အိမ်မှာ ပိုးမွှားတွေ ဓာတုဆေးတွေနဲ့ ဖယ်ရှားတာက လွယ်ကူပါတယ်။ ဒါပေမယ့် သင့်မှာ ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရှိတဲ့အခါမှာတော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ အိမ်မှာ အင်းဆက်ပိုးမွှားတွေ များပြားလာတဲ့အခါ သဘာဝနည်းလမ်းတွေနဲ့ ဖယ်ရှားလို့ရပါတယ်။
ပိုးဟပ်
- ကြက်သွန်နီတစ်လုံးကို တောက်တောက်စင်းလိုက်ပါ။
- ကြက်သွန်နီနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပြီး ပိုးဟပ်တွေ ရှိတဲ့နေရာမှာ ချထားလိုက်ပါ။
- ပိုးဟပ်တွေက ကြက်သွန်နီရဲ့အနံ့ကို ကြောက်တာကြောင့် မလာတော့ပါဘူး။
ပုရွက်ဆိတ်
အိမ်မှာ ပုရွက်ဆိတ်တွေ အရမ်းများနေရင် စိတ်ရှုပ်စရာမလိုတော့ပါဘူး။ ပြောင်းဖူးမှုန့်တွေကို ပုရွက်ဆိတ်တွေ လာတတ်တဲ့နေရာမှာ ထားလိုက်ပါ။
ပုရွက်ဆိတ်တွေက ပြောင်းဖူးမှုန့်တွေကို ယူသွားပြီးတော့ ပြန်မလာတော့ပါဘူး။ ရက်အနည်းငယ်အတွင်း ပုရွက်ဆိတ်တွေ သိသိသာသာ ပျောက်သွားပါတယ်။
ခြင်
- အသုံးမပြုရသေးတဲ့ ပန်းကန်ဆေးဖော့ထဲကို လာဗင်ဒါရနံ့ဆီ သို့မဟုတ် ယူကလစ်ဆီ ၃ စက်ခန့် ထည့်ပါ။
- ပန်းကန်ဆေးဖော့ကို ပုလင်းတစ်လုံးထဲ ထည့်ပြီး ၂၄ နာရီကြာ ပိတ်ထားပါ။
- ၂၄ နာရီကြာပြီးနောက် ပုလင်းကို ဖွင့်ထားလိုက်ပါ။ အဲဒီအခါ ခြင်တွေက ရနံ့ဆီအနံ့ကြောင့် ထွက်ပြေးသွားပါတယ်။
Zombie (lovemedia)
0 Comments