ဂျပန်လူမျိုးတွေလို ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စားတဲ့အခါ ရလာမယ့်အကျိုးကျေးဇူး (၇) ခု

ထမင်းစားတဲ့အခါ ထိုင်ခုံပေါ်မှာ ထိုင်ပြီး စားပွဲပေါ်မှာ စားရတာက အရမ်းကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးတွေကတော့ ထိုင်ခုံနဲ့ မထိုင်ဘဲ ကြမ်းပြင်ပေါ်မှာပဲ ထိုင်ပြီး စားကြပါတယ်။

ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဂျပန်စားသောက်ဆိုင်ကြီးတွေမှာတောင် ကြမ်းပြင်ပေါ်မှာပဲ ထိုင်ပြီး စားကြပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးစားတဲ့အခါ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၁။ အစာကြေဖို့ လွယ်ကူခြင်း

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး စားတဲ့ပုံစံက ယောဂလေ့ကျင့်ရင် ထိုင်တဲ့ပုံနဲ့ အတူတူပါပဲ။ ခြေထောက်ကို ခုပြီးထိုင်တဲ့ပုံစံကို ယောဂမှာ sukhasana လို့ခေါ်ပြီး ဒီလိုပုံစံက အစာအိမ်ဆီကို သွေးလည်မှုအားကောင်းစေပါတယ်။

အဲဒါကြောင့် အစာကြေလွယ်ပါတယ်။ အစားစားတဲ့အခါ ခန္ဓာကိုယ် မကိုင်းနေဘဲ ခပ်မတ်မတ်စားတာက လေပွတာကိုလည်း ကာကွယ်ပေးပါတယ်။

၂။ ကိုယ်အလေးချိန်ကို ထိန်းထားပေးခြင်း

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးတော့ စားတာက vagus နာဗ်ကြောရဲ့လုပ်ငန်းတွေကို ပိုမိုတိုးတက်စေပါတယ်။ အစာချေစနစ်က လက်ပ်တင်လို့ခေါ်တဲ့ဟော်မုန်းကို ထုတ်လွှတ်တဲ့အခါ vagus နာဗ်ကြောက ဗိုက်ပြည့်ပြီဖြစ်ကြောင်း အချက်ပြပါတယ်။

အဲဒါကြောင့် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးစားတာက ဗိုက်ပြည့်ကြောင့် သိရှိတာမြန်တာကြောင့် အစားတွေအများကြီးမစားဖြစ်တော့ပါဘူး။ ကိုယ်အလေးချိန်ကို အများကြီး မတက်လာအောင် ထိန်းထားပြီးသားဖြစ်စေပါတယ်။

၃။ ထိုင်ရတာ အဆင်ပြေခြင်း

ထိုင်ခုံပေါ်မှာ အကြာကြီးအလုပ်လုပ်ရတာ ခါးညောင်းလာမှာပါ။ အဲဒါကြောင့် ထမင်းစားတဲ့အခါ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးစားရင် ဒူးနဲ့ တင်ပါးကို ဆန့်ထားသလို ဖြစ်တာကြောင့် ထိုင်ရတာ သက်တောင့်သက်သာရှိပါတယ်။ ကျောရိုးနဲ့ ပုခုံးကိုလည်း သန်မာလာစေပါတယ်။

၄။ အသက်ရှည်စေခြင်း

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ထမင်းစားသောက်တာက လေ့ကျင့်ခန်းထွေထွေထူးထူးလုပ်စရာမလိုဘဲ ကျန်းမာစေတဲ့နည်းလမ်းပါ။ နေ့စဉ်အကျင့်ဖြစ်လာတဲ့အခါမှာတော့ အသက်ရှည်ကျန်းမာလာမှာပါ။

၅။ အဆစ်တွေကို ကျန်းမာစေခြင်း

ထိုင်ခုံပေါ်မှာ အချိန်အကြာကြီး ထိုင်ရတာက သက်တောင့်သက်သာမဖြစ်ပါဘူး။ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တဲ့အခါ တင်ပါး၊ ခြေချင်းဝတ်၊ အဆစ်တွေက ကွေးရဆန့်ရတာ အဆင်ပြေလာပါတယ်။

ကြမ်းပြင်ပေါ်မှာ ထိုင်တာက ကြွက်သားနဲ့ အဆစ်တွေကို အနားရစေပြီး ထိုင်ခုံပေါ်မှာ ထိုင်ရတာထက် အများကြီး နေရထိုင်ရကောင်းလာပါတယ်။

၆။ ကိုယ်နေဟန်ထား ကောင်းမွန်လာခြင်း

ထိုင်ခုံပေါ်မှာ အချိန်ကြာကြာအလုပ်လုပ်တဲ့အခါ ခါးက တဖြည်းဖြည်းနဲ့ ကုန်းလာပြီး ကိုယ်နေဟန်ထားက မမှန်ကန်တော့ပါဘူး။ အဲဒါကြောင့် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး အလုပ်လုပ်တာ၊ ထမင်းစားတာက ခါးကို အလိုလိုမတ်သွားစေပြီး ကိုယ်နေဟန်ထားလည်း မှန်ကန်လာပါတယ်။

၇။ စိတ်ကို တည်ငြိမ်စေခြင်း

ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ထမင်းစားတာက ယောဂလေ့ကျင့်သလိုပါပဲ။ အဲဒါကြောင့် စိတ်လည်း တည်ငြိမ်လာပြီး အစားအသောက်ကိုလည်း အာရုံစိုက်ပြီး စားဖြစ်လာစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments