ဘယ်နားကပ်ကပ် ကပ်နေတဲ့ပီကယ်ကို အလွယ်တကူခွာလို့ရမယ့်နည်းလမ်း (၉) ခု

ပီကေက ဆံပင်နဲ့ အခြားသောအရာဝတ္ထုတွေမှာ ကပ်လွယ်ပါတယ်။ ကပ်ပြီးနောက်မှာတော့ ပြန်ခွာဖို့ ကပ်ပါတယ်။ အဲဒါကြောင့် ပီကေတွေက ဆံပင်အပါအဝင် အခြားသောအရာဝတ္ထုတွေမှာ ကပ်နေရင် အလွယ်တကူခွာနိုင်မယ့်နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မြေပဲထောပတ်

မြေပဲထောပတ်မှာပါဝင်တဲ့ဆီကြောင့် ပီကေက အလွယ်တကူ ကွာနိုင်ပါတယ်။ ချည်သားအဝတ်အစားတွေနဲ့ ဆံပင်မှာ ပီကေကပ်နေရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

- ပီကေကပ်နေတဲ့နေရာကို မြေပဲထောပတ်အုပ်ပေးထားပါ။

- မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ပီကေကို အလိုက်သင့်လေး ခွာလိုက်ပါ။

၂။ Hairspray

ပီကေတွေ ကပ်နေတဲ့နေရာကို Hairspray နဲ့ ဖျန်းလိုက်ပါ။ အဲဒီအခါ ပီကေက မာလာပါတယ်။ ပြီးနောက်မှာတော့ လက်သည်းလေးကို အသုံးပြုပြီး ပီကေကို အလွယ်တကူခွာလိုက်လို့ရပါပြီ။

၃။ မရောနိစ်

မရောနိစ်မှာ အဆီတွေပါဝင်တာကြောင့် အရာဝတ္ထုတွေမှာ ပီကေတွေ ကပ်နေရင် အလွယ်တကူခွာနိုင်ပါတယ်။ ပီကေကပ်နေတဲ့နေရာကို မရောနိစ်များများသုတ်လိုက်ပြီး မိနစ်အနည်းငယ်ကြာ စောင့်လိုက်ပါ။ အဲဒီနောက် ပီကေကို ဖြည်းဖြည်းချင်း ခွာလိုက်ပါ။

၄။ WD-40 ဖျန်းဆေး

WD-40 ဖျန်းဆေးကလည်း ပီကေကို ကွာစေပါတယ်။ အဝတ်အစားတွေ၊ ဖိနပ်တွေမှာ ပီကေကပ်နေရင် WD-40 ဖျန်းဆေး ဖျန်းလိုက်ပြီး မိနစ်အနည်းငယ်စောင့်လိုက်ပါ။ တစ်ခါတရံမှာ အရမ်းကပ်နေတဲ့ပီကေဆိုရင် တစ်ရက်လောက်ထားပြီးမှ ခွာပါ။

၅။ ရှာလကာရည်

ပီကေကပ်နေတဲ့အဝတ်အစားကို ရှာလကာရည်ထဲမှာ ထည့်စိမ်ထားပြီး ပွတ်တိုက်ပေးပါ။ ရှာလကာရည်က ပီကေကို ခွာလို့ရတဲ့အထိ နူးညံ့သွားစေပါတယ်။

၆။ သံပုရာရည်

သံပုရာရည်ထဲမှာ ပီကေကပ်နေတဲ့အဝတ်အစားကို ထည့်စိမ်လိုက်ပါ။ မိနစ်အနည်းငယ်စောင့်ပြီးနောက်မှာတော့ ဓားပါးလေးနဲ့ အလိုက်သင့်လေး ခွာပေးလိုက်ပါ။ ပီကေခွာပြီးနောက်မှာတော့ အဝတ်အစားကို ပုံမှန်လျှော်နေကျအတိုင်း လျှောက်လိုက်လို့ရပါပြီ။

၇။ ရေခဲတုံး

အေးတဲ့အရာနဲ့တွေ့ရင် ပီကေက ကွာလာပြီး ဖယ်ရှားရလွယ်ကူလာပါတယ်။ ရေခဲတုံးလေးတွေကို ပလက်စတစ်အိတ်ထဲမှာ ထည့်ပြီး ပီကေပေနေတဲ့နေရာပေါ်မှာ ကပ်ထားပေးပါ။

အဲဒီနောက် ပီကေကွာသွားတဲ့အထိ ဖြည်းဖြည်းချင်းစီ ပွတ်တိုက်ပေးပါ။ ပီကေတွေက အနည်းငယ်ကပ်နေသေးရင် သွားကြားထိုးတံလေးနဲ့ ဖြည်းဖြည်းချင်းစီ ခွာလို့ရပါတယ်။

၈။ ခဲထားခြင်း

နောက်တစ်နည်းကတော့ ပီကေပေနေတဲ့အဝတ်အစားကို ရေခဲသေတ္တာထဲမှာ ထည့်ပြီး ခဲထားတာပါ။ ပီကေပေနေတဲ့အဝတ်အစားကို ပလက်စတစ်အိတ်ထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ နာရီပေါင်းများစွာကြာပြီးနောက်မှာတော့ အဝတ်အစားမှာပေနေတဲ့ ပီကေက အလွယ်တကူ ခွာလို့ရသွားပါတယ်။

၉။ ဆံပင်လေမှုတ်စက်

အပူနဲ့ထိတွေ့တဲ့အခါမှာလည်း ပီကေက ကွာသွားပါတယ်။ ပီကေပေနေတဲ့အဝတ်အစားကို ဆံပင်လေမှုတ်စက်နဲ့ မိနစ်အနည်းငယ်ကြာအောင် မှုတ်ပေးပါ။ ပီကေက တဖြည်းဖြည်းနဲ့ ပျော့လာပြီး အလွယ်တကူ ခွာယူလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments