ခရီးသွားတဲ့အခါ ကားမူးတာကို လွယ်လွယ်ကူကူ သက်သာစေမယ့်နည်းလမ်း (၉) ခု

ကား၊ ရထား၊ လေယာဉ်၊ သင်္ဘောတို့စီးတဲ့အခါ မြင်ရတဲ့အရာနဲ့ ခံစားရတဲ့အရာ မမျှတတဲ့အခါမှာ မူးလာပါတယ်။ မူးလာတဲ့အပြင် မန်တာ၊ အစားစားချင်စိတ်မရှိတော့တာ၊ အသားအရေဖြူရော်လာတာတို့ ဖြစ်လာပါတယ်။

အဲဒါကြောင့် ခရီးသွားတဲ့အခါ ကားမူးတာကို လွယ်လွယ်ကူကူ သက်သာစေမယ့်နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ထိုင်ခုံနေရာ

ကားစီးတဲ့အခါမှာ ကားရဲ့အနောက်ပိုင်းမှာမထိုင်ဘဲ အရှေ့ပိုင်းမှာ ထိုင်ပါ။ လှေစီးတဲ့အခါမှာတော့ လှေရဲ့အလယ်နေရာမှာ ထိုင်ပါ။ ဘတ်စ်ကားစီးတဲ့အခါ ပြူတင်းပေါက်ဘေးမှာ ထိုင်ရင် မူးတာ သက်သာပါတယ်။

သင်္ဘောစီးတဲ့အခါ မမူးအောင်လို့ သင်္ဘောအောက်ဘက်၊ ရေနဲ့နီးတဲ့အတန်းမှာ စီးပါ။ လေယာဉ်စီးတဲ့အခါမှာ လေယာဉ်ရဲ့အလယ်မှာထိုင်ရင် မမူးပါဘူး။ ရထားစီးတဲ့အခါမှာတော့ ပြူတင်းပေါက်နဲ့ မျက်နှာချင်းဆိုင်နေရာကို ရွေးချယ်ပါ။

၂။ ခေါင်းကို မရွေ့လိုက်ပါနဲ့။

ယာဉ်တွေ စီးတဲ့အခါ မမူးအောင်လို့ သက်တောင့်သက်သာထိုင်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်ပါ။ ခေါင်းကိုလည်း မရွေ့လိုက်ပါနဲ့။ အဲဒီအခါ ကားမူးရင်လည်း အရမ်းမဆိုးတော့ပါဘူး။

၃။ တည်ငြိမ်တဲ့အရာတွေကို ငေးကြည့်ပါ။

ရထားစီးတဲ့အခါ၊ ကားစီးတဲ့အခါ မမူးအောင်လို့ မျက်လုံးနဲ့ တပြေးညီမှာရှိတဲ့ တည်ငြိမ်တဲ့အရာတွေကို ငေးကြည့်ပါ။ သင်နဲ့ လားရာတူတဲ့အရာတွေကို မကြည့်ဘဲ နောက်မှာကျန်ခဲ့တာတွေကို ကြည့်ရင် ပိုပြီးတော့ မူးတတ်ပါတယ်။

၄။ လတ်ဆတ်တဲ့လေကို ရှူရှိုက်ပါ။

လေကောင်းလေသန့်ရအောင် မှန်ကို ချထားပြီး လေကိုရှူရှိုက်ပါ။ ဒါမှမဟုတ် ပန်ကန်အသေးလေးကို ဆောင်ထားပြီး မျက်နှာရှေ့မှာ ဖွင့်ထားပေးလို့လည်း ရပါတယ်။

၅။ မုန့်စားပါ။

ပေါင်မုန့်၊၊ ပန်းသီး၊ ငှက်ပျောသီးတို့လို အသီးအနှံ၊ ဘီစကစ်စားတာက မူးပြီး အန်ချင်တဲ့စိတ်ကို ပျောက်ကင်းစေပါတယ်။

၆။ နားဆို့ကို အသုံးပြုပါ။

ကားမူးတာကို မခံစားရစေဖို့အတွက် နားထဲမှာ နားဆို့လေးကို ထည့်ထားလို့ရပါတယ်။

၇။ သီချင်းနားထောင်ပါ။

သီချင်းက အာရုံပြောင်းနိုင်ပါတယ်။ အဲဒါကြောင့် ခရီးသွားတဲ့အခါ နားကြပ်တပ်ပြီး သီချင်းနားထောင်တာကလည်း ကားမူးတာကို သက်သာစေပါတယ်။

၈။ ဖုန်းကို အသုံးမပြုသင့်ပါဘူး။

ယာဉ်တွေ သွားနေစဉ်မှာ ဖုန်း၊ တက်ဘလက်တို့နဲ့ စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာက ပိုပြီး မူးစေပါတယ်။ အဲဒါကြောင့် ဖုန်းတွေ၊ တက်ဘလက်တွေကို အသုံးမပြုဘဲ သီချင်းနားထောင်တာ ပိုကောင်းပါတယ်။

၉။ သဘာဝသစ်ဥသစ်ဖု

ပူဒီနာ၊ ဂျင်း၊ လာဗင်ဒါရနုံတို့ကို ရှူရှိုက်ပေးတာက မူးတာကို သက်သာစေပါတယ်။ ရနံ့ဆီလေးတွေကို လက်ကောက်ဝတ်နဲ့ လည်ပင်းမှာ လူးပေးတာကလည်း ကားမူးတာကို အချိန်တိုအတွင်း လျော့ပါးစေပါတယ်။

ချာမိုမိုင်းလက်ဖက်ရည်ကို သောက်ပေးရင်လည်း ကားမူးတာ ပျောက်ပြီး လန်းဆန်းလာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments