နေ့စဉ်နေ့တိုင်းမှာ သွားလာလှုပ်ရှားလုပ်ကိုင်ရင်း အဆင်မပြေတဲ့အခိုက်အတန့်တွေကို ကြုံတွေ့လာရပါတယ်။ ဒီလို အဆင်မပြေတဲ့အခိုက်အတန့်တွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။
၁။ သွားတိုက်ဆေး
ခြေသန်းနဲ့ ခုံစောင်း တိုက်မိတဲ့အခါမှာ အရမ်းကို နာကျင်ပါတယ်။ အဲဒီအခါ နာကျင်သွားတဲ့ခြေသန်းကို သွားတိုက်ဆေးလိမ်းပေးပါ။
သွားတိုက်ဆေးက ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပြီး ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ အချိန်ခဏအတွင်းမှာ ခြေသန်းနာတာ သက်သာသွားမှာပါ။
၂။ ဆေးထိုးပြွတ်
ပျားတုပ်ခံရပြီးနောက် ပျားရဲ့အဆိပ်ဆူးက အရေပြားပေါ်မှာ ကျန်နေခဲ့တတ်ပါတယ်။ အဲဒီဆူးကနေတစ်ဆင့် အရေပြားက ရောင်ရမ်းနာကျင်လာပါတယ်။ အဆိပ်ဆူးကို ဖယ်ဖို့အတွက် စိတ်ကို တည်ငြိမ်အောင်ထားပါ။
အဲဒီနောက် အဆိပ်ဆူးကို ဆေးထိုးပြွတ်နဲ့ စုပ်ထုတ်လိုက်ပါ။ ပျားတုပ်ခံရပြီးချင်း မြန်မြန်စုပ်ထုတ်လေ ပိုကောင်းလေပါပဲ။
၃။ ရေခဲ
ခေါင်းအရမ်းကိုက်တဲ့အခါမှာတော့ ရေခဲထုပ်လေးကို သတိရလိုက်ပါ။ ရေခဲတုံးလေးကို အိတ်တစ်လုံးထဲ ထည့်ပြီး လည်ကုတ်မှာ ကပ်ထားပေးပါ။ ရေခဲက ခေါင်းကိုက်တာကို အချိန်တိုအတွင်း သက်သာစေပါတယ်။
၄။ Baby oil
အနာကျက်သွားပြီးတဲ့အခါ ပတ်တီးကို ဖြည်တဲ့အခါမှာ Baby oil ကို အသုံးပြုလို့ရပါတယ်။ ပတ်တီးကို ဒီအတိုင်းဖြည်ချလိုက်ရင် အရေပြားမှာ အနည်းငယ်နာသွားတတ်ပါတယ်။
အဲဒီလိုမဖြစ်ဖို့အတွက် ပတ်တီးပေါ်ကို Baby oil လေး အနည်းငယ်လိမ်းလိုက်ပါ။ တစ်မိနစ်လောက်စောင့်ပြီးရင်တော့ ပတ်တီးကို မနာမကျင်ဘဲ ဖြည်လိုက်လို့ရပါပြီ။
၅။ မျက်လုံးလေ့ကျင့်ခန်း
ကွန်ပျူတာရှေ့မှာ အလုပ်အကြာကြီးလုပ်ပြီးနောက်၊ ဖုန်းကို အကြာကြီးအသုံးပြုပြီးနောက် မျက်လုံးက ပင်ပန်းလာပါတယ်။ မျက်လုံးက ကြည့်ရတဲ့အခါမှာ ဝေဝါးလာပါတယ်။
အဲဒီအခါ ခေါင်းကို မရွေ့ဘဲ မျက်လုံးကို ဘယ်ဘက်ကို စောင်းကြည့်လိုက်၊ ညာဘက်ကို စောင်းကြည့်လိုက်၊ အပေါ်ကို ပင့်ကြည့်လိုက်၊ အောက်ကို စိုက်ကြည့်လိုက် လုပ်ပေးပါ။ ဒီမျက်လုံးလေ့ကျင့်ခန်းကတော့ မျက်လုံးညောင်းညာတာကို သိသိသာသာ သက်သာသွားစေပါတယ်။
၆။ သကြား
ပူနေတဲ့အစားအစာ၊ အရည်တွေကို ချက်ချင်းစားသောက်မိတဲ့အခါ လျှာက အပူလောင်သွားပါတယ်။ လျှာအပူလောင်ပြီးနောက် နာရီပေါင်းများစွာကြာအောင် နေရခက်ပြီး အစားအစာတွေကိုလည်း သေချာအရသာမခံနိုင်တော့ပါဘူး။
လျှာအပူလောင်တာကို သက်သာအောင် ပျားရည်အနည်းငယ်ကို လျှာပေါ်မှာ ပွတ်တိုက်ပေးပါ။ သို့မဟုတ် သကြားအနည်းငယ်ကို လျှာပေါ်မှာ တင်ထားပေးပါ။
၇။ မျက်လုံး
ငိုချင်လာတဲ့အချိန်တွေမှာ မငိုမိအောင် ထိန်းရတာ ခက်ခဲပါတယ်။ မငိုမိအောင် ပြုလုပ်လို့ရတဲ့နည်းလမ်းတစ်ခု ရှိပါတယ်။ မျက်လုံးကို အကျယ်ကြီး ဖွင့်ထားလိုက်ပါ။ မျက်လုံးကြွက်သားတွေ တင်းလာတဲ့အထိ မျက်လုံးကို ကျယ်ထားလိုက်ရင် မငိုမိတော့ပါဘူး။
Zombie (lovemedia)
0 Comments