လေယာဉ်မှူးတွေက ဘာ့ကြောင့် မုတ်ဆိတ်မွေးတွေ မရှိတာလဲ

လေယာဉ်နဲ့ ခရီးထွက်တဲ့အခါ လေယာဉ်မှူးတွေမှာ မုတ်ဆိတ်မွေးမရှိတာကို သတိထားမိပါလိမ့်မယ်။ လေယာဉ်မှူးတွေက မျက်နှာမှာ အမွေးအမျှင်မရှိအောင် ရိတ်ထားကြပါတယ်။

လေယာဉ်မှူးတွေက ဘာ့ကြောင့် မုတ်ဆိတ်မွေးတွေ မရှိတာလဲဆိုတဲ့ အကြောင်းအရင်းကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

လေယာဉ်မှူးတွေ မုတ်ဆိတ်မွေးမထားတာကတော့ ခရီးသည်တွေရဲ့ လုံခြုံမှုအတွက်ပါ။

အရေးပေါ်အခြေအနေတွေမှာ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေက အောက်ဆီဂျင်ကို တပ်ထားရပါတယ်။ လေယာဉ်မှူးက မုတ်ဆိတ်ထားတဲ့အခါမှာ အောက်ဆီဂျင် mask က မျက်နှာနဲ့ ကွက်တိမဖြစ်တော့ပါဘူး။

ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်အလုံအလောက် မရတဲ့အခါမှာ ဦးနှောက်ရဲ့လုပ်ငန်းတွေကို ထိခိုက်လာစေပြီး မူးလာပါတယ်။ အဲဒီအခါ လေယာဉ်မှူးတွေက လေယာဉ်မောင်းတဲ့အပေါ် သေချာအာရုံမစိုက်နိုင်တော့ပါဘူး။

လေကြောင်းကုမ္ပဏီတိုင်းကတော့ ဒီစည်းမျဉ်းကို မလိုက်နာကြပါဘူး။ Air Canada ကတော့ လေယာဉ်မှူးတွေ မုတ်ဆိတ်ရှည်နေလည်း အောက်ဆီဂျင်အလုံအလောက်ရတယ်လို့ လေ့လာချက်ပြုလုပ်ထားပါတယ်။


အဲဒါကြောင့် AIr Canada က လေယာဉ်မှူးတွေကို မုတ်ဆိတ် ၁.၂၅ စင်တီမီတာအရှည်အထိ ထားခွင့်ပြုထားပါတယ်။

လေယာဉ်မှူးတိုင်းကလည်း မုတ်ဆိတ်မရိတ်ကြပါဘူး။ လေကြောင်းကုမ္ပဏီအများစုကတော့ ခရီးသည်လုံခြုံရေးအတွက် လေယာဉ်မှူးတွေကို မုတ်ဆိတ်အရှည်ထားဖို့ ခွင့်မပြုပါဘူး။

ကိုယ်ပိုင်လေယာဉ်ရဲ့ လေယာဉ်မှူးတွေကတော့ မုတ်ဆိတ်ကို စိတ်ကြိုက်ထားကြပါတယ်။ ဒါ့အပြင် သင်က လေယာဉ်မှူးလိုင်စင်ဖြေမယ်ဆိုရင်လည်း မုတ်ဆိတ်က ဘာပြဿနာမှ ဖြစ်စေမှာမဟုတ်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments