မွှေးပျံ့တဲ့ရနံ့က သင့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုကောင်းတာကို ဖော်ပြပေးရုံတင်မကပါဘူး။ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုတွေလည်း တိုးစေပါတယ်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေကို အမြဲတမ်းထုတ်လွှတ်နေပါတယ်။
အဲဒါကြောင့် သင့်အနားက ဖြတ်သွားတိုင်း တစ်နေကုန်လုံးမွှေးပျံ့နေစေဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ နေ့စဉ်ရေချိုးပါ။
တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့အခါ အနံ့ဆိုးတွေလည်း မထွက်တော့ပါဘူး။ အဲဒါကြောင့် နေ့စဉ် တစ်ရက်ကို တစ်ကြိမ် ရေချိုးသင့်ပါတယ်။ ရေမချိုးဖြစ်တဲ့အခါမှာ ခန္ဓာကိုယ်က ချွေးထွက်များတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ရေပတ်တိုက်တာတို့ကို ပြုလုပ်ပေးတာလည်း အနံ့ဆိုးထွက်တာကို နည်းပါးသွားစေမှာပါ။
၂။ အဝတ်အစားတွေကို ရနံ့မွှေးပျံ့အောင် ပြုလုပ်ပါ။
အဝတ်အစားတွေမှာ မွှေးပျံ့တဲ့ရနံ့ရရှိနေအောင် အဝတ်လျှော်တဲ့အခါမှာလည်း အမွှေးနံ့လေးတွေ ထည့်လို့ရပါတယ်။ အဝတ်ဗီရိုထဲမှာလည်း ရေမွှေးဆွတ်ထားတဲ့ ပိတ်စလေးကို ထည့်ထားပေးနိုင်ပါတယ်။
အဝတ်လျှော်တဲ့အခါမှာ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်လျှော်ရင် အဝတ်အစားမှာ ကြာရှည်စွဲနေတဲ့အညစ်အကြေးတွေ ပြောင်စင်ရုံမက အနံ့ဆိုးတွေပါ ပြောင်စင်စေပါတယ်။
၃။ ချွေးနံ့ပျောက်ဆေးကို အသုံးပြုပါ။
ချွေးနံ့ပျောက်ဆေးအသုံးပြုတာက ချွေးနံ့တွေကို ဖုံးလွှမ်းနိုင်ဖို့ အဆင်အပြေဆုံးပါ။ ချွေးနံ့ပျောက်ဆေးက အနံ့ဆိုးတွေကို ကာကွယ်ပေးရုံတင်မကဘဲ ချွေးတွေအရမ်းမထွက်အောင်လည်း ပြုလုပ်ပေးပါတယ်။ ချွေးနံ့ပျောက်ဆေးကို ညဘက်မှာဆွတ်ရင် ပိုပြီး ထိရောက်ပါတယ်။
၄။ ရေမွှေးဆွတ်ပါ။
ခေါင်းဘီးမှာ ရေမွှေးဆွတ်လိုက်ပြီး ခေါင်းဖြီးလိုက်ပါ။ ဆံပင်ကို တိုက်ရိုက်ရေမွှေးဆွတ်တာက ဆံသားတွေကို ထိခိုက်စေတာကြောင့်ပါ။ လက်ကောက်ဝတ်၊ ဒူးအနောက်၊ တံတောင်ဆစ်၊ လည်ပင်းတို့မှာလည်း ရေမွှေးဆွတ်ရင် အမွှေးနံ့က ကြာရှည်ပိုခံပါတယ်။
ရေမွှေးဆွတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း တိုးစေပါတယ်။ ရေမွှေးကို ဘူးအသေးလေးတွေနဲ့ သုံးတာက ရေမွှေးရဲ့ရနံ့အရည်အသွေးကို လျော့ပါးစေပါတယ်။
ရေမွှေးကို အရေပြားမှာ တိုက်ရိုက်မဆွတ်ချင်တဲ့အခါ cotton pad လေးမှာ ဆွတ်ထားပြီး အိတ်ထဲမှာ အမြဲဆောင်ထားပါ။ cotton pad လေးနဲ့ ပွတ်တိုက်ပေးရင်လည်း အမွှေးနံ့က ကျန်ရစ်နေမှာပါ။
၅။ ရနံ့ပါတဲ့ moisturizer
အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်၊ lotion, oil, moisturizer တို့ကို ရွေးချယ်မယ်ဆိုရင် ရနံ့ပါတာကို ဦးစားပေးရွေးချယ်ပါ။ ဒါမှမဟုတ် သင်ကြိုက်နှစ်သက်တဲ့ရေမွှေးကို lotion ထဲမှာ ရောလိမ်းတဲ့အခါမှာလည်း တစ်နေကုန် မွှေးပျံ့နေစေမှာပါ။
၆။ ခြေထောက်ရဲ့အနံ့အတွက်လည်း ဂရုစိုက်ပေးပါ။
ခြေထောက်ကလည်း အနံ့အသက်ဆိုးတွေ ထွက်ပါတယ်။ ခြေထောက်ကိုလည်း ဘက်တီးရီးယားကင်းစင်စေတဲ့ဆပ်ပြာနဲ့ နေ့တိုင်း ဆေးကြောပေးပါ။ ခြေအိတ်ကို နာရီပေါင်းများစွာ ဝတ်သူတွေအတွက် shoe spray ကိုလည်း အသုံးပြုနိုင်ပါတယ်။
Zombie (lovemedia)
0 Comments