အကြားအာရုံနဲ့ပတ်သက်တဲ့ပြဿနာတွေက လူအများစုမှာ ကြုံတွေ့ရတတ်ပါတယ်။ အကြားအာရုံနဲ့ပတ်သက်တဲ့ပြဿနာတွေက ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။
အဲဒါကြောင့် အကြားအာရုံကို ထိခိုက်စေတဲ့အပြုအမူအချို့ကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ နားကြပ်တံကို အသုံးပြုခြင်း
နားကြပ်တံကို အသုံးပြုပြီး နားထဲက အညစ်အကြေးတွေကို ဖယ်ရှားတာက အဆင်ပြေပေမယ့် အကြားအာရုံအတွက်တော့ အဆင်မပြေပါဘူး။ နားကြပ်တံကို မကြာခဏအသုံးပြုရင် နားစည် ထိခိုက်လာပြီး ဆိုးဝါးလာတဲ့အခါ အကြားအာရုံပါ ပျောက်ဆုံးသွားနိုင်ပါတယ်။
နားစည်ကို မထိခိုက်အောင်လို့ နားကြပ်တံကို အသုံးမပြုတဲ့နည်းနဲ့ နားထဲက အညစ်အကြေးတွေကို ဖယ်ရှားလို့ရပါတယ်။
၂။ ကျယ်လောင်တဲ့အသံ၊ သီချင်းသံတွေကို နားထောင်ခြင်း
မနက်ခင်းအလုပ်သွားတဲ့အခါ ကြိုက်တဲ့သီချင်းလေးတွေကို နားကြပ်နဲ့နားထောင်ပြီး သွားရတာ အရမ်းကို ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် နားကြပ်နဲ့ သီချင်းသံတွေကို အကျယ်ကြီး နားထောင်တာကလည်း အကြားအာရုံကို ချွတ်ယွင်းလာစေပါတယ်။ နားကြပ်နဲ့ တစ်ခါတရံမှသာ သီချင်းနားထောင်တာကတော့ အကောင်းဆုံးပါပဲ။
၃။ နားဖောက်ခြင်း
နားပန်မှာ နားဖောက်တာ၊ နားရွက်ရဲ့ထိပ်ပိုင်းမှာ ဖောက်တာ၊ နားအတွင်းထဲမှာ ဖောက်တာက နားကျန်းမာရေးကို ယိုယွင်းလာစေပါတယ်။ နားရွက်ရဲ့ထိပ်ပိုင်းမှာ ဖောက်တာက ရောင်ရမ်းပြီးတော့ အလွယ်တကူ ပိုးဝင်လွယ်ပါတယ်။ ပိုးဝင်တဲ့နေရာကနေတစ်ဆင့် အကြားအာရုံကိုပါ သက်ရောက်မှု ဖြစ်ပေါ်လာစေနိုင်ပါတယ်။
၄။ နားကို ခြောက်သွေ့အောင်မထားခြင်း
ရေကူးတာက စိတ်ဖိစီးမှုတွေ ကင်းဝင်းစေပြီး ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် ရေကူးရင်းနဲ့ နားထဲကို ရေဝင်သွားတဲ့အခါ နားဖာချေးတွေက စိုသွားပါတယ်။
နားဖာချေးတွေက နားကို မှိုမဝင်အောင်၊ ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ နားဖာချေးတွေ စိုသွားတဲ့အခါမှာ ပိုးမွှားတွေက နားထဲကို ဝင်ဖို့ လွယ်ကူသွားပါတယ်။ နားထဲ ရေဝင်တာကနေတစ်ဆင့် နားအကြားအာရုံပြဿနာတွေ ကြုံလာရနိုင်ပါတယ်။
၅။ မိမိနဲ့ မကိုက်ညီတဲ့လေ့ကျင့်ခန်းကို ရွေးချယ်ခြင်း
အလေးမတာက ဦးနှောက်ထဲမှာ ဖိအားတွေဖြစ်စေပါတယ်။ အဲဒီဖိအားတွေက နားထဲကိုလည်း ရောက်သွားပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အချိန်မှာ နားဆို့ကို တပ်ထားသင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီး နားအူတာ၊ အသံတွေနားထောင်ရတာအဆင်မပြေတာတို့ မဖြစ်ဖို့အတွက် နားကိုလည်း သန့်ရှင်းရေးလုပ်ပေးသင့်သလို အသက်အောင့်ထားတာကိုလည်း ရှောင်သင့်ပါတယ်။
Zombie (lovemedia)
0 Comments