သိပ္ပံပညာရှင်တွေတောင် အဖြေရှာမရဖြစ်နေတဲ့ ကမ္ဘာပေါ်က အံ့အားသင့်စရာ (၈) ခု

လူတို့နေထိုင်ရာ ကမ္ဘာကြီးက ထင်ထားတာထက်ကို အများကြီး စိတ်ဝင်စားစရာကောင်းပါတယ်။ အချို့သောအကြောင်းအရာတွေဆိုရင် သိပ္ပံပညာရှင်တွေတောင် ခေါင်းရှုပ်နေဆဲဖြစ်ပြီး ယခုအထိ အဖြေမထုတ်နိုင်သေးပါဘူး။

၁။ Ain Dara ဘုရားကျောင်းက ဧရာမခြေရာကြီး

သံခေတ်ကတည်းက ဘုရားကျောင်းဖြစ်တဲ့ Ain Dara ဘုရားကျောင်းဟာ ဆီးရီးယားနိုင်ငံမှာ တည်ရှိပါတယ်။ အဲဒီဘုရားကျောင်းမှာ ခြေရာတစ်ဖက်က ကြမ်းပြင်ထဲမှာ နစ်ဝင်နေပြီး ခြေရာတစ်ဖက်ကတော့ တံခါးခုံမှာ ဖြစ်ပေါ်နေပါတယ်။

ခြေရာတစ်ခုချင်းစီဟာ တစ်မီတာ အရှည်ရှိပြီး လူသားခြေရာထက် ၃ ဆခန့် ကြီးမားပါတယ်။ တံခါးခုံက ခြေရာနဲ့ ကြမ်းပြင်ကခြေရာဟာ ၁၀ မီတာခန့် ကွာဝေးနေပါတယ်။

၂။ ဆာဟာရာသဲကန္တာရထဲက မျက်လုံးကြီး

The Richat Structure လို့ ခေါ်တဲ့ မျက်လုံးပုံစံကြီးဟာ ဆာဟာရသဲကန္တရာထဲမှာ တည်ရှိပါတယ်။ အစကတော့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကြောင့် မျက်လုံးပုံစံဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြပါတယ်။

နောက်ပိုင်းမှာတော့ ဒီမျက်လုံးပုံစံကြီးက ကမ္ဘာမြေကြီးထဲမှာ လုံးဝနစ်ဝင်နေတဲ့အရာဖြစ်ကြောင်း တွေ့ရှိသွားကြပါတယ်။

၃။ တောထဲက ဧရာမကျောက်တုံးကြီး

ဆယ်ပေအကျယ်ရှိတဲ့ ကျောက်တုံးအကြီးကြီးတစ်တုံးကို Bosnian တောထဲမှာ တွေ့ရပါတယ်။ ကျောက်တုံးကြီးက လုံးဝကို ဝိုင်းစက်နေပါတယ်။ သဘာဝအတိုင်းဖြစ်လာလား၊ ဂြိုဟ်သားတွေ ပြုလုပ်ထားတာလားဆိုတာတော့ အဖြေရှာရခက်နေတုန်းပါပဲ။

၄။ မက္ကဆီကိုနိုင်ငံက Teotihuacan

နတ်ဘုရားတို့မွေးဖွားရာနေရာလို့ ခေါ်ကြတဲ့ Teotihuacan ဟာ မက္ကဆီကိုနိုင်ငံရဲ့မြို့တော် Mexico City ရဲ့အနီးအနားမှာ တည်ရှိပါတယ်။ အခုအချိန်မှာတော့ Teotihuacan ရဲ့အပျက်အစီးတွေကို မြင်တွေ့ရမှာပါ။ ဒီရှေးဟောင်းမြို့တော်မှာ လူပေါင်းတစ်သိန်းနေထိုင်ခဲ့ကြပါတယ်။

၅။ နတ်သမီးတို့ရဲ့အိမ်

အီတလီနိုင်ငံမှာ ရှေးဟောင်းအဆောက်အဦးတွေ အများကြီးပါပဲ။ ဒါပေမယ့် မထင်မရှားရှေးဟောင်းအဆောက်အဦးတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ နတ်သမီးတို့ရဲ့အိမ်လို့ခေါ်တဲ့ Domus de Janas ကလည်း အပါအဝင်ပါပဲ။

နတ်သမီးတို့ရဲ့အိမ်အပေါက်ဝဟာ အရမ်းကို ကျဉ်းမြောင်းပါတယ်။ နတ်သမီးတို့ရဲ့အိမ်ကို BCE ၃၄၀၀ နဲ့ ၂၇၀၀ ကြားမှာ တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

၆။ အိန္ဒိယနိုင်ငံက Ellora

Kailasa ဘုရားကျောင်းမှာရှိတဲ့ Ellora လိုဏ်ဂူဟာ ကမ္ဘာပေါ်မှာ ပဟေဠိအဖြစ်ဆုံးအဆောက်အဦးတွေထဲက တစ်ခုပါပဲ။ ဒီအဆောက်အဦးကို ကျောက်တုံးအတိနဲ့ တည်ဆောက်ထားတာပါ။ ရှေးဟောင်းအိန္ဒိယလူမျိုးတွေရဲ့ ဗိသုကာလက်ရာက ယနေ့အထိ အံ့အားသင့်စရာကောင်းနေဆဲပါပဲ။

၇။ Bacchus ဘုရားကျောင်း

Balalbek မှာတည်ရှိတဲ့ Bacchus ဘုရားကျောင်းကို ပထမထောင်စုနှစ်ကာလကတည်းက တည်ဆောက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ Bacchus ဘုရားကျောင်းက အရမ်းကို ကြီးမားတာကြောင့် လူသားတွေပဲ တည်ဆောက်ခဲ့တာလားဆိုတာကို ယခုအထိ အဖြေရှာမရဖြစ်နေဆဲပါပဲ။

၈။ ဂျပန်နိုင်ငံက Masuda no iwafune

ဂျပန်နိုင်ငံက Asuka ဒေသမှာ လေးထောင့်ပုံစံအပေါက်တွေရှိတဲ့ ကျောက်တုံးတွေ အများကြီးရှိပါတယ်။ အဲဒီကျောက်တုံးတွေကို ရှေးဟောင်းဂျပန်လူမျိုးတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ခဲ့လဲဆိုတာကို အဖြေရှာမရသေးပါဘူး။

Bonus

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးရီးယားပြည်နယ်မှာ Death Valley National Park လို့ ခေါ်တဲ့ အံ့အားသင့်စရာနေရာတစ်ခု ရှိပါတယ်။ ရှေးရှေးတုန်းက အဲဒီနေရာမှာ ကန်ကြီးတစ်ခုရှိခဲ့ပြီး အခုတော့ ခြောက်သွေ့သွားခဲ့ပါတယ်။

အဲဒီကန်ထဲမှာ ကျောက်တုံးတွေက သူ့အလိုလိုရွေ့လျားနေကြပြီး နောက်မှာ ထယ်ကြောင်းတွေ ကျန်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာတိုင်အောင် ဒီအဖြေကို ရှာမတွေ့ခဲ့ကြပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments