ကလေးဘဝရဲ့အမှတ်တရတွေက ကလေးတွေရဲ့ဘဝကို ဘယ်လိုသက်ရောက်စေနိုင်လဲ

ကလေးတွေကို အပျော်ရွှင်ဆုံး၊ အကျန်းမာဆုံးအဖြစ် ကြီးပြင်းစေလိုတာ မိဘတိုင်းရဲ့ဆန္ဒပါ။ ကလေးတွေကို ကျန်းမာပျော်ရွှင်တဲ့လူသားလေးတစ်ယောက်အဖြစ် ပြုစုပျိုးထောင်တဲ့နည်းလမ်းတွေ အများကြီး ရှိပါတယ်။

အဲဒီထဲကမှ ကလေးတွေကို ငယ်စဉ်အချိန်မှာ အမှတ်တရတွေ ဖန်တီးပေးတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရလာနိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အမှတ်တရတွေက လောကအပေါ် ရှုမြင်တဲ့အခါမှာ ကွဲပြားသွားစေပါတယ်။

အတိတ်က အမှတ်တရတွေက အနာဂတ်ကို လမ်းပြပေးပါတယ်။ အမှတ်တရတွေကို အတွေ့အကြုံအဖြစ် အသုံးချပြီး အနာဂတ်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်လို့ရပါတယ်။ အဲဒါကြောင့် ကလေးအရွယ်မှာ ပျော်ရွှင်စရာအမှတ်တရတွေကို အများကြီးဖန်တီးပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။

မိဘတွေရဲ့အပြုအမူက ကလေးရဲ့ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။

ငယ်ရွယ်စဉ်မှာ ရရှိခဲ့တဲ့ မိဘတွေရဲ့ကြင်နာတဲ့ဂရုစိုက်မှုတွေ၊ နွေးထွေးမှုတွေက အမှတ်တရအဖြစ် အမြဲတမ်းကျန်ရှိနေမှာပါ။ လေ့လာချက်တစ်ခုအရ ငယ်စဉ်က မိဘဆီကနေ ရရှိခဲ့တဲ့အမှတ်တရတွေဟာ နှစ်ပေါင်း ၅၀ ကြာတာတောင် မှတ်ဉာဏ်ထဲမှာ ပျောက်ပျက်မသွားဘူးလို့ ဖော်ပြထားပါတယ်။

မိဘတွေရဲ့ အပြုအမူနဲ့ပတ်သက်တဲ့ အမှတ်ရတွေက နာတာရှည်ရောဂါတွေကိုတောင် ကုစားပေးနိုင်ပါတယ်။

အမှတ်တရတွေက ခန္ဓာကိုယ်ကျန်းမာရေးကိုပဲ အကျိုးပြုတာ မဟုတ်ပါဘူး။

ပျော်ရွှင်စရာကောင်းတဲ့ငယ်ဘဝက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ပျော်စရာတွေ ရရှိခဲ့ငယ်ဘဝက အသက်ကြီးလာတဲ့အခါ လွယ်လွယ်ကူကူ စိတ်ဓာတ်ကျတတ်တဲ့အကျင့်ကို မရရှိစေတော့ပါဘူး။

စိတ်ဓာတ်ကျတာနဲ့ စိတ်ပူပန်တတ်တာက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်သလို စိတ်ဖိစီးမှုနဲ့လည်း သက်ဆိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို ငယ်စဉ်မှာ အမှတ်တရကောင်းတွေ ဖန်တီးပေးတာက စိတ်လုံခြုံမှုကိုလည်း ရရှိစေမှာပါ။

ကောင်းမွန်တဲ့အမှတ်တရတွေက မိဘနဲ့သားသမီးကြားက ဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။

နွေးထွေးတဲ့မိသားစုဆက်ဆံရေးက ကလေးတွေကို အရွယ်ရောက်တဲ့အထိ အကျိုးသက်ရောက်မှုရှိစေပါတယ်။ မိသားစုရဲ့ယုံကြည်မှု၊ ကြင်နာမှုတို့ကို ရရှိခဲ့တာကြောင့် ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ မိဘနဲ့ သားသမီးကြားက ပြဿနာတွေတောင် နည်းပါးသွားပါတယ်။

ကလေးတွေကို အချိန်ပေးဖို့ လိုအပ်ပါတယ်။

ကလေးတွေက အခြားအရာတွေထက် မိဘတွေ အချိန်ပေးတာကို ပိုပြီး လိုချင်ကြပါတယ်။ မိဘရဲ့နွေးထွေးမှုက ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်မှု ရှိစေပါတယ်။

မိဘတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အမှတ်တရတွေ ရရှိခဲ့တဲ့အခါ ချစ်ခြင်းမေတ္တာကို အခြားသူတွေကိုပါ မျှဝေတတ်လာပါတယ်။

ကလေးတွေက မိဘတွေရဲ့ပြုမူဆက်ဆံပုံတွေကို အတုယူကြပါတယ်။

မိဘတွေက ကလေးတွေရဲ့စံပြဖြစ်နေတာကြောင့် မိဘရဲ့အပြုအမူတိုင်းကို ကလေးတွေက လိုက်လုပ်တတ်ကြပါတယ်။ ကလေးကို အချိန်များများပေးပြီး ပိုကောင်းတဲ့အမှတ်တရတွေ၊ ပိုကောင်းတဲ့အခြေအနေတွေကို ဖန်တီးနိုင်ပါတယ်။

ကလေးဘဝအမှတ်တရတွေက အရွယ်ရောက်တဲ့အထိ ပါသွားတာကြောင့် မိဘရဲ့အပြုအမူတွေကလည်း ကလေးတွေအပေါ် အမြဲသက်ရောက်မှုရှိနေမှာပါ။

အမှတ်တရတွေက ပျော်စရာတွေကိုလည်း ပေးနိုင်ပါတယ်။

ကလေးတွေကို ပျော်စရာအမှတ်တရတွေ ဖန်တီးပေးဖို့ ငွေတွေအများကြီးမလိုအပ်ပါဘူး။ လမ်းအတူတူလျှောက်ပြီး ပန်းခြံမှာ သွားကစားတာ၊ တူတူပုန်းတမ်းကစားတာ၊ ခရီးတိုလေးတွေထွက်တာ၊ ညစာကို အတူတူချက်စားတာတွေက ကလေးတွေရဲ့မှတ်ဉာဏ်မှာ အချိန်ကြာကြာ မှတ်မိနေစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments