ဖုန်းက လူတိုင်းရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်အရေးပါလာပါတယ်။ ဖုန်းကို နာရီပေါင်းများစွာ အသုံးပြုတဲ့အခါမှာ မျက်လုံးကျန်းမာရေးအပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ တဖြည်းဖြည်း ထိခိုက်လာစေမှာပါ။
၁။ အစာချေရာမှာ ခက်ခဲလာခြင်း
ဖုန်းနဲ့ ကွန်ပျူတာတွေကို တစ်နေ့တာမှာ နာရီပေါင်းများစွာ အသုံးပြုတဲ့အခါ အစာချေစနစ်မှာ အခက်အခဲတွေဖြစ်ပေါ်လာမှာပါ။ လှုပ်ရှားမှုမရှိဘဲ ဖုန်းအသုံးပြုချိန်များတာကြောင့် ဗိုက်နာတာ၊ ဗိုက်အောင့်တာ၊ ဝမ်းချုပ်တာတို့ ဖြစ်ပေါ်စေပါတယ်။ ဖုန်းတစ်နာရီအသုံးပြုပြီးတိုင်းမှာ ၅ မိနစ်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။
၂။ သွားကျန်းမာရေး ယိုယွင်းလာခြင်း
သွားကျန်းမာရေးနဲ့ ဖုန်းအသုံးပြုချိန်များတာကလည်း ဆက်စပ်နေပါတယ်။ တီဗွီကြည့်ချိန်၊ ကွန်ပျူတာအသုံးပြုချိန်များတဲ့အခါမှာ အချိုရည်တွေ၊ မုန့်အချိုတွေ၊ အာလူးကြော်တွေကို သတိမမူမိဘဲ အများကြီး စားမိသွားတတ်ပါတယ်။ တီဗွီကြည့်ရင်း၊ ဖုန်းသုံးရင်းနဲ့ မုန့်စားတာက သွားကျန်းမာရေးအပြင် ဆီးချိုရောဂါပါ ဖြစ်ပေါ်လာစေမှာပါ။
၃။ ပေါင်းသင်းဆက်ဆံရေးအားနည်းလာခြင်း
ဖုန်းနဲ့ပဲ အချိန်ကုန်တာများတဲ့သူက ပြင်ပက လူမှုပေါင်းသင်းဆက်ဆံရေးမှာ အားနည်းလတတ်ပါတယ်။ တစ်ယောက်တည်း သီးသန့်နေရတာကို သဘောကျလာတတ်ပါတယ်။ Social media ကို အလွန်အမင်းစွဲလမ်းသူတွေဟာ စိတ်ကျရောဂါကိုလည်း ဖြစ်နိုင်ချေပိုများပါတယ်။
၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာခြင်း
ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်း လျော့ပါးလာပါတယ်။ Social media ကို အသုံးပြုချိန်များတာကြောင့် ပြင်ပက အကြောင်းအရာတွေကို စိုးရိမ်ပူပန်လာတတ်ပါတယ်။ ဒီလိုမျိုးဆိုးကျိုးကို ကလေးတွေမှာလည်း ခံစားရတတ်ပါတယ်။
၅။ အဝလွန်ခြင်း
တီဗွီ၊ ဖုန်း၊ လက်ပ်တော့နဲ့ အချိန်ကုန်တာများတဲ့သူတွေက အဝလွန်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို သတိမမူမိဘဲ အများကြီးစားမိသွားပြီး ကိုယ်လက်လှုပ်ရှားမှုလည်း နည်းတာကြောင့် အဝလွန်တာကို အသက်ငယ်ငယ်နဲ့ ခံစားရနိုင်ပါတယ်။ ဖုန်းအသုံးပြုချိန်များတဲ့ကလေးတွေမှာလည်း အဝလွန်လာနိုင်ပါတယ်။
၆။ ခါးနဲ့ လည်ပင်း နာကျင်လာခြင်း
ဖုန်းကို အသုံးပြုချိန်များတဲ့သူတွေမှာ ကိုယ်နေဟန်ထားက မမှန်ကတော့ပါဘူး။ လည်ပင်းကို အကြာကြီးငုံ့ပြီးကြည့်မိသွားတတ်ပါတယ်။ အဲဒီကနေ ခါးနဲ့ လည်ပင်းမှာ ဖိအားတွေများလာပြီး ခါးနာတာ၊ အကြောတက်တာတို့ ခံစားရစေပါတယ်။
Zombie (lovemedia)
0 Comments