သစ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေက အချိန်ကြာလာတဲ့အခါ အရောင်မှေးမှိန်လာပါတယ်။ တစ်ခါတရံမှာ သစ်သားပရိဘောဂပစ္စည်းတွေမှာ ချိုင့်ခွက်လေးတွေလည်း ဖြစ်ပေါ်လာပါတယ်။
အဲဒါကြောင့် သစ်သားပရိဘောဂပစ္စည်းတွေပေါ်က အစင်းရာတွေ၊ ချိုင့်ခွက်တွေကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
ခြစ်ရာတွေကို ဖယ်ရှားဖို့အတွက်
နည်းလမ်း ၁
ပိတ်စပါးလေးပေါ်မှာ ရှာလကာရည်၊ သံလွင်ဆီတို့ကို ဖျန်းပေးပါ။ အစင်းရာတွေရှိတဲ့သစ်သားထိုင်ခုံ၊ စားပေါ်တွေပေါ်ကို အဲဒီ ပိတ်စပါးလေးနဲ့ သုတ်ပေးပါ။
လိုအပ်တဲ့အခါမှာ သံပုရာရည်အနည်းငယ်ထပ်ထည့်ပေးနိုင်ပါတယ်။ သစ်သားထိုင်ခုံနဲ့ စားပွဲတွေမှာ ခြစ်ရာ၊ အစင်းရာတွေ ပျောက်သွားပြီး ပြန်လည်တောက်ပလာမှာပါ။
နည်းလမ်း ၂
နောက်ထပ်နည်းလမ်းတစ်ခုကတော့ ချောကလက်ပါ။ ချောကလက်တုံးလေးကို ခြစ်ရာတွေရှိတဲ့သစ်သားမျက်နှာပြင်ပေါ်မှာ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။
ချောကလက်မှာပါဝင်တဲ့ အုန်းဆီက ခြစ်ရာတွေ၊ အစင်းရာတွေကို ဖယ်ရှားပေးပါတယ်။ ချောကလက်နဲ့ ပွတ်တိုက်ပြီးနောက်မှာတော့ ပိတ်စလေးနဲ့ သန့်ရှင်းရေးလုပ်လိုက်လို့ရပါပြီ။
သစ်သားမျက်နှာပြင်ပေါ်က ချိုင့်ခွက်တွေကို ဖယ်ရှားဖို့အတွက်
နည်းလမ်း ၁
သစ်သားမျက်နှာပြင်ပေါ်မှာ ချိုင့်ခွက်ရာက သေးသေးလေးဆိုရင်တော့ ကိစ္စမရှိပါဘူး။ ချိုင့်နေတဲ့နေရာကို ရေစွတ်လိုက်ပါ။ ရေစွတ်ပြီးနောက် ချိုင့်နေတဲ့မျက်နှာပြင်ပေါ်ကို လေမှုတ်စက် သို့မဟုတ် မီးပူနဲ့ အပူပေးလိုက်ပါ။ အဲဒီအခါ သစ်သားရဲ့မျက်နှာပြင်က မချိုင့်တော့ဘဲ အရင်ကလို ပြန်လည်ညီညာသွားပါတယ်။
နည်းလမ်း ၂
ချိုင့်နေတဲ့သစ်သားမျက်နှာပြင်က ကြီးတယ်ဆိုရင်တော့ အထဲမှာ အစာဖြည့်ပြီးတော့ ညီညသာအောင်လုပ်လို့ရပါတယ်။ သစ်သားချိုင့်ခွက်ထဲကို ခဲတံချွန်ပြီးနောက် ရလာတဲ့သစ်သားစလေးတွေ ဖြည့်လိုက်ပါ။
အဲဒီနောက် အပေါ်ကနေ ကော်ရည်လောင်းထည့်ပါ။ ကော်ရည်မာသွားအောင် မိနစ်အနည်းငယ်စောင့်ပေးပါ။ သစ်သားကို ကော်ဖတ်နဲ့ ညီညာသွားအောင် ပွတ်တိုက်ပေးပါ။
သစ်သားနဲ့တူတဲ့အရောင်ကို အပေါ်ကနေ သုတ်ပေးပြီး ခြောက်သွေ့အောင် ခဏကြာစောင့်ပါ။ အဲဒီအခါမှာတော့ သစ်သားမှာ ချိုင့်ခွက်ရှိတာက မသိသာတော့ဘဲ အရင်ကလို ပြန်လည်လှပသွားမှာပါ။
နည်းလမ်း ၃
သစ်သားမျက်နှာပြင်ပေါ်မှာ အပေါက်လေးဖြစ်ပေါ်နေတဲ့အခါ သစ်သားနဲ့အရောင်တူတဲ့ဖယောင်းကို အပေါက်လေးထဲ ထည့်လိုက်ပါ။ အပေါ်ကနေ ဖိပေးပြီးနောက် ညီညာသွားအောင် ကော်ဖတ်စနဲ့ ပွတ်တိုက်ပေးပါ။
သစ်သားမျက်နှာပြင်ပေါ်က အစွန်းတွေကို ဖယ်ရှားဖို့အတွက်
နည်းလမ်း ၁
သစ်သားစားပွဲပေါ်မှာ ရေတွေ ကျသွားရင် အစွန်းတွေ ဖြစ်ပြီးကျန်ခဲ့ပါတယ်။ တစ်ခါတရံမှာ ရေကြောင့်ဖြစ်ပေါ်လာတဲ့အစွန်းတွေက ဖျက်ဖို့ခက်နေတတ်ပါတယ်။ မရောနိစ်ကို အစွန်းရာတွေမှာ သုတ်လိမ်းပြီး ပိတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။ အဲဒီအခါ မူလအရောင်အတိုင်း ပြန်လည် ရရှိလာပါတယ်။
နည်းလမ်း ၂
သစ်သားစားပွဲပေါ်မှာ မင်စွန်းရာတွေ၊ ပန်းချီဆေးတွေ ပေသွားတဲ့အခါ အရက်ပြန်နဲ့ ပွတ်တိုက်ပေးပါ။ အရက်ပြန်နဲ့ပွတ်တိုက်ပြီးတဲ့အခါ ပိတ်စနဲ့နောက်ထပ်တစ်ဖန် ပွတ်တိုက်ပေးပါ။
Zombie (lovemedia)
0 Comments