အစားတစ်ခုခု စားပြီးနောက် ရင်ပူတာက အရမ်းကို နေထိုင်ရခက်တဲ့ ခံစားချက်ပါပဲ။ ဒါပေမယ့် နေ့စဉ်နေထိုင်မှုပုံစံထဲက အချို့အမူအကျင့်တွေကို ပြောင်းလဲလိုက်တဲ့အခါ ရင်ပူတာ သက်သာသွားမှာပါ။ အဲဒါကြောင့် ရင်ပူစေတဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ တင်းကြပ်တဲ့အဝတ်အစားတွေကို ဝတ်ဆင်ခြင်း
တင်းကြပ်တဲ့အဝတ်အစားတွေက ခန္ဓာကိုယ်ကို ဆွဲဆောင်မှုရှိစေပါတယ်။ ဒါပေမယ့် တင်းကြပ်တဲ့အဝတ်အစားတွေက ကျန်းမာရေးနဲ့တော့ မကိုက်ညီပါဘူး။ တင်းကြပ်တဲ့အဝတ်အစားတွေကြောင့် သွေးလည်ပတ်မှု အားနည်းပြီး ရင်ပူလာစေပါတယ်။
ခပ်ကြပ်ကြပ်ဂျင်းအဝတ်အစားနဲ့ ခါးပတ်တွေက အစာအိမ်ကို အပေါ်တွန်းတင်သလို ဖြစ်စေတာကြောင့်ပါ။ အဲဒီကနေ နေရခက်တဲ့ ရင်ပူတာကို ပိုဆိုးလာစေပါတယ်။
၂။ မှောက်အိပ်ခြင်း
မှောက်ပြီး အိပ်တာက လည်ပင်းနဲ့ ကျောရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ရင်ပူတာကိုတော့ ဖြစ်ပေါ်စေပါတယ်။ မှောက်အိပ်မယ်ဆိုရင် ခေါင်းအုံးအပိုတစ်လုံးနဲ့ အိပ်ရာထိပ်ပိုင်းကို အနည်းငယ်မြင့်အောင် လုပ်ပြီးမှ အိပ်ရင် ရင်ပူတာ အရမ်းမခံစား၇တော့ပါဘူး။
၃။ အစားစားပြီးပြီးချင်း လဲလျောင်းခြင်း
အစားစားပြီးပြီးချင်း လဲလျောင်းတာက ကိုယ်အလေးချိန်တက်စေတဲ့အပြင် ရင်ပူတာကိုလည်း ခံစားရစေပါတယ်။ ဒါ့အပြင် အစားစားပြီးပြီးချင်း ထိုင်တာကလည်း ရင်ပူစေပါတယ်။ အဲဒါကြောင့် အိပ်ရာဝင်ချိန်နဲ့ အစားစားချိန်ကို အချိန် ၂ နာရီ သို့မဟုတ် ၃ နာရီခန့် ခွာထားသင့်ပါတယ်။
၄။ ကော်ဖီအသောက်များခြင်း
ကော်ဖီက ကျန်းမာရေးအတွက် အများကြီး အကျိုးရှိစေပါတယ်။ ဒါပေမယ့် ကော်ဖီကို တစ်နေ့တာမှာ အများကြီးသောက်မယ်ဆိုရင်တော့ ရင်ပူတာ၊ နေရထိုင်ရခက်တာတို့ ဖြစ်စေပါတယ်။ တစ်နေ့ကို ကော်ဖီ ၃ ခွက်ထက်ပိုပြီးသောက်တဲ့အခါ ဆိုးကျိုးတွေ ရရှိလာမှာပါ။
၅။ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာက အသက်ရှည်ကျန်းမာပြီး ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ကိုလည်း ရရှိစေပါတယ်။ ဒါပေမယ့် သင်က ရင်ပူတာ ခံစားနေရတဲ့အခါ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ စက်ဘီးစီးတာ၊ အလေး မ တာ စတဲ့လေ့ကျင့်ခန်းတွေကိုတော့ ခဏတာ ရှောင်သင့်ပါတယ်။ ရင်ပူပြီးနေရထိုင်ရခက်တဲ့အခါ ယောဂလေ့ကျင့်ခန်းတွေက သင့်တော်ပါတယ်။
Zombie (lovemedia)
0 Comments