ပထမဆုံးတွေ့လိုက်တဲ့ပုံကနေ သိနိုင်မယ့် သင့်ရဲ့အကြောင်း

လူတိုင်းမှာ ဖုံးကွယ်နေတဲ့စွမ်းအားတွေ ရှိပါတယ်။ တစ်ခါတရံမှာ အဲဒီစွမ်းအားတွေကို ကိုယ်တိုင်တောင် သတိမထားမိပါဘူး။ သင့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို သိနိုင်ဖို့ ပထမဆုံးတွေ့လိုက်တဲ့ပုံကနေ သိရှိနိုင်ပါတယ်။

၁။ လိပ်ပြာ

လိပ်ပြာကို အရင်ဆုံးမြင်လိုက်မယ်ဆိုရင်တော့ သင်က စိတ်ဆတ်လွယ်တဲ့သူပါ။ ခက်ခဲတဲ့ပြဿနာတွေကနေတောင် လွယ်လွယ်ကူကူကျော်ဖြတ်နိုင်တဲ့ အစွမ်းရှိပါတယ်။ အတွေ့အကြုံအသစ်တွေကို စိတ်ဝင်စားပါတယ်။

အနာဂတ်အကြောင်းကိုလည်း အမြဲတွေးနေလေ့ရှိပါတယ်။ စိတ်ရှုပ်မခံဘဲ ခေါင်းရှပ်စေမယ့်အရာတွေကို ခပ်မြန်မြန်လျစ်လျူရှုပစ်နိုင်ပါတယ်။

၂။ သိန်းငှက်

ပုံထဲမှာ သိန်းငှက်ကို အရင်ဆုံးမြင်ရင်တော့ သင်က အနည်းငယ် မာနကြီးတဲ့သူပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိပြီး သင့်ရဲ့အမြင်တွေကို တိုက်ခိုက်လာတဲ့သူတွေကို တိုက်ခိုက်ဖို့အဆင်သင့်ပါ။

အခက်အခဲတွေကို ဘယ်တော့မှ ကြောက်ရွံစရာလို့မမြင်ပါဘူး။ မိမိသာလျှင်အရေးကြီးလို့ တွေးထင်တတ်သူပါပဲ။ အရာရာကို အသေးစိတ်လိုက်ကြည့်တတ်ပြီး လူကဲခတ်တော်တဲ့သူပါ။

၃။ ခွေး

ပုံကို ကြည့်တဲ့အခါ ခွေးကို အရင်မြင်ရင် သင်က ကြင်နာတတ်သူဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူပါ။ သင့်ကို ချစ်တဲ့သူတွေအပေါ် ပြန်လည်ဂရုစိုက်တာ၊ အသိအမှတ်ပြုတာတို့ ပြုလုပ်တတ်ပါတယ်။ လူတွေကို အရမ်းနားလည်မှုပေးတတ်တာကလည်း သင့်ရဲ့ကောင်းမွန်တဲ့စိတ်ထားပါပဲ။

၄။ ယုန်

သင်က နူးညံ့တဲ့စိတ်ထားရှိသူပါ။ ကိုယ်ချင်းစာစိတ်ကို အမြဲထည့်ထားပြီး အခြားသူတွေကို နားလည်ပေးနိင်ဖို့ ကြိုးစားနေသူပါ။ ခံစားလွယ်သူဖြစ်တာကြောင့် မကြာခဏလည်း ဝမ်းနည်းရတတ်ပါတယ်။

တစ်ခါတရံမှာ ရွေးချယ်စရာတွေ ရှိလာရင် ချီတုံချတုံဖြစ်နေတတ်ပါတယ်။ သဘောကောင်းသူဖြစ်ပြီး သူများကို အမြဲကူညီနေရတာနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်ပါဘူး။

၅။ မြွေ

မြွေကို အရင်ဆုံးမြင်လိုက်တယ်ဆိုရင်တော့ သင်က နေရာဒေသအချိန်ကာလပေါ်မူတည်ပြီး ပြောင်းလဲလွယ်သူပါ။ ဘယ်သူနဲ့မဆို လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံတတ်ပါတယ်။

ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရမ်းကို ပြတ်သားပါတယ်။ သင့်ကို လူတွေက ခန့်မှန်းရ ခက်နေတတ်ပါတယ်။ အရာရာကို မျှတအောင် သုံးသပ်တဲ့နေရာမှာတော့ ဆရာပါပဲ။

၆။ ကြောင်

ပုံထဲမှာ ကြောင်လေးကို အရင်ဆုံးမြင်ရင် သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူပါ။ သင့်ရဲ့အားသာချက်အားနည်းချက်တွေကို အမြဲလိုလို ဆန်းစစ်နေတတ်ပါတယ်။ အခြားသူတွေရဲ့အမြင်တွေကို လွယ်လွယ်နဲ့ လက်ခံတတ်သူမဟုတ်ဘဲ ကိုယ်ပိုင်စဉ်းစားဉာဏ်ကို ဦးစားပေးပါတယ်။

အများသွားနေကျလမ်းထက် ကိုယ်တိုင်ဖောက်ရတဲ့လမ်းကို ပိုပြီး သဘောကျသူပါ။ တစ်ယောက်တည်းနေပြီး တွေးခေါ်နေရတာကို ပိုပြီးနှစ်သက်နေတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments