ခြေထောက်မှာ သွေးကြောထုံးတာကို သက်သာသွားစေမယ့် အလွယ်ဆုံးနည်းလမ်း (၆) ခု

သွေးကြောထုံးတာကို လူအများစုက ကြုံတွေ့ခံစားရတတ်ပါတယ်။ ခြေထောက်မှာ သွေးကြောထုံးတာတွေက အချိန်ကြာပေမယ့် မပျောက်သွားတတ်ပါဘူး။

ဒါပေမယ့် ဆေးကုသမှုနဲ့ နေထိုင်မှုပုံစံ ပြောင်းလိုက်တဲ့အခါမှာ ခြေထောက်က သွေးကြောထုံးတာတွေက သက်သာသွားမှာပါ။

၁။ ခြေထောက်နှစ်ဖက်ကြားမှာ ခေါင်းအုံးကို ထားအိပ်ပါ။

သင်က ဘေးကိုစောင်းပြီး အိပ်တတ်သူဆိုရင် ခေါင်းအုံးတလုံးကို ဒူးနှစ်ဖက်ကြားမှာ ထားပြီး အိပ်ပါ။ ဒီနည်းက ကိုယ်နေဟန်ထားကိုလည်း မှန်ကန်စေပါတယ်။ ခါးနာတာကိုလည်း သက်သာစေပါတယ်။

ခြေထောက်နှစ်ဖက်ကြားမှာ ခေါင်းအုံးထားပြီးအိပ်တာကသွေးလည်ပတ်မှုကို တိုးတက်စေတာကြောင့် ခြေထောက်မှာ သွေးကြောထုံးတာလည်း သက်သာသွားမှာပါ။

၂။ ပွပွချောင်ချောင်အဝတ်အစားတွေကို ရွေးချယ်ပါ။

တင်းကြပ်ပြီးတော့ ကိုယ်ခန္ဓာနဲ့ ကွက်တိကျတဲ့အဝတ်အစားတွေက ဆွဲဆောင်မှုရှိပေမယ့် ကျန်းမာရေးနဲ့တော့ မကိုက်ညီပါဘူး။ တင်းကျပ်တဲ့အဝတ်အစားတွေက သွေးစီးဆင်းတာကို ညှစ်ထားသလို ဖြစ်တာကြောင့် သွေးကြောထုံးတာ ပိုဆိုးလာမှာပါ။

အဲဒါကြောင့် ခြေထောက်သွေးကြောထုံးတာတွေ လျော့ပါးသွားဖို့ ပွပွချောင်ချောင်အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။

၃။ ခြေထောက်ကို မြှောက်ထားပါ။

ခြေထောက်ကို မြှောက်ထားတဲ့လေ့ကျင့်ခန်းက သွေးကြောထုံးတာကို သက်သာစေတဲ့ အထိရောက်ဆုံးနည်းလမ်းပါ။ ခြေထောက်ကို နံရံမှာ မြှောက်ထားလို့သလို ထိုင်ခုံအမြင့်တစ်လုံးပေါ်မှာ တင်ထားပြီးတော့လည်း မြှောက်ထားလို့ရပါတယ်။

ခြေထောက်ကို မြှောက်ထားတဲ့လေ့ကျင့်ခန်းက ခြေထောက်ရောင်ရမ်းတာကို သိသိသာသာသက်သာစေပြီး ပင်ပန်းနွမ်းနယ်နေတာကိုလည်း လျော့ပါးစေပါတယ်။

၄။ ဒေါက်မြင့်ဖိနပ်တွေကို ရှောင်ပါ။

သင်က ခြေထောက်သွေးကြောထုံးတာကို ခံစားနေရသူဆိုရင်တော့ ဒေါက်မြင့်ဖိနပ်တွေ စီးတာကို ခဏတာလောက် ရှောင်ထားသင့်ပါတယ်။ ဒေါက်မြင့်ဖိနပ်ကို နေ့စဉ်စီးတဲ့အခါမှာ ခြေထောက်သွေးကြောထုံးတာက ပိုပိုဆိုးလာမှာပါ။

ဒေါက်မမြင့်ဘဲ စတိုင်လ်ကျလှပတဲ့ဖိနပ်တွေက ခြေသလုံးကြွက်သားတွေအတွက် ကောင်းမွန်စေသလို သွေးကြောထုံးတာလည်း သက်သာသွားမှာပါ။

၅။ လှေကားကိုသာ ရွေးချယ်ပါ။

ဓာတ်လှေကား၊ စက်လှေကားတွေက သင့်အတွက် ပင်ပန်းတာ သက်သာပေမယ့် ရိုးရိုးလှေကားကိုသာ ရွေးချယ်သင့်ပါတယ်။ ရိုးရိုးလှေကားနဲ့ တက်တာက ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ခြေထောက်ရောင်ရမ်းတာကိုလည်း လျော့ပါးသွားစေမှာပါ။

၆။ ဆားနဲ့ ရေချိုးပါ။

ရေချိုးကန်ထဲမှာ ရေစိမ်ပြီး ချိုးတဲ့အခါ ဆားအနည်းငယ်ကို ထည့်ပြီး ရေချိုးပါ။ သွေးကြောထုံးတာကြောင့် ခြေထောက်ရောင်ရမ်းတာကို ဆားက သက်သာစေပါတယ်။ ဆားနဲ့ ရေချိုးတာက သွေးလည်ပတ်မှုကို တိုးတက်စေတာကြောင့် သွေးကြောထုံးတာလည်း နည်းပါးသွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments