လူသားတွေရဲ့ပြုမှုလုပ်ရှားမှု ၄၀ ရာခိုင်နှုန်းက အသိစိတ်ကြောင့်မဟုတ်ဘဲ အလေ့အကျင့်ကြောင့် ပြုလုပ်တာဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ သွားတိုက်ဆေးညှစ်တဲ့ပုံစံကနေတစ်ဆင့် သင့်ရဲ့ ထူးခြားတဲ့ပင်ကိုအရည်အသွေးတွေကို သိရှိနိုင်ပါတယ်။
၁။ သွားတိုက်ဆေးကို အောက်ပိုင်းကနေ လိပ်ပြီး ညှစ်ခြင်း
သင်ဟာ ခြိုးခြံချွေတာတတ်ပြီး အရာရာကို စနစ်တကျပြုမူလုပ်ကိုင်တတ်သူပါ။ ဘေးနားမှာရှိတဲ့သူတွေကိုလည်း အထူးဂရုစိုက်တတ်ပါတယ်။ အချိန်ဖြုန်းရတာကို မုန်းပြီးတော့ အလုပ်ကို အရမ်းကြိုးစားလေ့ရှိပါတယ်။ သင့်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းသပ်ရပ်နေမှ သဘောကျသူပါ။
၂။ သွားတိုက်ဆေးကို အလယ်ကနေ ညှစ်ခြင်း
သင်က အရမ်းကို လက်တွေ့ကျသူဖြစ်ပြီး အမြဲတမ်းတက်ကြွနေတတ်သူပါ။ ဒါပေမယ့် သပ်သပ်ရပ်ရပ်တော့ မနေတတ်ပါဘူး။ စိန်ခေါ်မှုမှန်သမျှကိုလည်း ရဲရဲရင့်ရင့်ရင်ဆိုင်ဖို့ ဝန်မလေးသူပါ။
ပေါင်းသင်းဆက်ဆံရေးကောင်းတာကြောင့် မိတ်ဆွေသူငယ်ချင်းတွေလည်း ပေါများပါတယ်။ ခံစားချက်နဲ့ ဦးနှောက်ကို မျှတအောင်လည်း စဉ်းစားတွေးခေါ်တတ်သူပါ။
၃။ သွားတိုက်ဆေးကို ထိပ်ကနေ ညှစ်ခြင်း
သင်က အရမ်းကို ခေါင်းမာတတ်သူဖြစ်ပြီး ပန်းတိုင်ကို မရောက်ရောက်အောင် သွားတတ်သူပါပဲ။ လူတွေကို လွယ်လွယ်နဲ့ မယုံကြည်တတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးစိတ်က အပြည့်ရှိပါတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်တတ်သူ၊ တန်ဖိုးထားတတ်သူလည်း ဖြစ်ပါတယ်။ အခြားသူတွေကတော့ သင့်ကို တစ်ကိုယ်ကောင်းဆန်သူလို့ ထင်တတ်ကြပါတယ်။
၄။ သွားတိုက်ဆေးကို ခြေရာလက်ရာမပျက်အောင် ညှစ်ခြင်း
သင်က တစ်ယောက်တည်းနေရတာကို ပိုသဘောကျပါတယ်။ စိတ်ကူးယဉ်ရတာကို သဘောကျပြီး အနုပညာမှာ တစ်ဖက်ကမ်းခတ် ထူးချွန်နေတတ်ပါတယ်။
တစ်ခါတရံမှာ စိတ်က ဆတ်ဆတ်ထိမခံဖြစ်နေတတ်ပြီး သင်သဘောကျတဲ့အရာတွေအပေါ်မှာတော့ အရမ်းကို ညင်သာတတ်ပါတယ်။ အပေးအကမ်းရက်ရောသူလည်း ဖြစ်ပါတယ်။
၅။ သွားတိုက်ဆေးကို ညှစ်ချင်တဲ့နေရာကနေ ညှစ်ခြင်း
သင်ရဲ့အမြင်က အခြားသူတွေနဲ့ မတူဘဲ ကွဲပြားနေတတ်ပါတယ်။ ဖန်တီးမှုအားကောင်းပြီး အတွေးနယ်ချဲ့ရတာကို သဘောကျတတ်သူပါ။
အလုပ်ကို အချိန်နဲ့အတိအကျလုပ်ရမှာ၊ စီစဉ်ပြီးလုပ်ရမှာကို သဘောမကျဘဲ စိတ်ထဲပါရင် ပါသလို အလုပ်တွေကို ခပ်များများလုပ်တတ်ပါတယ်။ အကောင်းမြစ်စိတ်ရှိပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ပါတယ်။
Zombie (lovemedia)
0 Comments