တစ်လအတွင်း ခန္ဓာကိုယ်အသားအရေနဲ့ မျက်နှာအသားအရေကို ကြည်လင်လှပသွားစေမယ့်နည်းလမ်း (၆) ခု

ခန္ဓာကိုယ်တစ်ခုလုံးလှဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ စားဖို့လိုအပ်သလို အားကစားလုပ်ဖို့လည်း လိုအပ်ပါတတယ်။ ဒါ့အပြင် အလှအပနဲ့ ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။

ဒါတွေ လုပ်ဖို့ သင့်မှာ အချိန်မရှိဘူးဆိုရင်၊ အချိန်အနည်းငယ်အတွင်းမှာ အသားအရေကြည်လင်ပြီး အခြားတစ်ယောက်လို ပြောင်းလဲလှပသွားဖို့ဆိုရင် ဒီနည်းလမ်းလေးတွေကို ပြုလုပ်လို့ရပါတယ်။

၁။ ခန္ဓာကိုယ်အတွက်

ခန္ဓာကိုယ်တစ်ခုလုံးက အသားအရေ ကြည်လင်လာဖို့အတွက် မုန်လာဥနီဖျော်ရည်ကို သောက်သုံးပေးနိုင်ပါတယ်။ မုန်လာဥနီက ကိုယ်တွင်းအင်္ဂါတွေရဲ့လုပ်ငန်းတွေကို တိုးတက်စေပြီး အသားအရေကိုလည်း အချိန်အနည်းငယ်အတွင်း ကြည်လင်လာစေပါတယ်။

နောက်တစ်နည်းကတော့ ပင်လယ်ဆားနဲ့ ပုံမှန်ဆားကို ရောပြီး ချဉ်ပြုံးပြုံးခရင်မ်နဲ့ရောမွှေပါ။ ရလာတဲ့ scrub ကို ခန္ဓာကိုယ်မှာ ပွတ်တိုက်ပြီး ရေနွေးနဲ့ ဆေးချပါ။ ထိလွယ်ရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင်တော့ ဒီနည်းကို အသုံးပြုသင့်ပါဘူး။

၂။ လက်သည်းအတွက်

လက်သည်းတွေ ခဏခဏမကျိုးဖို့နဲ့ တောက်ပတဲ့ဆံပင်ရဖို့အတွက် တစ်နေ့ကို အစေ့အဆံ ၅၀ ဂရမ်ခန့် စားသုံးပေးပါ။ ဗာဒံစေ့၊ ဟေဇယ်စေ့၊ သီဟိုဠ်စေ့၊ သစ်ကြားစေ့ စတဲ့အစေ့အဆံတွေကို စားသုံးပေးလို့ရပါတယ်။

အစေ့အဆံတွေမှာ ဗီတာမင် E ပါဝင်တာဖြစ်လို့ ဆံသားကျန်းမာရေးနဲ့ လက်သည်းကျန်းမာရေးကို သိသိသာသာကောင်းမွန်လာစေမှာပါ။

၃။ ဆံပင်အတွက်

အလှအပညာရှင်တွေကတော့ ဒီနည်းလမ်းကို သုံးရက်ကို တစ်ကြိမ်ခန့် ပြုလုပ်ဖို့ အကြံပေးပါတယ်။ Mustard powder နဲ့ စင်းသီးဟင်းရွက်ဆီကို အနှစ်ဖြစ်လာတဲ့အထိ မွှေပြီး ဆံပင်မှာ လိမ်းပေးပါ။

ဆံပင်မှာ ၃၀ မိနစ်ကြာ ပေါင်းထားပြီး ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းကတော့ ဆံပင်အရှည်မြန်ပြီး ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ Mustard powder နဲ့ဓာတ်မတည့်သူ၊ ကိုယ်ဝန်ဆောင်မိခင်တွေကတော့ မပြုလုပ်သင့်ပါဘူး။

၄။ မျက်နှာအတွက်

မျက်နှာအသားအရေ နူးညံ့ချောမွေ့လာစေဖို့ အိပ်ရာမဝင်ခင်မှာ အလှဆီနဲ့ ဗီတာမင် E တို့ကို ရောပြီး လိမ်းပေးပါ။ ဗီတာမင် E ၁၀ လုံးခန့်နဲ့ အလှဆီ တစ်အောင်စကို အသုံးပြုနိုင်ပါတယ်။ မျက်နှာမှာ လိမ်းပြီးနောက် မျက်နှာကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။

အဲဒီအခါ မျက်နှာပေါ်က အရေပြားဆဲလ်တွေမှာ အာဟာရတွေ ရရှိလာပြီး အရေးအကြောင်းတွေလည်း လျော့ပါးလာပါတယ်။ အလှဆီနဲ့ ဗီတာမင် E ရောထားတာကို သိမ်းမထားသင့်ဘဲ အသုံးပြုခါနီးမှာ ပြုလုပ်တာ ပိုကောင်းပါတယ်။

၅။ ခြေထောက်အတွက်

ညနေပိုင်း ရေချိုးပြီးနောက် ထောပတ်နဲ့ ပူဒီနာရနံ့ဆီကို ခြေထောက်မှာ ရောလိမ်းပေးပါ။ အဲဒီနောက် ခြေအိတ်စွပ်ထားပေးပါ။ ထောပတ်က အသားအရေကို ချောမွေ့စေပါတယ်။ ဆောင်းရာသီမှာ ခြေထောက်အက်ကွဲတာအတွက်လည်း ဒီနည်းက အရမ်းအသုံးဝင်ပါတယ်။

၆။ မျက်တောင်အတွက်

မျက်တောင်က မိန်းကလေးတစ်ယောက်ကို အများကြီး လှပသွားစေနိုင်ပါတယ်။ Mascara ဘူးအဟောင်းထဲကို သန့်ရှင်းရေးလုပ်ပြီး အဲဒီဘူးထဲကို ဂျုံဆီထည့်လိုက်ပါ။ ဂျုံဆီကို အိပ်ရာမဝင်ခင်မှာ မျက်တောင်မှာ လိမ်းပေးပါ။ တစ်လအတွင်းမှာ ကော့ညွတ်ရှည်လျားတဲ့ မျက်တောင်ကို ရရှိလာစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments