လက်သည်းတွေ ခဏခဏကျိုးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရရင်တော့ ဒီပြဿနာကို ခေါင်းရှုပ်စရာမလိုတော့ပါဘူးနော်။ လက်သည်းကို ခဏခဏမကျိုးအောင်၊ သန်မာလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ လက်သည်းနီးကို အမြဲတမ်းမဆိုးထားသင့်ပါဘူး။
အမျိုးသမီးအများစုက လက်သည်းနီကို အမြဲလိုလိုဆိုးထားတတ်ကြပါတယ်။ လက်သည်းကို အနားမပေးဘဲ အမြဲလိုလိုလက်သည်းဆေးဆိုးတာကြောင့် ဆေးမှာပါတဲ့ဓာတုဆေးတွေက လက်သည်းအတွင်းထဲ စိမ့်ဝင်သွားပါတယ်။
အဲဒီကနေ လက်သည်းက အရောင်မလှတော့တာ၊ ဝါလာတာ၊ ကျိုးလာတာ၊ ပဲ့ထွက်သွားတာတို့ ကြုံလာရပါတယ်။ လက်သည်းကျန်းမာဖို့ လက်သည်းဆိုးပြီးရင် လက်သည်းကို ဘာဆေးမှမဆိုးဘဲ ခဏလောက်အနားပေးသင့်ပါတယ်။
၂။ လက်သည်းကို တံစဉ်းနဲ့ ပုံမှန်တိုက်ပေးပါ။
လက်သည်းညှပ်တဲ့ပုံစံမမှန်တဲ့အခါမှာလည်း လက်သည်းတွေက ကျိုးပဲ့ထွက်သွားပါတယ်။ အဲဒါကြောင့် လက်သည်းညှပ်ပြီးတဲ့အခါမှာ လက်သည်းကို တံစဉ်းတိုက်ပေးဖို့ လိုပါတယ်။ လက်သည်းကို တံစဉ်းနဲ့တိုက်တဲ့အခါမှာ လားရာတစ်ဘက်တည်းကိုပဲ တိုက်သင့်ပါတယ်။
၃။ ပန်းကန်ဆေးတဲ့အခါမှာ ရာဘာလက်အိတ်ဝတ်ပါ။
ဓာတုပစ္စည်းတွေနဲ့ အချိန်ကြာကြာထိတွေ့ရသူတွေမှာ လက်သည်းတွေက အားနည်းလာပါတယ်။ ပန်းကန်ဆေးတဲ့အခါမှာ ရာဘာလက်အိတ်ကို ဝတ်ပြီးမှ ဆေးသင့်ပါတယ်။
ပန်းကန်ဆေးဆပ်ပြာတွေမှာ ပါဝင်တဲ့ဓာတုဆေးတွေက အန္တရာယ်ဖြစ်စေရုံမက လက်သည်းကိုလည်း ကျိုးပဲ့လာစေပါတယ်။
၄။ ထမင်းစားပါ။
ကျန်းမာဖို့ဆိုရင် စားသုံးတဲ့အစားအစာတွေကလည်း အများကြီး အရေးပါပါတယ်။ လက်သည်းကျန်းမာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်ဘီက ထမင်းမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် ထမင်းစားပေးတာကလည်း လက်သည်းကို ကျန်းမာစေပါတယ်။
၅။ Nail hardener ကို ရှောင်ပါ။
လက်သည်းကို အားဖြည့်ပေးတဲ့ nail hardener ကို အမြဲတမ်းအသုံးပြုလို့ မကောင်းပါဘူး။ သူရဲ့ပါဝင်ပစ္စည်းတွေက လက်သည်းကို မာသွားစေပါတယ်။ လက်သည်းကို မာသွားစေတဲ့အပြင် ခြောက်သွေ့သွားစေတာကြောင့် ပိုပြီး ကျိုးလာနိုင်ပါတယ်။
၆။ လက်သည်းကို ဆီလိမ်းပေးပါ။
လက်သည်းကို ရေဓာတ်ဖြည့်ပေးအတွက် ဆီလိမ်းပေးလို့ရပါတယ်။ အုန်းဆီ၊ သံလွင်ဆီ၊ အလှဆီတို့ကို လက်သည်းမှာ လိမ်းထားပြီး ၅ မိနစ်ခန့် ထားပါ။ အဲဒီနောက် ရေဆေးချလိုက်လို့ရပါပြီ။
၇။ လက်သည်းကို လတ်ဆတ်တဲ့လိမ္မော်ရည်ထဲမှာ စိမ်ထားပါ။
လိမ္မော်သီးမှာ ဗီတာမင်စီတွေ အများကြီးပါဝင်ပါတယ်။ အဲဒါကြောင့် လက်သည်းကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ လိမ္မော်သီးစိပ်ထဲမှာ လက်သည်းကို ထည့်ပြီး စိမ်ထားလို့ရသလို လတ်ဆတ်တဲ့ လိမ္မော်သီးထဲမှာလည်း လက်သည်းကို နှစ်ထားလို့ရပါတယ်။
Zombie (lovemedia)
0 Comments