တချို့လူတွေက ရွှေတမတ်သား လက်စွပ်လေး ဝတ်ထားတဲ့ အကြောင်းကို ရွှေဆိုင်ကြီး ဖွင့်ထားတဲ့သူ ကိုမှ သွားကြွားမိတတ်ကြတယ်။
တချို့သူတွေက ဟိုက်ဂျက်ကားလေး စီးနိုင်တာကို အိမ်က ကားနဲ့လေ အိမ်ကကားနဲ့လေ ဆိုပြီး သွားသွား ကြွားပြနေတာ car show room ပိုင်ရှင်ကြီးမှန်း မေ့နေတတ် ကြတယ်။
တချို့သူတွေက အင်္ဂလိပ်စကား ကိုယ်သိ ကိုယ်တတ် ဆိုပြီး လူတွင်ကျယ် ဝင်ဝင် စွာတတ်တာ သူတို့ကို ဆိတ်ဆိတ်ငြိမ်ပြီး ကြည့်နေတဲ့ သူက ဥရောပလို နိုင်င်ငံကြီးတွေမှာ ကျောင်းပြီးခဲ့တဲ့ အကြောင်း သူတို့ မသိပြန်ဘူး။
ဆိုင်ခန်းလေး တခန်းဖွင့်ပြီး အဝတ်အထည် အပေါစားလေးတွေ တင်ရောင်းနေတာကို ပိုးထည်တိုက် ဖွင့်ထားတဲ့ သူမျိုးတွေနဲ့ သွားယှဉ်နေတဲ့ သူမျိုးလည်း ရှိပြန်ရော။
ဝမ်းဆက်တစုံ ၅၀၀၀ ချုပ်ပြီး ချုပ်ထည်တွေ ပုံနေတယ်လို့ သွားကြွားဝါမိတဲ့ သူက တစုံ ချုပ်ခကို ၁၀ သိန်းလောက် ယူပြီး တနေ့ကို တစုံဘဲ ချုပ်နေတဲ့သူ ဆိုတာ သူမသိဘူး။
တကယ်တော့ ဆိတ်ဆိတ်နေတဲ့ သူတွေက ပြည့်ပြီးသားအိုးတွေ ဆိုတော့ ဘောင်ဘင်မခတ်တဲ့ သဘောတွေ ပါဘဲ။
လောကမှာ ကိုယ့်ထက်သိ ကိုယ့်ထက်တတ် ကိုယ့်ထက်လှ ကိုယ့်ထက်ချမ်းသာ ကိုယ့်ထက်အောင်မြင် ကိုယ်မမြင်ဖူး မသိဘူး မကြားဖူးတဲ့ အကြောင်းအရာတွေ အများကြီးပါ။
ဘောင်ဘင် မခတ်ပြကြပါနဲ့။ ကျနော်လည်း ဘောင်ဘင် မခတ်အောင် ကိုယ့်ကိုယ့်ကို ထိန်းကျောင်း ပြုပြင်နေဆဲပါ။ အဲဒီလို လူမျိုးတွေ တွေ့ရင်တော့ ပြုံးပဲ ပြုံးမိလိုက်ပါတယ်။ crd
Zawgyi
မျပည့္တဲ့အိုး ေဘာင္ဘင္ခတ္
တခ်ိဳ႕လူေတြက ေ႐ႊတမတ္သား လက္စြပ္ေလး ဝတ္ထားတဲ့ အေၾကာင္းကို ေ႐ႊဆိုင္ႀကီး ဖြင့္ထားတဲ့သူ ကိုမွ သြားႂကြားမိတတ္ၾကတယ္။
တခ်ိဳ႕သူေတြက ဟိုက္ဂ်က္ကားေလး စီးႏိုင္တာကို အိမ္က ကားနဲ႔ေလ အိမ္ကကားနဲ႔ေလ ဆိုၿပီး သြားသြား ႂကြားျပေနတာ car show room ပိုင္ရွင္ႀကီးမွန္း ေမ့ေနတတ္ ၾကတယ္။
တခ်ိဳ႕သူေတြက အဂၤလိပ္စကား ကိုယ္သိ ကိုယ္တတ္ ဆိုၿပီး လူတြင္က်ယ္ ဝင္ဝင္ စြာတတ္တာ သူတို႔ကို ဆိတ္ဆိတ္ၿငိမ္ၿပီး ၾကည့္ေနတဲ့ သူက ဥေရာပလို ႏိုင္င္ငံႀကီးေတြမွာ ေက်ာင္းၿပီးခဲ့တဲ့ အေၾကာင္း သူတို႔ မသိျပန္ဘူး။
ဆိုင္ခန္းေလး တခန္းဖြင့္ၿပီး အဝတ္အထည္ အေပါစားေလးေတြ တင္ေရာင္းေနတာကို ပိုးထည္တိုက္ ဖြင့္ထားတဲ့ သူမ်ိဳးေတြနဲ႔ သြားယွဥ္ေနတဲ့ သူမ်ိဳးလည္း ရွိျပန္ေရာ။
ဝမ္းဆက္တစုံ ၅၀၀၀ ခ်ဳပ္ၿပီး ခ်ဳပ္ထည္ေတြ ပုံေနတယ္လို႔ သြားႂကြားဝါမိတဲ့ သူက တစုံ ခ်ဳပ္ခကို ၁၀ သိန္းေလာက္ ယူၿပီး တေန႔ကို တစုံဘဲ ခ်ဳပ္ေနတဲ့သူ ဆိုတာ သူမသိဘူး။ တကယ္ေတာ့ ဆိတ္ဆိတ္ေနတဲ့ သူေတြက ျပည့္ၿပီးသားအိုးေတြ ဆိုေတာ့ ေဘာင္ဘင္မခတ္တဲ့ သေဘာေတြ ပါဘဲ။
ေလာကမွာ ကိုယ့္ထက္သိ ကိုယ့္ထက္တတ္ ကိုယ့္ထက္လွ ကိုယ့္ထက္ခ်မ္းသာ ကိုယ့္ထက္ေအာင္ျမင္ ကိုယ္မျမင္ဖူး မသိဘူး မၾကားဖူးတဲ့ အေၾကာင္းအရာေတြ အမ်ားႀကီးပါ။ ေဘာင္ဘင္ မခတ္ျပၾကပါနဲ႔။ က်ေနာ္လည္း ေဘာင္ဘင္ မခတ္ေအာင္ ကိုယ့္ကိုယ့္ကို ထိန္းေက်ာင္း ျပဳျပင္ေနဆဲပါ။ အဲဒီလို လူမ်ိဳးေတြ ေတြ႕ရင္ေတာ့ ၿပဳံးပဲ ၿပဳံးမိလိုက္ပါတယ္။ crd
0 Comments