မျက်နှာမှာ အဆီဖုတွေ ထွက်လာရတဲ့အကြောင်းအရင်းတွေနဲ့ အဆီဖုတွေ လျော့ပါးစေမယ့်နည်းလမ်း (၄) ခု

အဆီဖုတွေက မွေးကင်းစလေးတွေမှာတောင် ပေါက်လေ့ရှိပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ ပိုပြီး ဖြစ်ပေါ်တတ်ပါတယ်။ အဆီဖုတွေ မျက်နှာမှာ ပေါက်နေရင် စိတ်ညစ်စရာမလိုတော့ပါဘူးနော်။ မျက်နှာက အဆီဖုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆီဖုလေးတွေကို milla လို့ခေါ်ကြပါတယ်။ မျက်နှာမှာ အဆီဖုတွေက မျက်လုံးတစ်ဝိုက်၊ မေးစေ့တစ်ဝိုက်၊ နဖူး၊ ပါးနဲ့ နှာခေါင်းမှာ ပေါက်လေ့ရှိပါတယ်။ အချို့က အဆီဖုကို ဝက်ခြံလို့ထင်ကြပါတယ်။ ဝက်ခြံက ဟော်မုန်းကြောင့် ဖြစ်ပေါ်လာတာပါ။

မျက်နှာမှာ အဆီဖုတွေ ပေါက်လာရတဲ့အကြောင်းအရင်းများ

အသားအရေကို ဂရမစိုက်ခြင်း၊ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို လိုတာထက်ပိုသုံးခြင်းတို့ကြောင့် မျက်နှာမှာ အဆီဖုပေါက်လာပါတယ်။

နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဆဲလ်သေတွေက စုလာပြီး ချွေးပေါက်ပိတ်တာကြောင့် အဆီဖုတွေ ပေါက်လာတာပါ။ မျိုးရိုးဗီဇကြောင့်လည်း အဆီဖုတွေ ပေါက်တတ်ပါတယ်။

အဆီဖုတွေ ပေါက်လာရင် ဘယ်လိုပြုလုပ်သင့်လဲ။

အဆီဖုတွေက အန္တရာယ်တော့မရှိပါဘူး။ ဒါပေမယ့် အဆီဖုနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ အလှအပရေးရာဆရာဝန်နဲ့ ပြသလို့ရပါတယ်။ အဆီဖုတွေကို လျော့ပါးသွားစေမယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။

၁။ အသားအရေကို ရေဓာတ်ဖြည့်ပါ။

Sunscreen နဲ့ moisturizer ကို ပုံမှန်အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဒီပစ္စည်းတွေက အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပြီး နူးညံ့ချောမွေ့လာစေမှာပါ။ ဆောင်းရာသီနဲ့ အိမ်ထဲမှာနေတဲ့အချိန်တွေတောင် sunscreen လိမ်းဖို့ မမေ့သင့်ပါဘူး။

၂။ အသားအရေကို ကြေးချွတ်ပါ။

အသားအရေကို ကြေးချွတ်သင့်ပေမယ့် အလွန်အကျွံတော့ မပြုလုပ်သင့်ပါဘူး။ နူးညံ့တဲ့ scrub တွေနဲ့ အသားအရေကို ကြေးချွတ်ပေးရင် အဆီဖုတွ လျော့ပါးသွားမှာပါ။ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပြီးသားဖြစ်တာကြောင့် ချွေးပေါက်ပိတ်ပြီး အဆီဖုတွေ ပေါက်လာမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

၃။ Retionl

Retionl cream က အသားအရေကို ချောမွေ့စေပြီး အဆီဖုတွေ ထွက်မလာအောင် ကာကွယ်ပေးပါတယ်။ ဒါပေမယ့် retionol ပါဝင်တဲ့အချို့ပစ္စည်းတွေက အသားအရေကို ပိုကြမ်းသွားစေတာကြောင့် ဂရုပြုသင့်ပါတယ်။

၄။ Salicylic acid

Salicylic acid ကို ဝက်ခြံကို ကုစားဖို့အတွက်လည်း အသုံးပြုကြပါတယ်။ အဆီဖုအတွက်လည်း Salicylic acid ကို အသုံးပြုနိုင်ပါတယ်။ Salicylic acid ကို အိပ်ရာမဝင်ခင်မှာ အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments