မြွေတွေဟာ လူသားအပါအဝင်အခြားသော တိရစ္ဆာန်တွေအတွက်ပါ အန္တရာယ်ရှိပါတယ်။ မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူတာကတော့ အရမ်းကို ရှားပါးပါတယ်။
ဒါပေမယ့် Emi ဆိုတဲ့မိန်းကလေးကတော့ စပါးအုံးမြွေတွေကို မွေးထားပြီး သူတို့အချင်းချင်း အရမ်းချစ်ခင်နေတာကို တွေ့ရပါတယ်။
Sonny နဲ့ Cher လို့ခေါ်တဲ့ မြွေတွေဟာ အသက် ၈ နှစ်နဲ့ ၇ နှစ်အရွယ်ရှိကြပြီး သူတို့ကို ငယ်ငယ်လေးကတည်းက အိမ်မှာ မွေးထားခဲ့တာပါ။
Emi အသက်တစ်နှစ်ခွဲမှာ Emi ရဲ့အဖေက Emi က မြွေလေး Sonny နဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Sonny က အရမ်းကို သိမ်မွေ့ညင်သာပါတယ်။
Emi ရဲ့အဖေက အရင်ကတည်းက မြွေတွေနဲ့ ရင်းနှီးပါတယ်။ သူ့ရဲ့သမီးလေးကိုလည်း မြွေတွေနဲ့ ရင်းနှီးအောင်လို့ မြွေနှစ်ကောင်မွေးထားပေးခဲ့ပါတယ်။ Emi နဲ့ မြွေတွေ အဆင်ပြေမယ်လို့ ယူဆပြီး မြွေတွေကို အိမ်ခေါ်လာပေးခဲ့ပါတယ်။
ကလေးတွေနဲ့ မြွေတွေဟာ မသင့်တော်တာကြောင့် လူအများကတော့ ဝေဖန်ကြပါတယ်။ ဝေဖန်မှုတွေ ရှိပေမယ့်လည်း သူမွေးထားတဲ့မြွေတွေဟာ အဆိပ်မရှိတာကြောင့် Emi နဲ့ အဆင်ပြေတယ်လို့ Emi ရဲ့အဖေက ဆိုပါတယ်။
Emi နဲ့ မြွေတွေ ကစားတဲ့အချိန်တွေကိုတော့ Emi ရဲ့အဖေက စနစ်တကျကြည့်ရှုပေးပါတယ်။ သမီးဖြစ်သူကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်မွေးရတဲ့ အတွေ့အကြုံတွေကို ရစေချင်တာကြောင့် မြွေတွေကို အိမ်မှာ မွေးထားပေးခဲ့တာဖြစ်ကြောင်း၊
ဒါပေမယ့် သမီးဖြစ်သူက မြွေတွေနဲ့ ကစားတဲ့အချိန်မှာတော့ သေချာကြည့်ရှုရကြောင်း Emi ရဲ့အဖေက ပြောပါတယ်။
Emi ဟာ မြွေတွေနဲ့ မကြောက်မလန့်ကစားရဲတာကလည်း အံ့ဩဖို့ကောင်းပါတယ်။ မြွေတွေကိုလည်း အာဟာရမျှတအောင် ကျွေးပါတယ်။ မြွေတွေကို အေးခဲထားတဲ့ ယုန်သားတွေကို ကျွေးပါတယ်။ အဲဒါကြောင့် မြွေတွေရဲ့အရွယ်အစားကလည်း ကြီးမားလာပါတယ်။
"ကျွန်တော့်ရဲ့သမီးလေးက မြွေတွေကို ချစ်တယ်။ မြွေတွေကို ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကိုတောင် သူက သင်ပေးပါတယ်။ အဲဒါကြောင့် သမီးနဲ့ မြွေတွေက အဆင်ပြေပြေ ကြီးပြင်းလာကြတာပါ။
မြွေတွေကလည်း သမီးလေးကို သူတို့အတွက် စားစရာတစ်ခုလို့ မသတ်မှတ်ကြပါဘူး" လို့ Emi ရဲ့အဖေက ပြောပြပါတယ်။
မြွေတွေကလည်း Emi ကို ချစ်ကြပါတယ်။ မြွေတွေက သူတို့ကို ပွတ်သပ်ပေးတာ၊ ကြင်ကြင်နာနာဆက်ဆံတာကို သဘောကျကြပါတယ်။ မြွေတွေနဲ့ Emi က အကောင်းဆုံးသူငယ်ချင်းတွေဆိုတာထက် မိသားစုဝင်တွေလိုတောင် ချစ်ခင်ရင်းနှီးကြပါတယ်။
Zombie (lovemedia)
0 Comments