ခွေးလေးတွေ၊ ကြောင်လေးတွေကို အပြင်မသွားခင်မှာ ဘာ့ကြောင့် ပွတ်သပ်ပေးသင့်တာလဲ

အိမ်မွေးတိရစ္ဆာန်လေးတွေက လူသားတွေအတွက် မိတ်ဆွေကောင်းပါပဲ။ သူတို့တွေက လူသားတွေကို ပျော်ရွှင်မှုတွေ ပေးပြီး စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ခွေးလေးတွေ၊ ကြောင်လေးတွေက သင်အပြင်သွားတဲ့အခါ၊ အလုပ်သွားတဲ့အခါ အိမ်မှာ ကျန်ခဲ့ပြီး သင်ပြန်လာမယ့်အချိန်ကို မျှော်နေတတ်ကြပါတယ်။

အဲဒါကြောင့် ခွေးလေးတွေ၊ ကြောင်လေးတွေကို အပြင်မသွားခင်မှာ ပွတ်သပ်ပေးသင့်တဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နှုတ်ဆက်ရတာက ခက်ခဲပါတယ်။

ခွေးလေးတွေကို အိမ်မှာ တစ်ကောင်တည်းထားခဲ့ရတာ ပျော်စရာမကောင်းပါဘူး။ ခွေးလေးတွေ၊ ကြောင်လေးတွေက လူသားတွေ အပြင်သွားပြီး နာရီဝက်ကြာတာတောင် လူသားတွေကို စောင့်မျှော်တာ၊ သတိရလို့ အူတာတို့ ပြုလုပ်တတ်ပါတယ်။


အဲဒါကြောင့် ခွေးလေးတွေ၊ ကြောင်လေးကို အပြင်သွားခါနီးတိုင်း ပွတ်သပ်ပေးရင် သူတို့အတွက် လွမ်းတာတွေ သက်သာသွားမှာပါ။

ပွတ်သပ်ပေးတာက သူတို့အတွက် ပျော်ရွှင်စေပါတယ်။

ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ခေါင်းကို ပွတ်သပ်ပေးတာက သူတို့အတွက် စိတ်ပူပန်မှုလျော့နေစေပါတယ်။ သူတို့ကို သခင်က ဂရုစိုက်ကြောင်း၊ ချစ်ကြောင်း သိရှိသွားတဲ့အတွက် ပျော်ရွှင်မှုတွေလည်း ရရှိသွားပါတယ်။

အပြင်သွားခါနီးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီး နှုတ်ဆက်သွားရင် သခင်ကို ပိုပြီးခင်တွယ်လာပါတယ်။ ပထမလေ့လာမှုမှာ ခွေးဆယ်ကောင်နဲ့ သခင်တွေကို အပြင်သွားခါနီးမှာ နှုတ်ဆက်စေပါတယ်။

ဒုတိယလေ့လာမှုမှာတော့ ခွေးလေးတွေကို နှုတ်မဆက်ဘဲ သခင်တွေက အပြင်သွားပါတယ်။ နှုတ်ဆက်မသွားတဲ့အခါမှာ ခွေးလေးတွေက မှိုင်ပြီး ကျန်ခဲ့တာကို တွေ့ရပါတယ်။

အပြင်သွားခါနီးမှာ ခွေးလေးတွေရဲ့ခေါင်းကို ပွတ်သပ်ပေးတာက သူတို့အတွက် စိတ်ပင်ပန်းတာတွေ၊ စိတ်ပူပန်တာတွေ လျော့ကျစေပါတယ်။ ခွေးလေးတွေကို သူတို့သခင်နဲ့ ခွဲထားတဲ့အခါမှာ နှလုံးခုန်နှုန်းက မြန်လာပြီး စိတ်တွေ မတည်ငြိမ်တော့ပါဘူး။

ခွေးလေးတွေကို အိမ်မှာ တစ်ကောင်တည်းနေတတ်အောင် သင်ကြားနည်း

အိမ်ထဲမှာ နေတဲ့အချိန်တွေမှာ သူတို့ရဲ့ခေါင်းကို ပွတ်သပ်ပေးပြီး သင်ကြားပေးနိုင်ပါတယ်။ အရင်ဆုံး သူတို့ရဲ့ခေါင်းကို ပွတ်သပ်ပေးပြီး အိမ်မှာ ကောင်းကောင်းနေခဲ့ဖို့ ပြောပါ။ အဲဒီနောက် သင့်ရဲ့အခန်းထဲကို ဝင်နေလိုက်ပါ။

နောက်ပိုင်းမှာတော့ သူတို့ရဲ့ခေါင်းကို အပြင်သွားခါနီးတိုင်း ပွတ်သပ်ပေးရင် အိမ်မှာ ကောင်းကောင်းမွန်မွန် နေခဲ့ရမယ်ဆိုတာကို နားလည်သွားပါတယ်။ ခွေးလေးတွေကို လေ့ကျင့်ပေးပြီးတိုင်း ဆုချဖို့လည်း မမေ့သင့်ပါဘူးနော်။

Zombie (lovemedia)

Post a Comment

0 Comments