်။ မြည်းဟာ သူ့အမှားကို နားလည် သွားခဲ့တယ်။ မြည်းဟာ နောက် ဘယ်တော့မှ ချောင်းထဲ မပြုတ်ကျတော့ ပါဘူး။

လှည့်စားတာ မကောင်းမှန်း မြည်းက တွေးသိလာ ခဲ့တယ်။ ကုန်သည်က မြည်းကို သင်ခန်းစာကောင်း တခု ပေးလိုက်တာပါ။

သင်ခန်းစာ။ ။ လူတယောက်ကို တကြိမ် နှစ်ကြိမ်တော့ ညာလို့ ရမယ်။ ဒါပေမယ့် အမြဲတော့ မရဘူး။ Crd

Zawgyi

အေခ်ာင္ခိုေသာျမည္း

တခါက ဆားကုန္သည္ တေယာက္မွာ ဆားေတြ သယ္ဖို႔ အတြက္ ျမည္းတေကာင္ ရွိသတဲ့။ သူဟာ ျမည္းေပၚကို ဆားေတြ တင္ၿပီး ေနရာအႏွံ႔ လိုက္ေရာင္း ပါတယ္။

တေန႔ေတာ့ ႐ြာတ႐ြာကို ဆားသြားေရာင္းဖို႔ ေခ်ာင္းတခုကို ကူးျဖတ္ ရတယ္။ အဲ့ဒီအခ်ိန္မွာ သူ႔ရဲ႕ ျမည္းဟာ ေခ်ာ္လဲ သြားၿပီး ဆားေတြဟာ အရည္ေတြ ေပ်ာ္ကုန္ ေတာ့တယ္။ ျမည္းဟာ သူ႔ေက်ာကုန္းေပၚက ဆားေတြ ေပါ့ပါးသြားလို႔ ေပ်ာ္႐ႊင္ေန သတဲ့။

ေနာက္ခရီးတခုမွာ ျမည္းက သိသိနဲ႔ (တမင္သက္သက္) ေခ်ာင္းထဲမွာ လွဲခ်ခဲ့တယ္။ ကုန္သည္က ျမည္းရဲ႕ ရည္႐ြယ္ခ်က္ကို သံသယ ဝင္လာတယ္။ ေနာက္ေန႔ မွာလည္း ျမည္းက တမင္သက္သက္ အဲဒီအကြက္ကို ထပ္သုံးခဲ့တယ္။

သူ႔သခင္က ျမည္းရဲ႕ မေကာင္းတဲ့ ရည္႐ြယ္ခ်က္ကို ေသခ်ာ သိသြားခဲ့တယ္။ ေနာက္ေန႔ မွာေတာ့ ကုန္သည္ဟာ ျမည္းေပၚကို ဝါဂြမ္းထုပ္ေတြ တင္လိုက္တယ္။

ျမည္းက သူ႔အကြက္ကို ထပ္မံ ျပဳလုပ္ရန္ ေခ်ာင္းထဲမွာ ေခ်ာ္လဲခ်င္ေယာင္ ေဆာင္ခဲ့တယ္။ ဒီတခါေတာ့ အထုပ္ေတြက ဝါဂြမ္းထုပ္ေတြ ဆိုေတာ့ အရမ္း ေလးလံ သြားခဲ့တယ္။

ျမည္းက အရမ္းေလးတဲ့ အထုပ္ေတြကို သယ္ခဲ့ရတယ္။ ေရွ႕ဆက္ဖို႔ကိုေတာင္ ေတာ္ေတာ္ အားစိုက္ခဲ့ ရတယ္။ ျမည္းဟာ သူ႔အမွားကို နားလည္ သြားခဲ့တယ္။ ျမည္းဟာ ေနာက္ ဘယ္ေတာ့မွ ေခ်ာင္းထဲ မျပဳတ္က်ေတာ့ ပါဘူး။

လွည့္စားတာ မေကာင္းမွန္း ျမည္းက ေတြးသိလာ ခဲ့တယ္။ ကုန္သည္က ျမည္းကို သင္ခန္းစာေကာင္း တခု ေပးလိုက္တာပါ။သင္ခန္းစာ။ ။ လူတေယာက္ကို တႀကိမ္ ႏွစ္ႀကိမ္ေတာ့ ညာလို႔ ရမယ္။ ဒါေပမယ့္ အၿမဲေတာ့ မရဘူး။ Crd

Post a Comment

0 Comments