ခန္ဓာကိုယ်မှာ အနံ့ဆိုးထွက်တတ်သူတွေအတွက် အနံ့ဆိုးတွေကို အလွယ်တကူ ဘယ်လိုဖယ်ရှားမလဲ

လူတိုင်းမှာ မတူညီတဲ့ကိုယ်သင်းနံ့တွေ ရှိကြပါတယ်။ ခန္ဓာကိုယ်ကနေ ကိုယ်သင်းနံ့ထွက်သလို အချို့သောအကြောင်းအချက်တွေကြောင့် ကိုယ်နံ့က ပြင်းတဲ့သူတွေလည်း ရှိကြပါတယ်။

ဒါပေမယ့် စိတ်ပူစရာမလိုပါဘူး။ ခန္ဓာကိုယ်အနံ့ပြင်းသူတွေအတွက် အိမ်မှာတင်ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးတွေရှိပါတယ်။

၁။ ရှာလကာရည်

ရှာလကာရည်က ဘက်တီးရီးယား၊ မှိုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ခြေထောက်အနံ့ဆိုးတဲ့သူ၊ ခြေအိတ်ကို အချိန်အကြာကြီး ဝတ်ထားရသူတွေမှာ အနံ့ဆိုးတွေထွက်တဲ့အခါ ဒီနည်းလေးကို အသုံးပြုပေးနိုင်ပါတယ်။

- ရှာလကာရည်တစ်ဆ

- ရေနှစ်ဆ

- ကြိုက်နှစ်သက်ရာရနံ့ဆီ ၃ စက်ခန့်ကို ဇလုံးတစ်လုံးထဲမှာ ရောမွှေပါ။ ဇလုံထဲမှာ ခြေထောက်ကို မိနစ် ၂၀ ခန့် စိမ်ထားပေးပါ။ တစ်နေ့တစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ ခြေထောက်မှာ အချိန်ကြာကြာစွဲနေတဲ့ရနံ့ဆိုးတွေ ကင်းစင်သွားပါတယ်။

၂။ ကော်ဖီမှုန့်

ကော်ဖီမှာ အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အသားငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ကိုင်ပြီးလို့ လက်မှာအနံ့စွဲနေတဲ့အခါ ကော်ဖီမှုန့်နဲ့ အနံ့ဆိုးတွေကို ဖယ်ရှားနိုင်ပါတယ်။

ကော်ဖီမှုန့်က အရေပြားက ဆဲလ်သေတွေကိုလည်း ပြောင်စင်စေပါတယ်။ကော်ဖီမှုန်နံ့ အုန်းဆီကို ဆတူရောပါ။ ရနံ့ဆီအနည်းငယ်ကို ထပ်ထည့်ပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ရောထည့်ပါ။

အဲဒီနောက် ရေချိုးတဲ့အခါ ခန္ဓာကိုယ်ကို ပွတ်တိုက်ပေးရင် ဆဲလ်သေတွေ ပါသွားပြီး ခန္ဓာကိုယ်အနံ့ဆိုးတွေလည်း မရှိတော့ပါဘူး။ ဒီနည်းကို တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးရုံနဲ့ သိသာပါတယ်။

၃။ သံပုရာသီး

သံပုရာသီးမှာ ဗီတာမင်စီပါဝင်ပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာ အနံ့ဆိုးတွေ မထွက်အောင် ကာကွယ်ပေးပါတယ်။ သံပုရာရည်ကို နေ့စဉ်သောက်ပေးလို့ရသလို အနံ့ဆိုးတွေထွက်တဲ့ ချိုင်းအောက်မှာလည်း လိမ်းပေးလို့ရပါတယ်။

ရေတစ်ခွက်ထဲကို သံပုရာသီးတစ်ခြမ်းညှစ်ထည့်ပါ။ အဲဒီနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပွတ်တိုက်ပေးပါ။ သံပုရာသီးနဲ့ ပွတ်တိုက်ပြီးနောက်မှာ နေပူထဲကို ချက်ချင်းမထွက်ဘဲ ခဏကြာမှ ထွက်သင့်ပါတယ်။

၄။ Alcohol

ခန္ဓာကိုယ်ရနံ့ပြင်းရတာက အဓိကအားဖြင့်တော့ ဘက်တီးရီးယားတွေကြောင့်ပါပဲ။ ဘက်တီးရီးတွေကို နိုင်နင်းတဲ့ alcohol ကို ဘူးတစ်ခုထဲမှာ ထည့်ပြီး ချွေးနံ့ပျောက်ဆေးလိုအသုံးပြုလို့ရပါတယ်။ ချွေးထွက်များတဲ့ ချိုင်းလိုနေရာကို alcohol နဲ့ဖျန်းပေးရင် အနံ့ဆိုးတွေ သိသိသာသာ လျော့သွားပါတယ်။

၅။ အုန်းဆီ

ခံတွင်းကျန်းမာရေးအတွက်ဆိုရင်တော့ အုန်းဆီကို မေ့မထားသင့်ပါဘူး။ အုန်းဆီက ခံတွင်းနံ့ဆိုးတာတွေကိုသာမက ခံတွင်းကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ အုန်းဆီကို ပလုတ်ကျင်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အုန်းဆီနဲ့ အနည်းဆုံး ၅ မိနစ်ကြာအောင် ပလုတ်ကျင်းပေးပြီး ရေနွေးနဲ့ ထပ်မံပလုတ်ကျင်းပါ။

၆။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါက အနံ့ဆိုးတွေကို သိသိသာသာစုပ်ယူပေးပါတယ်။ ဒါပေမယ့် မုန့်ဖုတ်ဆော်ဒါက အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ရင် ဓာတ်မတည့်တာ၊ ယားတာတို့ ဖြစ်စေပါတယ်။ အဲဒါကြောင့် မုန့်ဖုတ်ဆော်ဒါကို တစ်ခုခုနဲ့ ရောပြီးမှသာ အသုံးပြုသင့်ပါတယ်။

မုန့်ဖုတ်ဆော်ဒါတစ်ဆ၊ ပြောင်းဖူးမှုန့် ၆ ဆတို့ကို ရောပြီးတော့ ချွေးနံ့ပျောက်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါတစ်ဆ၊ အုန်းဆီနှစ်ဆတို့ကို ရောပြီးတော့လည်း ချွေးထွက်များတဲ့နေရာတွေမှာ လိမ်းပေးပါ။

၇။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အနံ့ပြင်းပေမယ့်လည်း ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းရှိပါတယ်။ ကြက်သွန်ဖြူ ၃ မြွှာကို ရေနှစ်ခွက်နဲ့ ၁၅ မိနစ်ကြာ ပြုတ်ပါ။ ရလာတဲ့အရည်ကို စစ်လိုက်ပြီး ခန္ဓာကိုယ်က အနံ့ဆိုးထွက်တဲ့နေရာတွေမှာ လိမ်းပေးပါ။ မိနစ်၃၀ ကြာပြီးနောက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments