သင့်အိမ်မှာ ကြောင်အချင်းချင်း မတည့်ဘူးဆိုရင် ဒီနည်းလမ်း (၅) ခုကို အသုံးပြုပါ

သင့်အိမ်မှာ ကြောင်လေးတွေက ခဏခဏရန်ဖြစ်တာ၊ ပစ္စည်းတွေကို တိုက်ချတာ၊ ကိုက်ပစ်တာတို့ ပြုလုပ်မယ်ဆိုရင် အရမ်းကို စိတ်ညစ်ရမှာပါ။ ဒါပေမယ့် စိတ်ရှည်မှုက အဓိကပါပဲ။ အိမ်မှာ ကြောင်လေးတွေ ထိန်းမရဘူးဆိုရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ကြောင်လေးတွေအတွက် သီးသန့်နေရာထားပေးပါ။

ကြောင်လေးတွေအတွက် သီးသန့်နေရာမရှိတဲ့အခါ သူတို့က တွေ့တဲ့နေရာမှာ ဆော့တတ်ပါတယ်။ သီးသန့်နေရာထားပြီး အရုပ်တွေ၊ သူတို့ရဲ့အိမ်ရာတွေ၊ ကြောင်သစ်ပင်တွေကို ထားပေးပါ။

သူတို့အတွက် အခန်းသပ်သပ်ရှိတာကို နားလည်သွားပြီး အဲဒီအခန်းထဲမှာပဲ ဆော့တာ၊ အိပ်တာ၊ အနားယူတာတို့ ပြုလုပ်တာကြောင့် အခြားသောအိမ်မွေးတိရစ္ဆာန်တွေနဲ့ ရန်ဖြစ်မှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။

၂။ ကြောင်အချင်းချင်း တည့်အောင် မညှိနှိုင်းပေးလည်း ရပါတယ်။

ကြောင်တွေက အချင်းချင်းတွေ့လိုက်တာနဲ့ ရန်ဖြစ်တာ၊ ကုတ်ဖဲ့တာတို့ ပြုလုပ်တတ်ပါတယ်။ အဲဒါကြောင့် သူတို့ကို နေရာခွဲထားတာ အကောင်းဆုံးပါ။

ဒါမှမဟုတ် အခန်းတစ်ခုထဲမှာဆိုရင်လည်း စင်လေးတွေ ခွဲထားလို့ရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ဘာသာ နယ်မြေသတ်မှတ်ပြီးတော့ ရန်ဖြစ်တာတွေ လျော့ပါးသွားမှာပါ။

၃။ အစားအစာတွေကို နေရာခွဲပြီး ကျွေးပါ။

ကြောင်တွေက အစားအစာတွေ စားရင်းနဲ့လည်း ရန်ဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် အစားကျွေးတော့မယ်ဆိုရင် အချင်းချင်းမမြင်ရင်အောင် နံရံခြားတာ သို့မဟုတ် နေရာခွဲပြီး ကျွေးတာတို့ ပြုလုပ်နိုင်ပါတယ်။ အဲဒါဆိုရင် အစာလုစားပြီးရန်ဖြစ်တဲ့ဘေးကနေလည်း ကင်းဝေးသွားမှာပါ။

၄။ အတူတူကစားပေးပါ။

ကြောင်လေးတွေရဲ့ဘဝမှာ အရေးကြီးဆုံးအရာသုံးခုက အစားအစာ၊ ကစားတာနဲ့ ချစ်ခြင်းမေတ္တာပါ။ ကြောင်လေးတွေက လူတွေရဲ့ဂရုစိုက်ကြင်နာမှုကို အရမ်းတောင့်တကြပါတယ်။

အဲဒါကြောင့် ကြောင်လေးတွေနဲ့အတူတူကစားပေးရင် သူတို့အတွက် စိတ်ဖိစီးမှုတွေလည်း လျော့နည်းသွားမှာပါ။ ဒါပေမယ့် မတည့်တဲ့ကြောင်အချင်းချင်းကိုတော့ အတူတူမကစားခိုင်းသင့်ပါဘူး။

၅။ မတည့်တဲ့ကြောင်တွေကို ဒီတိုင်းပဲ ထားလိုက်ပါ။

ကြောင်တွေက အညှိုးအတေးကြီးတာကြောင့် မတည့်ဘူးဆိုရင် ပြန်အဆင်ပြေဖို့ ခက်ပါတယ်။ အဲဒါကြောင့် သူတို့အချင်းချင်း ချစ်ခင်အောင်ပြုလုပ်ပေးလည်း အလဟဿပဲဖြစ်နေမှာပါ။

အချို့သောကြောင်တွေက ကြောင်အချင်းချင်းမိတ်ဆွေမဖွဲ့လိုဘဲ သီးသန့်ပဲ နေလိုကြပါတယ်။ အဲဒါကြောင့် မတည့်တဲ့ကြောင်တွေကို ဒီတိုင်းပဲ ထားလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments