အမျိုးသမီးအများစု သတိမထားမိကြတဲ့ သွေးမဆုံးခင် ကြိုတင်ဖြစ်ပေါ်လာတတ်တဲ့လက္ခဏာ (၈) ခု

အချို့သောအမျိုးသမီးကြီးတွေက သွေးဆုံးတော့မှာကို ကြိုတင်သတိမထားမိတတ်ကြပါဘူး။ တစ်ခါတရံမှာ သွေးဆုံးတော့မယ့်အချိန် ပြတဲ့လက္ခဏာတွေက မထင်ရှားတတ်ပါဘူး။

အဲဒါကြောင့် သွေးဆုံးတော့မယ်ဆိုရင် အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတတ်တဲ့ လက္ခဏာတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေးစေ့မှာ အမွေးအမျှင်တွေ ပေါက်လာခြင်း

အမျိုးသမီးတွေ သွေးဆုံးတော့မယ့်အချိန်မှာ Endrogen ဟော်မုန်းနဲ့ Estrogen ဟော်မုန်းအချိုးအစားတွေက ပြောင်းလဲသွားတတ်ပါတယ်။ Endrogen ဟော်မုန်းနဲ့ Estrogen ဟော်မုန်းတို့ နှစ်ခုလုံးကျဆင်းသွားချိန်မှာ ဟော်မုန်းအချိုးအစားတွေက မမျှတော့ပါဘူး။

Estrogen ဟော်မုန်းက အလွန်အမင်းကျဆင်းချိန်မှာ Endrogen ဟော်မုန်းက ပိုပြီးနှေးနှေးကွေးကွေးကျဆင်းပါတယ်။ အဲဒီလိုအချိန်တွေမှာ မေးစေ့မှာ အမွေးအမျှင်တွေ ပေါက်လာပါတယ်။ တစ်ခါတရံ နှုတ်ခမ်းမွေးတွေလည်း ပေါက်လာတတ်ပါတယ်။

၂။ ကိုယ်နံ့

Estrogen ဟော်မုန်းကျဆင်းချိန်မှာ ခန္ဓာကိုယ်ထဲအပူမြင့်တက်နေတယ်လို့ Hypothalamus ဂလင်းက ထင်သွားပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်ကို အေးအောင်လို့ ချွေးတွေများများထွက်ပေးတာကြောင့် ကိုယ်နံ့က ပြောင်းလဲလာပါတယ်။ ချွေးနံ့လည်း ပိုထွက်လာပါတယ်။

၃။ အရိုးတွေ အားနည်းလာခြင်း

Estrogen ဟော်မုန်း ကျဆင်းချိန်မှာ အရိုးတွေရဲသိပ်သည်းဆက လျော့ကျလာပါတယ်။ သွေးဆုံးချိန်ပထမ ၅ နှစ်မှာ အရိုးတွေက ၂၀ ရာခိုင်နှုန်းအထိ အားနည်းလာပါတယ်။ အမျိုးသမီးတွေက သွေးဆုံးချိန်မှာ အရိုးပါးလာတာကို ခံစားရနိုင်ပါတယ်။

၄။ ဆီးမနိုင်ခြင်း

တင်ပဆုံးကြွက်သားတွေ အားနည်းလာချိန်၊ Estrogen ဟော်မုန်း ကျဆင်းလာတာကြောင့် ဆီးတွေ မထိန်းနိုင်ချိန်မှာ အမျိုးသမီးတွေက ဆီးကို အောင့်ထားဖို့ ခက်ခဲလာပါတယ်။

၅။ မေ့တတ်လာခြင်း

သွေးမဆုံးခင်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အိပ်စက်မှုစက်ဝန်းက ကမောက်ကမဖြစ်လာပါတယ်။ အဲဒီကနေ အာရုံစိုက်တာ အားနည်းလာပြီး ပိုပြီး မေ့တတ်လာပါတယ်။

၆။ အိပ်မပျော်ခြင်း

Progesterone ဟော်မုန်းက စိတ်ကို တည်ငြိမ်စေတဲ့ဟော်မုန်းပါ။ Progesterone ဟော်မုန်းကျသွားချိန်မှာ စိတ်က မတည်ငြိမ်တော့ပါဘူး။ အဲဒီကနေ ညဘက်တွေမှာ တော်တော်နဲ့ အိပ်မပျော်တော့ပါဘူး။

၇။ ဓာတ်မတည့်မှုပိုများလာခြင်း

ဟော်မုန်းအပြောင်းအလဲနဲ့ ကိုယ်ခံအားနည်းလာတာကြောင့် ဓာတ်မတည့်မှုအသစ်တွေလည်း ပိုဖြစ်ပေါ်လာပါတယ်။ အရင်က ဓာတ်တည့်ခဲ့တဲ့အရာတွေက သွေးဆုံးတဲ့အချိန်မှာ ဓာတ်မတည့်တာအဖြစ်သို့ ပြောင်းလဲသွားတတ်ပါတယ်။

၈။ အမြင်အာရုံ ရုတ်တရက်ပြောင်းလဲလာခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် မျက်လုံးကိုလည်း သက်ရောက်မှု ရှိလာစေပါတယ်။ ဟော်မုန်းတွေ လျော့ကျသွားတာကြောင့် မျက်လုံးအဝေးမှုန်တာ သို့မဟုတ် အနီးမှုန်တာကို ကြုံတွေ့ရတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments