လည်ချောင်းနာတာကို အချိန်တိုအတွင်း သက်သာစေမယ့်နည်းလမ်း (၈) ခု

ရာသီဥတုအကူးအပြောင်းကာလမှ လည်ချောင်းနာတာကို ခံစားရလေ့ရှိပါတယ်။ လည်ချောင်းနာတာက တစ်ခါတရံမှာ အရမ်းဆိုးဝါးသွားတတ်ပါတယ်။

အဲဒါကြောင့် လည်ချောင်းနာတာကို အချိန်တိုအတွင်း သက်သာစေမယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပျားရည်စားပါ။

ပျားရည်အနည်းငယ်ကို ရေနွေးထဲမှာ ထည့်ပြီး သောက်လို့ရသလို ပျားရည်ကို ဒီတိုင်း စားလိုက်လို့လည်း ရပါတယ်။ ပျားရည်က အနာကျက်မြန်စေပါတယ်။ ဒါ့အပြင် ပျားရည်က လည်ချောင်းနာတာကိုလည်း အချိန်တိုအတွင်း ပျောက်ကင်းစေပါတယ်။

၂။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။

ဆားရည်နဲ့ ပလုတ်ကျင်းတာက လည်ချောင်းက ရှင်းသွားစေပါတယ်။ ရေတစ်ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ပလုတ်ကျင်းပါ။ ၃ နာရီခြားတစ်ခါ ဆားရည်နဲ့ ပလုပ်ကျင်းပေးနိုင်ပါတယ်။

၃။ ချာမိုမိုင်း

ချာမိုမိုးရေနွေးကြမ်းက အအေးမိတာ၊ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။ ချာမိုမိုင်းရေနွေးကြမ်းထဲကို ပုဝါနှစ်လိုက်ပြီး အဲဒီပုဝါကို လည်ပင်းမှာ ကပ်ထားပေးပါ။ မိနစ် ၂၀ လောက်ကပ်ထားပေးပြီးနောက် လည်ချောင်းနာတာက သိသိသာသာ သက်သာသွားပါတယ်။

၄။ ရေနွေးသောက်ပါ။

လည်ချောင်းနာနေတဲ့အချိန်မှာ ရေများများသောက်ပေးတာက ရေဓာတ်ခန်းခြောက်တာကို ကာကွယ်ပေးပါတယ်။ ကော်ဖီ၊ ရေနွေး၊ ပျားရည်၊ သံပုရာသီးရေနွေးစိမ်စတဲ့ အရည်တွေ သောက်ပေးတာက လည်ချောင်းနာတာကို သက်သာသွားစေမှာပါ။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ကြက်သွန်ဖြူကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသောက်လို့ရသလို ကြက်သွန်ဖြူတစ်မြွှာကို စုပ်ပေးလို့လည်းရပါတယ်။

၆။ ပက်ပါမင့်ဆီ

ပက်ပါမင့်ဆီကို ခံတွင်းထဲမှာ ဖျန်းပေးတဲ့နည်းကလည်း လည်ချောင်းနာတာကို ကုစားပေးနိုင်ပါတယ်။ ပက်ပါမင့်ဆီမှာ ပရုတ်အေးပါဝင်တာကြောင့် လည်ချောင်းထဲက ချွဲတွေကို နည်းပါးသွားစေပါတယ်။ အအေးမိပြီးချောင်းဆိုးတာကိုလည်း ရပ်သွားစေပါတယ်။

၇။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်မှာလည်း ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ လည်ချောင်းထဲက အချွဲတွေကို ပန်းသီးရှာလကာရည်က ဖြိုခွဲပေးပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်ကို ရေတစ်ခွက်နဲ့ ရောပြီး တစ်နေ့ကို ၃ ကြိမ်ခန့် ပလုတ်ကျင်းပေးပါ။

၈။ ချိုချဉ်ငုံပါ။

ချိုချဉ်ငုံတာက တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ အဲဒါကြောင့် လည်ချောင်းထဲမှာ အစိုဓာတ်ရှိလာစေပါတယ်။ လည်ချောင်းထဲမှာ ခြောက်သွေ့ပြီး နာကျင်နေတာကို အချိန်တိုအတွင်း သက်သာစေတာပါ။

Zombie (lovemedia)

Post a Comment

0 Comments