မျက်ခွံတွေ အိကျလာတာက သင့်ကို အိုမင်းရင့်ရော်တယ်လို့ ထင်ရစေပါတယ်။ အမြင်အာရုံကိုလည်း အဆင်မပြေဖြစ်လာမှာပါ။ အဲဒါကြောင့် မျက်ခွံအိကျလာတာကို သက်သာစေမယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သခွားသီး

သခွားသီးမှာ ascrobic acid နဲ့ caffeic acid ပါဝင်ပါတယ်။ အဲဒါကြောင့် အသားအရေကို တင်းရင်းလာစေပါတယ်။

အေးခဲထားတဲ့သခွားသီးလေးတွေကို အကွင်းလေးတွေဖြစ်အောင် လှီးပြီး မျက်လုံးမှာ မိနစ် ၂၀ ခန့် ကပ်ထားပေးပါ။ မိနစ် ၂၀ ကြာပြီးနောက်မှာတော့ ရေအေးနဲ့ မျက်နှာသစ်ပေးပါ။

၂။ ချာမိုမိုင်းလက်ဖက်ရည်

ချာမိုမိုင်းက ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပြီး မျက်လုံးတစ်ဝိုက်က အသားအရေလျော့ရဲနေတာတွေကို တင်းလာစေပါတယ်။

သုံးပြီးသား ချာမိုမိုင်းလက်ဖက်ရည်ထုတ်လေးတွေကို မလွှင့်ပစ်ဘဲနဲ့ ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့်ထည့်ထားပေးပါ။

ချာမိုမိုင်းလက်ဖက်ရည်ထုပ်လေးတွေ အေးသွားပြီဆိုရင် မျက်လုံးမှာ မိနစ် ၃၀ ကြာအေင် ကပ်ထားပေးပါ။ မိနစ် ၃၀ ကပ်ထားပြီးရင် ချာမိုမိုင်းလက်ဖက်ရည်ထုပ်ပေးတွေကို ဖယ်ရှားလိုက်ပြီး မျက်လုံးကို ခဏအနားပေးပါ။

၃။ မျက်လုံးတစ်ဝိုက်နှိပ်နယ်ခြင်း

မျက်လုံးတစ်တိုက်ကို နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုအားကောင်းလာစေပါတယ်။ မျက်ခွံပေါ်က ကြွက်သားအသေးလေးတွေကို လှုံ့ဆော်ပေးသလို ဖြစ်တာကြောင့် မျက်ခွံအိကျလာတာတွေလည်း လျော့ကျသွားပါတယ်။

မျက်ခွံပေါ်ကို လက်နဲ့ နှိပ်နယ်လို့ရသလို လျှပ်စစ်သွားတိုက်တံနဲ့လည်း မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလို့ရပါတယ်။

၄။ မျက်ခွံကြွက်သားတွေကို သန်မာအောင်ပြုလုပ်ခြင်း

မျက်ခုံးကို လက်ချောင်းလေးတွေနဲ့ ပင့်တင်ထားပါ။ အဲဒီအနေအထားအတိုင်း မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်နဲ့ မိနစ်အနည်းငယ်ကြာအောင် ပြုလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက မျက်ခွံအိကျလာတာကို သိသိသာသာလျော့ပါးလာစေပါတယ်။

၅။ ဖယောင်းတိုင်

ဖယောင်းတိုင်ကို ကြည့်တဲ့လေ့ကျင့်ခန်းကလည်း မျက်ခွံအိကျတာကို သက်သာစေပါတယ်။ ဖယောင်းတိုင်တစ်တိုင်ကို မျက်လုံးနဲ့ တန်းတန်းအနေအထားမှာ ထွန်းထားပါ။

ဖယောင်းတိုင်က မီးတောက်ကို ကြည့်နိုင်သလောက် ကြာကြာကြည့်ပေးပါ။ အဲဒီနောက် မျက်လုံးကို ခဏအနားပေးလိုက်ပါ။

၆။ မျက်လုံးကာ

မျက်ခွံတစ်ဖက်တည်းကပဲ အိကျလာတယ်ဆိုရင် ဒီနည်းကို အသုံးပြုနိုင်ပါတယ်။ အရည်အသွေးကောင်းတဲ့မျက်လုံးကာကို အချိန်အနည်းငယ်ကြာအောင် မျက်လုံးမှာ အုပ်ထားပေးပါ။

Zombie (lovemedia)