ခွေးလေးနဲ့အတူ ကမ္ဘာတစ်ပတ် လမ်းလျှောက်ပြီး ခရီးထွက်ခဲ့တဲ့အမျိုးသား

ကမ္ဘာပတ်ပြီး ခရီးထွက်လိုတာက လူတိုင်းနီးပါးရဲ့ဆန္ဒပါပဲ။ Tom Turcich ကတော့ သူရဲ့ဆန္ဒကို ပြည့်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Tom က ခွေးလေးတစ်ကောင်ကို အမေရိကန်နိုင်ငံ၊ တက္ကဆီပြည်နယ်ကနေ မွေးစားခဲ့ပြီးနောက် ကမ္ဘာတစ်ပတ်ကို လမ်းလျှောက်ပြီး ခရီးထွက်ခဲ့ပါတယ်။

Tom က ငယ်စဉ်ကတည်းက ကမ္ဘာကြီးကို ပတ်ပြီး ခရီးထွက်လိုတဲ့ဆန္ဒရှိခဲ့တာပါ။ အသက် ၁၇ နှစ်အရွယ်မှာ သူ့ရဲ့သူငယ်ချင်း Ann Marie ကို ဆုံးရှုံးခဲ့ရပါတယ်။ သူငယ်ချင်းကို ဆုံးရှုံးလိုက်ရာကနေ ဘဝဆိုတာ တစ်ခဏပဲဆိုတာကို နားလည်သွားခဲ့ပါတယ်။

အဲဒါကြောင့် Tom  က ကိုယ့်ကိုယ်ကိုယ်ပြန်လည်အာရုံစိုက်လာနိုင်အောင် ကြိုးစားပြီး ကမ္ဘာတစ်ပတ်ခရီးထွက်နိုင်အောင် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ပတ်ခရီးထွက်ဖို့ ကုန်ကျစရိတ်သက်သာမယ့်နည်းလမ်းတွေကို ရှာဖွေခဲ့ပါတယ်။ အဲဒီကနေ မထင်မှတ်ဘဲ  Steve Newman နဲ့ Kark Bushby ကို မထင်မှတ်ဘဲ တွေ့လိုက်ပါတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေကို လမ်းလျှောက်ပြီး ခရီးထွက်လို့ရနိုင်မှန်း Tom နားလည်သွားခဲ့ပါတယ်။

ဒါပေမယ့် ခရီးထွက်ဖို့အတွက် ငွေတွေစုရတာနဲ့ ချေးငွေတွေ ပြန်ဆပ်နေရတာကြောင့် အချိန်က ကြန့်ကြာသွားခဲ့ပါတယ်။ Tom အသက် ၂၆ နှစ်မှာတော့ သူ့ရဲ့ခရီးစဉ်ကို စတင်နိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ပတ်လမ်းလျှောက်ပြီး ခရီးထွက်ခဲ့တာက Tom ပထမဆုံးမဟုတ်ခဲ့ပါဘူး။

သူက ကမ္ဘာတစ်ပတ်ကို လမ်းလျှောက်ပြီး ခရီးထွက်ခဲ့တဲ့ ၁၀ ယောက်မြောက်လူပါ။ ဒါပေမယ့် Tom ရဲ့ ခွေးမလေး Savannah ကတော့ ကမ္ဘာပေါ်ကို လမ်းလျှောက်ပြီး ခရီးထွက်တဲ့ ပထမဆုံးခွေးလေးပါပဲ။

Tom က ခွေးလေး Savannah ကို တက္ကဆက်ပြည်နယ်ကနေ မွေးစားခဲ့ပြီး သူ့ရဲ့ခရီးစဉ်တစ်လျှောက်မှာ ခွေးလေးပါ လိုက်ပါလာခဲ့ပါတယ်။ Tom က ကမ္ဘာတစ်ပတ်ကို လမ်းလျှောက်ပြီး ခရီးထွက်ခဲ့တာဟာ ၇ နှစ်ကြာခဲ့ပါတယ်။ သူ့ရဲ့အသက် ၃၃ နှစ်မှာ ခွေးလေးနဲ့အတူ အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်။

Tom နဲ့ ခွေးလေးက ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းကို နာမည်ကြီးပြီး အားပေးသူတွေလည်း ရရှိခဲ့ပါတယ်။ သူတို့ခရီးစဉ်တစ်လျှောက် မှတ်တမ်းလေးတွေကို The World Walk လို့ နာမည်ပေးထားပြီး Instagram pageနဲ့ website မှာ တင်ထားပါတယ်။

Tom က ကမ္ဘာတစ်ပတ် လမ်းလျှောက်ပြီးခရီးထွက်ခဲ့ရာမှာ ၇ နှစ်ကြာခဲ့ပြီး မိုင်ပေါင်း ၂၈၀၀၀ ကို လမ်းလျှောက်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၈ နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ခရီးထွက်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အရမ်းပြောင်းလဲသွားကြောင်း၊ အတိတ်က Tom နဲ့ အရမ်းကို ကွာခြားသွားကြောင်း Tom က ပြောပြပါတယ်။

ခရီးထွက်နေစဉ် ပထမနှစ်နှစ်မှာတော့ စုထားတဲ့ငွေကနေ သုံးစွဲခဲ့ပါတယ်။ နောက်ထပ်ငါးနှစ်မှာတော့ စပွန်ဆာတွေနဲ့ အလှူရှင်တွေ ရှိလာခဲ့ပါတယ်။

အခုဆိုရင်တော့ အသက် ၃၃ နှစ်အရွယ် Tom က ခရီးသွားခဲ့တဲ့အတွေ့အကြုံတွေကို စာအုပ်ရေးဖို့အတွက် စီစဉ်နေပါပြီ။ ခရီးစဉ်တစ်လျှောက်မှာ ခွေးလေးနဲ့ Tom ဟာ အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်။

ခွေးလေးကလည်း သခင်ရဲ့နောက်ကို ၇ နှစ်လုံး လိုက်ပါခဲ့ပါတယ်။ အခုတော့ Tom နဲ့ ခွေးလေးဟာ ခရီးကနေ ပြန်ရောက်ပြီး အနားယူနေကြပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments