ရေစေးတွေမှာ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်များလာတဲ့အခါမှာ ထုံးချိုးတွေ ဖြစ်လာပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ ထုံးချိုးတွေက ထူထဲလာပြီး ဖယ်ရှားရခက်ခဲလာပါတယ်။
အဲဒါကြောင့် အိမ်က အသုံးအဆောင်ပစ္စည်းတွေမှာ ကပ်နေတတ်တဲ့ ထုံးချိုးတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေကို love media ကနေ မျှဝေပေးလိုက်ပါတယ်နော်။
ရေစေးက အငွေ့ပျံသွားတဲ့အခါ ဘေစင်၊ ရေပိုက်ခေါင်း၊ အိမ်သာခွက်၊ ရေနွေးအိုး၊ ဒန်အိုး၊ ရေပန်း၊ အပူပေးပစ္စည်းစတဲ့ အရာတွေအပေါ်မှာ ထုံးချိုးတွေ ဖြစ်ပေါ်လာပါတယ်။ အဝတ်လျှောက်စက်နဲ့ ပန်းကန်ဆေးစက်ထဲမှာလည်း ထုံးချိုးတွေဖြစ်လာနိုင်ပါတယ်။ ပိုက်တွေထဲမှာလည်း ထုံးချိုးတွေက အချိန်ကြာတာနဲ့အမျှ စုဝေးလာပါတယ်။
မိသားစုလေးယောက်ရှိတဲ့အိမ်မှာ အသုံးပြုတဲ့ရေကနေ တစ်နှစ်ကို ထုံးချိုး ၁၅၅ ပေါင်ခန့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ထုံးချိုးက လျှပ်စစ်နဲ့ပစ္စည်းတွေအသုံးပြုတဲ့အခါ အခက်အခဲဖြစ်စေနိုင်သလို ပိုက်ထဲမှာ ပိတ်မိနေရင်လည်း ရေပိုက်အက်ကွဲတာ၊ ရေကောင်းကောင်းမစီးဆင်းတာတို့ ဖြစ်ပေါ်စေပါတယ်။
ထုံးချိုးတွေကို ဖယ်ရှားဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့
- သံပုရာရည်နဲ့ ရှာလကာရည်
- မုန့်ဖုတ်ဆော်ဒါ
- ဖျန်းလို့ရတဲ့ဘူးတစ်ဘူး
- ဖော့ သို့မဟုတ် သွားတိုက်တံအဟောင်းတစ်ချောင်း
- အဝတ်စတစ်စ တို့ဖြစ်ပါတယ်။
အိမ်သုံးပစ္စည်းတွေမှာ စွဲကပ်နေတဲ့ထုံးချိုးတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း
- ရေပိုက်ခေါင်း
ဘူးတစ်လုံးထဲမှာ သံပုရာရည် သို့မဟုတ် ရှာလကာရည်ကို ထည့်ပြီး ရေပိုက်ခေါင်းမှာ ပွတ်တိုက်ပေးပါ။ အဲဒီနောက် တစ်ညထားလိုက်ပါ။ ရေပိုက်ခေါင်းကို သန့်ရှင်းဖို့အတွက် အဝတ်စတစ်စထဲကို ရှာလကာရည် သို့မဟုတ် သံပုရာရှည်နှစ်လိုက်ပါ။
အဲဒီအဝတ်စကို ရေပိုက်ခေါင်းမှာ တစ်နာရီခန့် ပတ်ထားပေးပါ။ တစ်နာရီကြာပြီးနောက်မှာတော့ သွားတိုက်တံအဟောင်းတစ်ချောင်းနဲ့ ရေပိုက်ခေါင်းကို ပွတ်တိုက်ပေးလို့ရပါပြီ။ ခရိုမီယမ်သတ္တုစိမ်ထားတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေမှာတော့ ရှာလကာရည်ကို အသုံးပြုလို့မရပါဘူး။
- အိမ်သာကြွေခွက်
အရင်ဆုံး အိမ်သာကြွေခွက်ကို ဘရက်ရှ်နဲ့ သန့်ရှင်းရေးပြုလုပ်ပါ။ ထုံးချိုးတွေက နည်းတယ်ဆိုရင် ရှာလကာရည်နဲ့ဖျန်းပေးလို့ရပါတယ်။အိမ်သာကြွေခွက်ကို ရှာလကာရည်နဲ့ ဖျန်းထားပြီး တစ်နာရီအကြာမှာတော့ ရေဆွဲချလိုက်ပါ။ ထုံးချိုးတွေက မပြောင်သေးဘူးဆိုရင် ရှာလကာရည်ထပ်ဖျန်းထားပြီး ၄ နာရီကြာထားပေးပါ။
- ရေချိုးခန်း
ရေချိုးခန်းထဲမှာ ကပ်နေတဲ့ထုံးချိုးတွေအတွက် ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါကို အသုံးပြုနိုင်ပါတယ်။ ရေပန်းခေါင်းက ထုံးချိုးတွေကို ဖယ်ရှားဖို့အတွက် ရေနဲ့ ရှာလကာရည်ကို ဆတူရောပါ။
အဲဒီနောက် ရေပန်းခေါင်းမှာ ပွတ်တိုက်ပေးပါ။ တစ်ညထားပြီးနောက် ရေပန်းက အပေါက်လေးတွေကို အပ်လေးနဲ့ထိုးပြီး သန့်ရှင်းရေးလုပ်လို့ရပါပြီ။ ရေချိုးခန်းတံခါး၊ ကြွေပြားနဲ့ ရေချိုးကန်ထဲမှာ ရှိတဲ့ ထုံးချိုးတွေ ပြောင်ဖို့အတွက် မုန့်ဖုတ်ဆိုဒါနှစ်ဆနဲ့ ရှာလကာရည်တစ်ဆကို ရောပါ။
အဲဒီနောက် ထုံးချိုးတွေ ရှိတဲ့နေရာမှာ သုတ်လိမ်းပေးပြီး ၁၀ မိနစ်ခန့် ထားပေးပါ။ ပြီးနောက် ရေများများနဲ့ လောင်းချပါ။
- ရေနွေးအိုးနဲ့ ကော်ဖီဖျော်စက်
ရေနွေးအိုးနဲ့ ကော်ဖီဖျော်စက်တို့မှာလည်း ထုံးချိုးတွေက ကပ်နေပါတယ်။ ရေနွေးအိုးရဲ့သုံးပုံလေးပုံကို ရေနဲ့ ရှာလကာရည်အနည်းငယ်ထည့်ပါ။ အဲဒီနောက် ရေနွေးအိုးတည်လိုက်ပါ။ ထုံးချိုးတွေ မပြောင်သေးတဲ့အခါ ဒီနည်းလမ်းကို ထပ်မံပြုလုပ်လို့ရပါတယ်။ ကော်ဖီဖျော်စက်လည်း ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။
- အဝတ်လျှော်စက်
ရှာလကာရည်၊ သံပုရာရည်နဲ့ ဆပ်ပြာတို့ကို အဝတ်လျှော်စက်ထဲ ရောထည့်ပြီး ခလုပ်ဖွင့်လိုက်ပါ။ အဝတ်လျှောက်စက်အတွက်ဆိုရင် ရှာလကာရည်နှစ်ွက်က လုံလောက်ပါတယ်။
Zombie (lovemedia)
0 Comments