သင့်မှာစိတ်ဖိစီးမှုတွေ အရမ်းများနေကြောင်း ဖော်ပြနေတဲ့လက္ခဏာ (၇) ခု

စိတ်ဖိစီးမှုဆိုတာက လူတိုင်းနဲ့ မကင်းနိုင်တဲ့အရာပါ။ တစ်ခါတရံမှာ စိတ်အရမ်းပင်ပန်းလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိနိုင်တော့ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ သင့်မှာ စိတ်ဖိစီးမှု အရမ်းများနေတဲ့အကြောင်း လက္ခဏာတွေ ပြလာပါတယ်။

၁။ အံကြိတ်ခြင်း

ကိုယ့်ကိုယ်ကိုဘ်တောင် သတိမထားမိဘဲ မကြာခဏအံ့ကြိတ်နေတာက စိတ်ဖိစီးမှု အရမ်းများနေလို့ပါ။ အိပ်နေရင်းနဲ့ အံကြိတ်သလို နေ့ဘက်မှာလည်း တစ်ခုခုကို အကြိမ်ပေါင်းများစွာ အမှတ်မထင်ကိုက်နေမိတတ်ပါတယ်။ မနက်ခင်းရောက်ရင်တော့ မေးရိုးတွေ နာကျင်နေတာကို ခံစားရတတ်ပါတယ်။

၂။ ချွေးအရမ်းထွက်ခြင်း

လေ့ကျင့်ခန်းလုပ်တာများတဲ့အခါ၊ ရာသီဥတုပူတဲ့အခါမှာ၊ တစ်စုံတစ်ခုကို ကြောက်လန့်နေတဲ့အခါမှာ ချွေးတွေ ထွက်လာပါတယ်။ ချွေးတွေက အကြောင်းအရင်းမရှိဘဲ အလွန်ထွက်နေတယ်ဆိုရင်တော့ စိတ်ပူပန်စရာတွေ များနေလို့ပါ။ ချွေးတွေ ထွက်လာပြီးနောက် ရင်ထဲမှာ မောဟိုက်သလိုလည်း ခံစားလာရပါတယ်။

၃။ ဆံပင်တွေက ပုံမှန်ထက် ပိုကျွတ်ခြင်း

ဆံပင်တွေက နေ့စဉ်ကျွတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဆံပင်တွေက ပုံမှန်ထက် ပိုကျွတ်နေတယ်ဆိုရင်တော့ သင့်မှာ စိတ်သောကတွေ ပိုများနေတာဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးစရာတစ်ခုက လွန်မြောက်သွားတယ်ဆိုရင်တောင် ဆံပင်ကျွတ်တာက ၆ ပတ်ကနေ ၁၂ ပတ်အထိ ကြာရှည်နေတတ်ပါသေးတယ်။

၄။ အနီစက်တွေ ထွက်လာခြင်း

သင်က ဓာတ်မတည့်တာတွေ မရှိဘဲ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အနီစက်တွေ၊ အနီပြောက်တွေ ပေါ်လာရင် စိတ်အဆင်မပြေတာတွေ များလာလို့ ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုများတဲ့အခါ ခံတွင်းထဲမှာပါ အနီစက်တွေ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ်က စိတ်မတည်ငြိမ်တဲ့အခါမှာ တုံ့ပြန်တဲ့ အချို့ဓာတ်တွေကြောင့် ခန္ဓာကိုယ်မှာ အနီကွက်တွေ ဖြစ်ပေါ်လာတာပါ။

၅။ ခဏခဏမျက်ခမ်းလှုပ်ခြင်း

စိတ်ဖိစီးမှုက ဦးနှောက်နဲ့ မျက်နှာကြွက်သားတွေအပေါ်မှာလည်း ပုံမှန်မဟုတ်တဲ့ အချက်ပြမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ မျက်ခမ်းလှုပ်တာက ပုံမှန်လူတွေမှာတော့ တစ်ခါတရံမှာပဲ ဖြစ်ပေါ်လေ့ရှိပါတယ်။

အဲဒီလိုမဟုတ်ဘဲ မျက်ခမ်းက ဆက်တိုက်လှုပ်နေတဲ့အခါမှာတော့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့လိုအပ်လာပါပြီ။ အချို့တွေမှာတော့ ရက်သတ္တပတ်အနည်းငယ်ကြာအောင် မျက်ခမ်းလှုပ်တတ်ပါတယ်။

၆။ ခံတွင်းက အမြဲလိုလို ခြောက်သွေ့နေခြင်း

ဆားများတဲ့အစားအစာတွေကို မစားထားဘဲ မကြာခဏ ရေဆာနေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုပြုသင့်ပါတယ်။

စိတ်ဖိစီးမှုက ကြာရှည်ဖြစ်နေတဲ့အခါမှာတော့ တံတွေးဂလင်းတွေက ပိတ်ဆို့သွားပြီး ခံတွင်းက ခြောက်သွေ့သွားပါတယ်။ တစ်ခါတရံမှာ တစ်ခုခုကို မြိုချဖို့တောင် ခက်ခဲနေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments