သင့်ရဲ့ဖုံးကွယ်နေတဲ့ စွမ်းအားတွေကို သိဖို့ ငှက်မွှေးတစ်ချောင်းကို ရွေးချယ်လိုက်ပါ

လူတစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ ပင်ကိုအရည်အသွေး၊ စွမ်းအင်တွေ ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အရည်အသွေးတွေတူတယ်လို့ ထင်ရပေယ့် တကယ်တမ်းမှာတော့ မတူပါဘူး။

သင့်ဆီမှာ ဖုံးကွယ်နေတဲ့စွမ်းအားတွေကို သိနိုင်ဖို့ ငှက်မွှေးလေးတစ်ချောင်းကို ရွေးချယ်လိုက်ပါ။

ဒီငှက်မွှေးလေးကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင်က အရမ်းကို တည်ငြိမ်အေးဆေးတဲ့သူပါ။ လူအများနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုမူနေထိုင်တတ်ပါတယ်။

လူအများကို ကူညီဖို့အတွက်အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်။ အားနည်းတဲ့သူကို အမြဲဖေးမကူညီတတ်ပါတယ်။ ဒါ့အပြင် အမုန်းတွေအစား ခွင့်လွှတ်ရတာကို ပိုသဘောကျသူပါပဲ။

သင်က လူတွေကို အကောင်းဆုံးကူညီလုပ်ကိုင်ပေးတတ်ပြီး အခြားသူတွေဆီကနေလည်း သိတတ်မှုကို လိုချင်သူပါ။ တစ်ယောက်တည်းနေရတာကို ပိုသဘောကျပါတယ်။

ဘယ်အရာကိုမဆို အလွယ်တကူသင်ယူတတ်မြောက်လွယ်ပါတယ်။ စိတ်ဝင်စားတဲ့အရာတွေမှာ ထူးချွန်အောင် ဆောင်ရွက်နိုင်တာက သင့်ရဲ့ပင်ကိုအရည်အသွေးပါပဲ။

ဒီငှက်မွှေးလေးကို ရွေးချယ်လိုက်တယ်ဆိုရင် သင်က စိတ်ဓာတ်ခိုင်မာသူပါ။ ဘယ်သူကိုမှ မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးရတာကို ပိုနှစ်သက်ပါတယ်။ ရည်မှန်းချက်တွေကို ရောက်ဖို့ ဇွဲရှိရှိကြိုးစားတတ်ပါတယ်။

အရှုံးတွေကို လက်မခံနိုင်တာကြောင့် အောင်မြင်မှုနောက်ကိုပဲ အမြဲလိုက်နေပါတယ်။ သီးသန့်နေတတ်သူဖြစ်တာကြောင့် အချို့လူတွေကတော့ သင့်ကို အေးတိအေးစက်နိုင်တဲ့သူလို့ ထင်ကြပါတယ်။

နံပါတ် ၅ ငှက်မွှေးလေးကို ရွေးချယ်လိုက်ရင် သင်က ခံစားချက်နဲ့ ဦးနှောက် ယှဉ်လာတဲ့အခါ ဦးနှောက်ကို ရွေးချယ်သူပါ။ ချစ်ခင်သူတွေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်တတ်ပါဘူး။

အခြားသူတွေကို အမြဲနားလည်မှုပေးတတ်ပြီးတော့ ကိုယ်ချင်းစာစိတ်က အပြည့်ပါပဲ။ လူတိုင်းမှာ မတူညီတဲ့အရည်အချင်းတွေ ရှိတယ်ဆိုတာကို လက်ခံထားသူပါ။

သင်က တီထွင်ဖန်တီးရတာ၊ စွန့်စားလှပ်ကိုင်ရတာကို သဘောကျပါတယ်။ စိတ်ကတော့ ဆတ်ဆတ်ထိမခံပါဘူး။ အမြဲတမ်းလိုလို သံသယတွေနဲ့ တွေးနေတတ်ပါတယ်။

ကြောက်ရွံမှုတွေကို ရဲရဲရင်ဆိုင်ပြီး ဖြတ်ကျော်နိုင်တဲ့အခါ အများကြီးအဆင်ပြေသွားမှာပါ။ သင့်ရဲ့စိတ်ကူးစိတ်သန်းတွေက သူမတူအောင် ကောင်းမွန်နေတာကတော့ အားသာချက်တစ်ရပ်ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments