ဒယ်အိုးမှာ ချွတ်ရခက်နေတဲ့ချိုးတွေကို အလွယ်တကူဖယ်ရှားနည်း (၃) နည်း

အပူချိန်များများနဲ့ ဒယ်အိုးကို အပူပေးတဲ့အခါ အစားအစာအကြွင်းအကျန်တွေနဲ့ ရောပြီး ချိုးကပ်သွားပါတယ်။ ချိုးတွေက တစ်ခါတရံမှာ ချွတ်တိုက်ဆေးကြောရတာ ခက်ခဲပါတယ်။

အဲဒါကြောင့် ဒယ်အိုးမှာ ချိုးတွေကပ်နေရင် အလွယ်တကူဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

နည်းလမ်း ၁

- သွားတိုက်ဆေးတွေကို ဒယ်အိုးထဲမှာ များများညှစ်ထည့်လိုက်ပါ။

- ပန်းကန်ဆေးဖော့နဲ့ ဒယ်အိုးကို ပွတ်တိုက်ပေးပါ။

- အဲဒီနောက် ရေများများနဲ့ လောင်းချပေးပါ။

- အဲဒါဆိုရင်တော့ ဒယ်အိုးမှာ ကပ်နေတဲ့ချိုးတွေကို အလွယ်တကူ ဖယ်ရှားလို့ရသွားပါပြီ။

နည်းလမ်း ၂

- ဆားများများကို ချိုးကပ်နေတဲ့ဒယ်အိုးထဲကို ဖြူးလိုက်ပါ။

- အာလူးတစ်လုံးကို ထက်ခြမ်းခြမ်းပြီးတော့ ဒယ်အိုးပေါ်ကို ပွတ်တိုက်ပေးပါ။

- အာလူးနဲ့ ပွတ်တိုက်ပြီးတဲ့အခါ ဒယ်အိုးထဲကို ရေထည့်ထားပြီး တစ်နာရီကြာ စောင့်ပေးပါ။

- တစ်နာရီကြာပြီးတဲ့နောက်မှာ ရေတွေကို သွန်လိုက်ပြီး ဆေးကြောလိုက်လို့ရပါပြီ။

- ဒီနည်းက သံ သို့မဟုတ် စတီးဒယ်အိုးတွေအတွက်ပဲ အသုံးပြုနိုင်ပါတယ်။ Teflon အုပ်ထားတဲ့ ဒယ်အိုးတွေမှာတော့ ဒီနည်းကို အသုံးပြုလို့မရပါဘူး။ ဆားက ဒယ်အိုးကို နောက်ထပ်အသုံးပြုမရအောင် ဖြစ်သွားစေနိုင်လို့ပါ။

နည်းလမ်း ၃

- ဒယ်အိုးကို ခဏလောက် မီးအပူပေးလိုက်ပါ။ လိမ္မော်သီးတစ်လုံးကို ထက်ခြမ်းခြမ်းပြီးတော့ ဒယ်အိုးကို ပွတ်တိုက်ပေးပါ။

- လိမ္မော်သီးရဲ့အချဉ်ဓာတ်က ဒယ်အိုးမှာ ကပ်နေတဲ့ချိုးတွေကို အလွယ်တကူ ပြောင်စင်စေပါတယ်။

- လိမ္မော်သီးနဲ့ ဒယ်အိုးကို ပွတ်တိုက်ပြီးနောက်မှာတော့ ပုံမှန်အတိုင်း ဆေးကြောလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments