ဖိနပ်အနံ့အသက်ဆိုးထွက်ခြင်းနဲ့ အခြားသောဖိနပ်ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်း (၆) မျိုး

ဖိနပ်စီးတဲ့အခါ အနံ့ဆိုးတွေထွက်နေတဲ့အခါ၊ ဖိနပ်က အရောင်တွေမတောက်ပတော့တဲ့အခါ ဒီလိုပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေရှိပါတယ်။ ဒါ့အပြင် ဖိနပ်အတုနဲ့ အစစ်ကို ခွဲခြားနိုင်မယ့်နည်းလမ်းလေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အနံ့ဆိုးတွေ ထွက်နေတဲ့ဖိနပ်အတွက်

ဖိနပ်က အနံ့ဆိုးတွေ ထွက်နေတဲ့အခါ မိမိကိုယ်တိုင်အတွက်သာမက ဘေးနားကလူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အရက်ပြန် တစ်အောင်စ၊ ပန်းသီးရှာလကာရည်တစ်အောင်စ၊ လက်ဖက်စိမ်းဆီ ၄ စက်တို့ကို ရောမွှေပြီး ဖျန်းလို့ရတဲ့ဘူးတစ်ခုထဲမှာ ထည့်ပါ။

အနံ့အသက်အရမ်းဆိုးနေတဲ့ဖိနပ်ကို ဖျန်းပေးရင် အနံ့ဆိုးတွေ သိသိသာသာလျော့ကျသွားမှာပါ။ လက်ဖက်စိမ်းဆီက ဖိနပ်ထဲမှာ မှိုတွေ မပေါက်ပွားလာအောင်ပါ ကာကွယ်ပေးပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ မုန့်ဖုတ်ဆိုဒါကို ဖိနပ်ထဲမှာ ဖြူးလိုက်ပြီး အနည်းဆုံး ၁၂ နာရီခန့်ထားပါ။ ဒါမှမဟုတ် လက်ဖက်ခြောက်ထုပ်လေးကို ထည့်ထားလည်း ရပါတယ်။ အဲဒီအခါ ဖိနပ်ရဲ့အနံ့အသက်ဆိုးတွေ ဖယ်ရှားပြီးသားဖြစ်စေပါတယ်။

၂။ Heel grip

ဖိနပ်စီးတဲ့အခါ ကွက်တိမကျဘဲ ကြီးနေတာ၊ ချော်ထွက်နေတာတွေကို ကြုံတွေ့ရတဲ့အခါ ဖိနပ်ထဲမှာ heel grip လေးကို ထည့်ပြီး စီးပါ။ Heel grip ကို ဖိနပ်ထဲ ထည့်ပြီး စီးရင် ချော်လဲမှာ၊ ခြေထောက်မှာ ရေကြည်ဖုပေါက်မှာတို့ကို စိတ်ပူစရာမလိုတော့ပါဘူး။

၃။ သားရေဖိနပ်တွေ အရောင်ပြန်လှလာစေဖို့

သားရေဖိနပ်တွေပေါ်မှာ ရေကွက်တွေနဲ့ အစွန်းကွက်လေးတွေရှိရင် ကြည့်လို့မလှတော့ပါဘူး။ အဲဒီအတွက် အရမ်းကို လွယ်ကူတဲ့နည်းလမ်းရှိပါတယ်။ လိုအပ်တာကတော့ သွားတိုက်တံအဟောင်းတစ်ချောင်းနဲ့ ရှာလကာရည်ပါ။

သွားတိုက်တံအဟောင်းလေးကို အသုံးပြုပြီး ဖိနပ်မှာ ရှာလကာရည်ကို ပွတ်တိုက်ပေးပါ။ သားရေဖိနပ်တွေရဲ့အရောင်က သိသိသာသာ ပြန်လည်တောက်ပလာပါတယ်။

၄။ ချွေးထွက်တဲ့ခြေထောက်အတွက်

ခြေထောက်က ခဏခဏချွေးထွက်နေရင်၊ ခြေဆီတွေထွက်နေရင် အနံ့အသက်ဆိုးတွေပါ ထွက်လာမှာပါ။ Pad အပါးလေးကို ဖိနပ်ထဲမှာ ထည့်ပြီးတော့ စီးရင် ချွေးတွေကိုလည်း စုပ်ယူပြီးသားဖြစ်စေပါတယ်။ ခြေထောက်လည်း မချော်တော့တဲ့အပြင် ဖိနပ်စီးရတာလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။

၅။ သားရေဖိနပ်တွေကို သန့်ရှင်းရေးလုပ်ဖို့အတွက်

ငှက်ပျောသီးက သားရေဖိနပ်က အနံ့ဆိုးတွေကို စုပ်ယူပေးရုံသာမက သန့်ရှင်းရေးလည်း လုပ်ပေးပါတယ်။ ငှက်ပျောသီးအခွံနဲ့ သားရေဖိနပ်ကို ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်ကြာ စောင့်ပြီးနောက်မှာတော့ ဖိနပ်က အနံ့ဆိုးလည်း မရှိတော့ဘဲ သန့်ရှင်းနေမှာပါ။

၆။ ဖိနပ်ဝယ်တဲ့အခါ ညနေဘက်မှာ ဝယ်ပါ။

ဖိနပ်ဝယ်တော့မယ်ဆိုရင် မနက်ပိုင်းမှာ မဝယ်ဘဲ ညနေဘက်မှာ ဝယ်ပါ။ တစ်နေကုန် လမ်းလျှောက်၊ မတ်တပ်ရပ်၊ အလုပ်လုပ်ထားရတဲ့အခါ ညနေဘက်မှာ ခြေထောက်က ဖိအားတွေ များလာပြီး ရောင်လာပါတယ်။ အဲဒီအချိန်မှာ ဖိနပ်ဝယ်ရင် ခြေထောက်အတွက် ကွယ်တိပါပဲ။

Bonus

ဖိနပ်အတုနဲ့ အစစ်ကို ခွဲဖို့အတွက်ဆိုရင် ဖိနပ်ရဲ့ အောက်ခံကို ကြည့်နိုင်ပါတယ်။ အတုနဲ့အစစ်ကို ယှဉ်ကြည့်လိုက်ရင် အောက်ခံတွေက သိသိသာသာကို ကွဲထွက်နေပါတယ်။

ဖိနပ်ဝယ်တဲ့အခါ တစ်ခါတရံ ထုတ်လုပ်တဲ့ရက်တွေက တစ်ဖက်နဲ့ တစ်ဖက်မတူဘဲ ကွဲပြားနေတတ်ပါတယ်။ နောက်တစ်နည်းကတော့ ဖိနပ်ရဲ့ UPC code ကိုရှာကြည့်တာပါ။

ဖိနပ်ကုမ္ပဏီကြီးတွေက အမှားမရှိအောင် သေချာထုတ်လုပ်ထားတတ်ကြပါတယ်။ ဖိနပ်ဝယ်တဲ့အခါမှာ အတုနဲ့အစစ် ကွဲပြားအောင် ဘူးအမျိုးအစား၊ ဘူးရဲ့အရွယ်အစား၊ UPC code၊ စတေကာ၊ ဖိနပ်ထဲက အသားတံဆိပ်တွေကို သေချာကြည့်ရှုပြီး စစ်ဆေးလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments