သင် ရွေးချယ်လိုက်တဲ့ပုံကနေ သိနိုင်မယ့် သင့်အကြောင်း

လူတိုင်းမှာ မတူညီတဲ့အမြင်တွေ၊ သဘောထားခံယူချက်တွေ ရှိနေနိုင်ပါတယ်။ အဲဒါကြောင့် လောကကို ရှုမြင်ပုံကလည်း ကွဲပြားသွားပါတယ်။ မတူညီတဲ့အမြင်တွေကနေ သင့်ရဲ့အကြောင်းကို သိရှိနိုင်ပါတယ်။

သင်က ပုံ ၁ ကို ရွေးချယ်သူဆိုရင် သင်က ကံစီမံရာကို လက်ခံတတ်သူတစ်ယောက်ပါ။ အခြေအနေကို မပြောင်းလဲနိုင်တော့ဘူးဆိုရင် စွန့်လွှတ်ဖို့နည်းလမ်းကို ရွေးချယ်တတ်ပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေတွေကိုလည်း အမှန်အတိုင်းလက်ခံတတ်ပါတယ်။ ငြင်းခုံစရာကိစ္စတွေကို သင့်ဘက်က ဘယ်တော့မှ မစတတ်ပါဘူး။ ငြင်းခုံရတာ၊ စကားများရတာတွေက သင့်ကို အရမ်းဝမ်းနည်းစေတာကြောင့် ရှောင်လေ့ရှိပါတယ်။

သင့်မှာ ကြင်နာတတ်တဲ့နှလုံးသား ရှိပြီး ရိုးသားမှုကို တန်ဖိုးအထားဆုံးပါ။ သင့်ရဲ့ကံကြမ္မာကို သင်ကိုယ်တိုင်ပဲ ဖန်တီးနိုင်တယ်ဆိုတာတော့ မမေ့သင့်ပါဘူးနော်။

သင်က ပုံ ၂ကို ရွေးချယ်သူဆိုရင်တော့ ဘယ်ကိစ္စကိုမဆို အလောတကြီးလုပ်တတ်တဲ့သူပါ။ အဲဒါကြောင့် တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင် သေချာခွဲခြမ်းစိတ်ဖြာစဉ်းစားပြီးမှာ ဆုံးဖြတ်သင့်ပါတယ်။

သင်က ခေါင်းမာတတ်သူဖြစ်ပြီး အတိတ်မှာကျန်ခဲ့တဲ့အရာတွေကို ဘယ်တော့မှ ဝမ်းနည်းနေသူမဟုတ်ပါဘူး။ သင့်ရဲ့ဆုံးဖြတ်ချက်တွေအတွက်လည်း အပြည့်အဝ တာဝန်ယူတတ်သူပါ။

ပုံ ၃ ကိုရွေးချယ်လိုက်ရင်တော့ သင်က တကယ်ကို စိတ်ဓာတ်ခိုင်မာသူပါ။ ဘယ်တော့မှ လွယ်လွယ်ကူကူ အလျှော့မပေးတတ်ပါဘူး။

ယုံကြည်ရတဲ့အရာတွေ၊ ရရှိထားတဲ့အရာတွေကို အဆုံးစွန်အထိ ကာကွယ်ပါတယ်။ သင့်ဆီမှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းတွေ အများကြီး ရှိနေပါတယ်။

ပုံ ၄ ကို ရွေးချယ်တတ်သူဆိုရင်တော့ သင်က စွန့်လွှတ်အနစ်နာခံတတ်သူပါ။ ကိုယ်ချင်းစာစိတ်ကို အမြဲမွေးမြူထားတတ်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာတတ်ပြီး သင့်ရဲ့ဆုံးဖြတ်ချက်တွေက အမြဲတမ်းအကောင်းဆုံးဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် မတူညီတဲ့အမြင်တွေကလည်း ပိုမိုကောင်းမွန်တွေ အရာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments