အင်္ဂလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကြွက်တွေကို ဖမ်းပေးဖို့ တာဝန်ယူခဲ့တဲ့ကြောင်လေး

အင်္ဂလန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ Palmerston လို့ခေါ်တဲ့ကြောင်လေးတစ်ကောင် နေထိုင်ခဲ့ပါတယ်။

အဲဒီကြောင်လေးက ရုံးမှာ ကြွက်တွေကို အများဆုံးဖမ်းပေးခဲ့တဲ့ကြောင်လေးဖြစ်ပါတယ်။ ကြောင်‌လေးက မကြာခင်ကပဲ ကြွက်ဖမ်းပေးတဲ့တာဝန်ကနေ အနားယူခဲ့ပါတယ်။

ကြောင်လေး Palmerston မှာ Twitter page ရှိပြီး followr ပေါင်း ၁၁၁၀၀၀ ကျော်ရှိပါတယ်။ ကြောင်လေးက နိုင်ငံခြားရေးရုံးမှာ ၄ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် အနားယူခဲ့ပါတယ်။

အဖြူနဲ့ အနက်ရောင်ရှိတဲ့ ကြောင်လေး Palmerston က ၂၀၁၆ ခုနှစ်တုန်းကနေစပြီး နိုင်ငံခြားရေး ရုံးကို ရောက်ရှိလာခဲ့ပါတယ်။ ကြောင်လေးရဲ့နာမည်ကို နိုင်ငံခြားရေးဝန်ကြီးဟောင်း Lord Palmerston က နာမည်ပေးခဲ့တာပါ။

ကြောင်လေး Palmerston က ၂၀၁၆ ခုနှစ် မေလ ၃ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ကြွက်ဖမ်းပေးခဲ့ပါတယ်။ ကြောင်လေး Palmerstonဟာ ဒေါင်းနင်းလမ်း အိမ်အမှတ် ၁၀ က ကြွက်ဖမ်းသူကြီး ကြောင်လေး Larry နဲ့လည်း ကြိမ်ဖန်များစွာ ရန်ဖြစ်ခဲ့ပါသေးတယ်။


ကြောင်လေး Palmerston က အိမ်အမှတ် ၁၀ ထဲကို မကြာခဏခိုးဝင်လို့ ခဏခဏလည်း အဖမ်းခံရပါတယ်။ ပြီးနောက် သူမဟုတ်သလိုလည်း ဟန်ဆောင်တတ်ပါသေးတယ်။

ကြောင်လေးက နိုင်ငံခြားရေးဝန်ကြီးရုံးကနေ ကြောင်ဖမ်းတာဝန်ကို နှုတ်ထွက်ကြောင်းကို Twitter page မှာ ဖော်ပြထားပါတယ်။

ကြောင်လေးက သစ်ပင်တက်ရတာ၊ အပြင်မှာ ထွက်ကစားရတာကို ပိုသဘောကျပါတယ်။

ကြောင်လေးက ရုံးကနေ အနားယူလိုက်ပေမယ့် သူ့ရဲ့အလုပ်ကိုတော့ အမြဲအမှတ်ရနေဦးမှာပါပဲ။ ကြောင်လေးအနားယူသွားတာကြောင့် နိုင်ငံခြားရေးရုံးမှာရှိတဲ့သူတွေကလည်း သတိရနေကြသလို တစ်ခုခု လစ်ဟာသလို ခံစားနေရကြောင်းလည်း ဖော်ပြထားပါတယ်။

ကြောင်လေးကတော့ အလုပ်ကနေ အနားယူပြီး ကိုယ်ပိုင်အချိန်ကို ပြည့်ပြည့်ဝဝအသုံးချနေပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments