အရမ်းချစ်စရာကောင်းပြီး အစားစားရတာကြိုက်တဲ့ အဝါရောင်ကြောင်လေး Garfield ကတော့ နာမည်ကြီးပါပဲ။ အဝါရောင်ကြောင်လေးတွေက အပေါင်းအသင်းလည်းမက်ပါတယ်။ အဝါရောင်ကြောင်လေးတွေက အခြားကြောင်လေးတွေနဲ့မတူဘဲ ထူးခြားချက်တွေ ရှိပါတယ်။
၁။ အဝါရောင်ကြောင်ကို ကြောင်အမျိုးအစားတိုင်းမှာ တွေ့နိုင်ပါတယ်။
ကမ္ဘာပေါ်မှာ ကြောင်အမျိုးအစား များစွာရှိပါတယ်။ မီးခိုး သို့မဟုတ် အနက်အစင်းရှိတဲ့ကြောင်ကို ကြောင်အမျိုးအစားတိုင်းမှာ မတွေ့ရပါဘူး။ အဝါရောင်ကြောင်လေးတွေကိုတော့ Maine Coons, American Bobtails, Persians, Oriental Shortairs, Ocicats အမျိုးအစားတွေမှာ တွေ့ရပါတယ်။
၂။ အဝါရောင်ကြောင်လေးတွေမှာ "M" ပုံစံအမှတ်အသားလေးတွေ ပါလေ့ရှိပါတယ်။
အဝါရောင်ကြောင်လေးတွေရဲ့ ခန္ဓာကိုယ်မှာ မတူညီတဲ့စင်းကြောင်းပေါင်းများစွာလည်း ပါတတ်ပါတယ်။ အဝါရောင်ကြောင်လေးတွေမှာ ထူးခြားချက်တစ်ခုကတော့ သူတို့ရဲ့ခန္ဓာကိုယ်မှာ "M" ပုံစံဖြစ်နေတဲ့ အစင်းကြောင်းလေးတွေ ပါတာပါ။ အထူးသဖြင့် နဖူးပေါ်မှာ "M" အက္ခရာပုံစံကို တွေ့ရတတ်ပါတယ်။
၃။ အမွေးမှာတွေ့ရတဲ့ ရောင်ခြည်ပစ္စည်း
pheomelaninဆိုတဲ့ ရောင်ခြယ်ပစ္စည်းကို အဝါရောင်ကြောင်လေးတွေရဲ့အမွေးမှာ တွေ့ရသလို အဝါရောင်ဆံပင်ရှိတဲ့လူသားတွေမှာလည်း တွေ့ရပါတယ်။ Eumelanin ပိုများတဲ့အခါမှာ လူသားတွေရဲ့ဆံပင်က ဝါနီရောင်အဖြစ်ပြောင်းသွားတတ်ပါတယ်။
၄။ အဝါရောင်ကြောင်လေးတွေမှာ တင်းတိပ်ရှိပါတယ်။
တင်းတိပ်လေးတွေကို အဝါရောင်ကြောင်လေးတွေရဲ့ နှာခေါင်း၊ မျက်လုံးတစ်ဝိုက်နဲ့ ခြေဖဝါး၊ လက်ဖဝါးတွေမှာ တွေ့ရပါတယ်။ Lentigo လို့ခေါ်တဲ့ မျိုးရိုးဗီဇအခြေအနေတစ်ခုကြောင့် အဝါရောင်ကြောင်လေးတွေမှာ တင်းတိပ်ပေါက်ပါတယ်။
အဝါရောင်ကြောင်လေးတွေမှာ ရောင်ခြယ်ပစ္စည်းတွေကို ပိုထုတ်လုပ်နိုင်တဲ့ဆဲလ်တွေ ရှိတာကြောင့် အနက်ရောင်အစက်အပြောက် သို့မဟုတ် အညိုရောင်အစက်အပြောက်တွေ ဖြစ်လာပါတယ်။
၅။ သူတို့ဟာ များသောအားဖြင့် အထီးတွေပါ။
အဝါရောင်ကြောင်လေးတွေမှာ တွေ့ရတတ်တဲ့နောက်ထပ် ထူးခြားချက်တစ်ခုကတော့ အမအရေအတွက်နည်းပြီး အထီးအရေအတွက်များနေတာပါ။ အဝါရောင်ကြောင်တွေက ၄ ကောင်ရှိရင် ၃ ကောင်က အထီးတွေဖြစ်နေပြီး ကျန်တစ်ကောင်ကပဲ အမဖြစ်နေတတ်ပါတယ်။
၆။ အဝါရောင်ကြောင်လေးတွေကို လူကြိုက်များပါတယ်။
အဝါရောင်ကြောင်လေးတွေက သူတို့ရဲ့ထူးခြားလှပတဲ့ အရောင်ကြောင့် အခြားကြောင်တွေထက် ချစ်ခင်မှု၊ ဂရုစိုက်မှုပိုရှိပါတယ်။ အဝါရောင်ကြောင်လေးတွေက လူနားလည်း ကပ်ပြီး အရမ်းလည်း ဆော့တတ်ကြပါတယ်။ အဲဒါကြောင့် အဝါရောင်ကြောင်ကို မွေးတဲ့သူက ပိုများပါတယ်။
၇။ သူတို့တွေဟာ စကားပြောရတာကိုလည်း သဘောကျပါတယ်။
ကြောင်တွေရဲ့အရောင်နဲ့ အပြုအမူတွေဟာ ဆက်စပ်မှုရှိပါတယ်။ အနက်၊ အညို၊ ဝါညိုကွက်တွေပါတဲ့ကြောင်တွေဟာ လူအနားကို အရမ်းကပ်ပါတယ်။ အဝါရောင်ကြောင်လေးတွေကတော့ လူချစ်လာအောင် ပြုလုပ်တတ်ပါတယ်။ လူတွေနဲ့ စကားတွေအပြန်အလှန်ပြောရာကိုလည်း သဘောကျလေ့ရှိပါတယ်။
၈။ အဝါရောင်ကြောင်လေးတွေက ကိုယ်အလေးချိန် တက်လွယ်ပါတယ်။
အဝါရောင်ကြောင်လေးတွေက အစားအရမ်းမက်ပါတယ်။ အဲဒါကြောင့် အဝါရောင်ကြောင်တွေဆိုရင် ခပ်ဝဝလေးတွေ ဖြစ်နေတတ်ပါတယ်။ အဝလွန်တဲ့ နောက်ဆက်တွဲအနေနဲ့ အဆစ်တွေ ထိခိုက်တာနဲ့ အသည်းရောဂါဖြစ်လာနိုင်ပါတယ်။
Zombie (lovemedia)
0 Comments