ခရမ်းချဉ်သီးတွေက ဟင်းလျာတွေချက်ပြုတ်တဲ့အခါမှာ အမြဲတမ်းမပါမဖြစ်ပါပဲ။ ဒါပေမယ့် ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲမှာတော့ မသိမ်းဆည်းထားသင့်ပါဘူး။
ခရမ်းချဉ်သီးတွေကို ဘာ့ကြောင့် ရေခဲသေတ္တာထဲမှာ မသိမ်းဆည်းထားသင့်တာလဲ။
ရေခဲသေတ္တာထဲမှာ ခရမ်းချဉ်သီးတွေကိုထားတဲ့အခါ ရက်ကြာရှည်အထားခံပါတယ်။ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင် ခရမ်းချဉ်သီးရဲ့အရသာက ပျက်သွားပါတယ်။
ပညာရှင်တွေက အမျိုးအစားမတူတဲ့ ခရမ်းချဉ်သီးပေါင်း ၂၅၀၀၀ ကျော်ကို စမ်းသပ်ခဲ့ကြပါတယ်။ ခရမ်းချဉ်သီးတွေကို တစ်ရက်ကြာထားတဲ့အခါမှာတော့ အရသာက အရမ်းမပျက်သေးပါဘူး။
၃ ရက်ကျော်ထားတဲ့အခါမှာတော့ ခရမ်းချဉ်သီးက အရသာမရှိတော့တာကို တွေ့ရပါတယ်။ ရေခဲသေတ္တာထဲမှာ ခရမ်းချဉ်သီးကို ကြာကြာထားလေ အရသာက နည်းပါးလာလေပါပဲ။
ခရမ်းချဉ်သီးတွေကို ဘယ်နေရာမှာ သိမ်းဆည်းထားသင့်လဲ။
ခရမ်းချဉ်သီးကို သိမ်းဆည်းဖို့ အကောင်းဆုံးအပူချိန်ကတော့ ၁၆.၇ ကနေ ၂၀ ဒီဂရီစင်တီဂရိတ်ကြားပဲဖြစ်ပါတယ်။ ခရမ်းချဉ်သီးတွေကို တစ်လုံးနဲ့တစ်လုံး ထပ်ပြိးမထားသင့်ပါဘူး။
တစ်လုံးနဲ့တစ်လုံး ထပ်ပြီးထားရင် မြန်မြန်ပုပ်လွယ်ပါတယ်။ မမှည့်သေးတဲ့ခရမ်းချဉ်သီးတွေကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ သိမ်းထားတာ အကောင်းဆုံးပါ။ ခရမ်းချဉ်သီးတွေ အမှည့်လွန်သွားချိန်မှာတော့ ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါပြီ။
ရေခဲသေတ္တာထဲက ထုတ်ထားတဲ့ခရမ်းချဉ်သီးတွေကို အရသာရှိလာအောင် ပြုလုပ်နည်း
ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး အခန်းအပူချိန်မှာ မိနစ်အနည်းငယ်ကြာအောင် ထားပါ။ ဒါမှမဟုတ် နေရောင်ခြည် ခဏပြလိုက်ပါ။ အဲဒီအခါ ခရမ်းချဉ်သီးတွေမှာ မူလအရသာကို ပြန်လည်ရရှိလာပါတယ်။
Zombie (lovemedia)
0 Comments