အိပ်တဲ့အခါ ညာဘက်ကို စောင်းမအိပ်သင့်တဲ့အကြောင်းအရင်း (၄) ခု

ညအိပ်တဲ့အခါ ညာဘက်ကို စောင်းပြီးအိပ်တာက နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါတယ်။ ဒါပေမယ့် ညာဘက်ကို စောင်းပြီး အိပ်တာက အခြားသော ကျန်းမာရေးတွေအတွက်တော့ မကောင်းပါဘူး။

အဲဒါကြောင့် ညာဘက်ကို စောင်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရင်ပူလာခြင်း

သင်က မကြာခဏ ရင်ပူတာကို ခံစားရသူဆိုရင်တော့ ညာဘက်ကို စောင်းပြီးမအိပ်သင့်ပါဘူး။ ဘယ်ဘက်ကို စောင်းပြီးအိပ်တာက ပိုပြီး သက်တောင့်သက်သာရှိစေမှာပါ။

မကြာခဏ ရင်ပူတာကို ခံစားရသူတွေက ပွချောင်တဲ့အဝတ်အစားတွေ ဝတ်သင့်သလို မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်သင့်ပါတယ်။

၂။ သွေးလည်ပတ်မှုကို ထိခိုက်စေခြင်း

ဘယ်ဘက်ကို စောင်းအိပ်တာက နှလုံးဆီကို သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပါတယ်။ ညာဘက်ကို စောင်းအိပ်တဲ့အခါမှာတော့ သွေးကြောတွေမှာ ဖိအားတွေ ဖြစ်လာစေမှာပါ။

သွေးလည်ပတ်မှုကောင်းတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက ကျန်းမာနေမှာပါ။ သွေးကြောထုံးတာတွေလည်း မဖြစ်လာတော့ပါဘူး။

၃။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အိပ်ရခက်ခြင်း

ကိုယ်ဝန်ဆောင်မိခင်တွေက လရင့်လာတဲ့အခါမှာ အိပ်ရတာပိုခက်လာပါတယ်။ ညဘက်ကို စောင်းအိပ်ရင် နှလုံးဆီကို သွေးလည်ပတ်မှုမကောင်းသလို ကလေးဆီကိုလည်း ကောင်းမွန်တဲ့သွေးလည်ပတ်မှု မရောက်ရှိတော့ပါဘူး။

ဒါ့အပြင် ကလေးတွေအတွက် နေရခက်စေပါတယ်။ အဲဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေလည်း ညာဘက်ကို စောင်းမအိပ်သင့်ပါဘူး။

၄။ အသည်းကို ထိခိုက်စေခြင်း

အသည်းက ခန္ဓာကိုယ်ရဲ့ညာဘက်မှာ ရှိတာကြောင့် ညာဘက်ကို စောင်းအိပ်ရင် အသည်းမှာ ဖိအားတွေ ပိုဖြစ်လာစေပါတယ်။

အသည်းမှာ ဖိအားတွေ များလာပြီးနောက် အသည်းရဲ့လုပ်ငန်းတွေအပေါ်လည်း သက်ရောက်မှု ဖြစ်ပေါ်လာစေပါတယ်။ အသည်းကျန်းမာရေးအတွက် ဘယ်ဘက်ကိုပဲ စောင်းအိပ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments