အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံက အားနည်းလာပါတယ်။ ဒါ့အပြင် screen time များတဲ့အခါမှာ မျက်လုံးက ပုံမှန်ထက်ကို ပင်ပန်းလာတတ်ပါတယ်။ အဲဒါကြောင့် ပင်ပန်းနေတဲ့မျက်လုံးကို အနားပေးနိုင်မယ့်လေ့ကျင့်ခန်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အနီးနဲ့ အဝေးက အရာဝတ္တုတွေကိုကြည့်ပါ။
ဒီလေ့ကျင့်ခန်းကို ထိုင်ပြီးလုပ်လို့ရသလို မတ်တပ်ရပ်ပြီးတော့လည်း လုပ်လို့ရပါတယ်။ လက်မကို မျက်နှာနဲ့ ၁၀ အကွာမှာထားပြီး ၁၅ စက္ကန့်ကြာ စိုက်ကြည့်ပါ။
အဲဒီနောက် ပေ ၂၀ အကွာလောက်က အရာဝတ္တုကို ၁၅ စက္ကန့်ကြာ အာရုံစိုက်ကြည့်ပါ။ နောက်ဆုံးမှာတော့ သင့်အနီးအနားက သစ်ပင်၊ အဆောက်အဦး စတဲ့အရာတွေကို ၁၀ စက္ကန့်ကြာ ကြည့်ပါ။
၂။ မျက်လုံးကို ဘယ်ညာရွေ့ပြီး ကြည့်ပါ။
ခေါင်းကို မစောင်းသွားဘဲ မျက်လုံးကို ဘယ်ဘက်ကို ရွေ့ကြည်လိုက်၊ ညာဘက်ကို ရွေ့ကြည့်လိုက် လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၅ ခါနှုန်းနဲ့ ၃ ကြိမ်ပြုလုပ်ပါ။
၃။ အပေါ်အောက် ကြည့်ပါ။
ခေါင်းကို မရွေ့သွားဘဲ မျက်လှံးကိုအပေါ်လှန်ကြည့်လိုက်၊ အောက်ကိုစိုက်ကြည့်လိုက် ပြုလုပ်ပါ။ တစ်ခါလုပ်ရင် ၅ ခါနှုန်းနဲ့ ၃ ကြိမ်ပြုလုပ်ပေးပါ။
၄။ မျက်လုံးထောင့်ကို ကြည့်ပါ။
ဒီတစ်ခါမှာတော့ မျက်လုံးကို ဘယ်ဘက်ထောင့်ကို ကပ်ပြီး ကြည့်ရမှာပါ။ အဲဒီနောက် မျက်လုံးကို ညာဘက်ထောင့်ကို ကပ်ပြီး ကြည့်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၅ ခါနှုန်းနဲ့ ၃ ကြိမ်ပြုလုပ်ပေးပါ။
၅။ စက်ဝိုင်းပုံစံ
မျက်လုံးကို နာရီလက်တံလည်တဲ့အတိုင်း ဖြည်းဖြည်းချင်း လည့်ပေးပါ။ အဲဒီနောက် မျက်လုံးကို နာရီလက်တံပြောင်းပြန်လည်တဲ့အတိုင်း ဖြည်းဖြည်းချင်း လည်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်ကြိမ်လည်ရင် ၁၀ ပတ်နှုန်းနဲ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
၆။ မျက်တောင်ခတ်ခြင်း
မျက်တောင်ကို ၂ မိနစ်ကြာအောင် ဖြည်းဖြည်းချင်း ခတ်ပေးပါ။
၇။ မျက်လုံးကို လက်ဝါးနဲ့အုပ်ခြင်း
လက်ဖဝါးနှစ်ဖက်ကို နွေးလာအောင်ပွတ်လိုက်ပြီး မျက်လုံးပေါ်ကို အုပ်ပေးပါ။ မျက်လုံးကို မှိတ်ထားပြီးတော့ အသက်ကို ပြင်းပြင်းရှူပေးပါ။ ဒီလေ့ကျင့်ခန်းကို ၅ မိနစ်ကြာအောင် ပြုလုပ်ပေးလို့ရပါတယ်။
၈။ ၂၀/ ၂၀/ ၂၀ နည်းလမ်း
သင်က ကွန်ပျူတာနဲ့ တစ်နေကုန်နီးပါးအလုပ်လုပ်ရသူဆိုရင် မိနစ် ၂၀ အလုပ်လုပ်ပြီးတိုင်း ပေ ၂၀ ခန့်ကို စက္ကန့် ၂၀ ကြာအောင် လမ်းလျှောက်ပါ။ ဒီလေ့ကျင့်ခန်းကတော့ မျက်လုံးအတွက် အများကြီး အနားရစေပါတယ်။
မျက်လုံးကို အကျိုးပြုတဲ့အသီးအနှံများ
ချေမွထားတဲ့ မုန်လာဥနီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ကြက်ဥအကာတစ်လုံးနဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေပါ။ ရလာတဲ့အနှစ်ကို မျက်လုံးတစ်ဝိုက်မှာ လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ကြာပြီးရင် ရေဆေးချလိုက်လို့ရပါပြီ။
အခုဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေကတော့ ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးကို အနားရစေပါတယ်။ မျက်လုံးက ကြာရှည်ကြည့်လို့မကောင်းတာ၊ အဝေးတစ်နေရာရာကို ကြည့်ရင်းနဲ့ မူးလာတာတို့ ကြုံတွေ့ရတဲ့အခါမှာတော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Zombie (lovemedia)
0 Comments