ဆောင်းရာသီမှာ ခွေးလေးတွေက မကြာခဏဖျားနာလေ့ရှိကြပါတယ်။ အဲဒါကြောင့် ခွေးလေးတွေကို ဆောင်းရာသီမှာ နွေးထွေးနေအောင်လို့ ဘယ်လိုဂရုစိုက်ပေးနိုင်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အိမ်ထဲမှာ အတူကစားပေးပါ။
ခွေးလေးနဲ့အတူတူ အပြင်မှာ ကစားတာထက် အိမ်ထဲမှာ ကစားပေးတာက သူတို့အတွက် ပိုပြီးနွေးနွေးထွေးထွေးရှိစေပါတယ်။ ဒါပေမယ့် သွေးပူအောင်လို့ အိမ်အပြင်မှာ ခဏတာလမ်းလျှောက်ထွက်တာလည်း သူတို့ရဲ့ခန္ဓာကိုယ်ကို နွေးလာစေပါတယ်။
၂။ အင်္ကျီဝတ်ပေးပါ။
ခွေးလေးတွေကို မအေးအောင်လို့ အပေါ်ကနေ အင်္ကျီဝတ်ပေးလို့ရပါတယ်။ ခွေးလေးတွေက အမွေးတိုတဲ့အခါ၊ ငယ်သေးတဲ့အခါ၊ အသက်အရမ်းကြီးနေတဲ့အခါ အင်္ကျီဝတ်ပေးတာက သူတို့ရဲ့ကျန်းမာရေးကို အများကြီးဂရုစိုက်ပြီးသား ဖြစ်စေပါတယ်။
၃။ ဆောင်းရာသီအတွက် အိပ်ရာ
ခွေးလေးတွေလည်း ဆောင်းရာသီမှာ အေးတာကြောင့် အိပ်ရာကို နွေးထွေးနေအောင် ပြင်ဆင်ပေးလို့ရပါတယ်။ ခွေးလေးတွေက အိပ်ရာနဲ့အိပ်ရတာ မကြိုက်ဘဲ အပြင်မှာပဲ အိပ်ရတာ ကြိုက်ရင် သူတို့အိပ်တဲ့နေရာက မစိုစွတ်ဘဲ ခြောက်သွေ့နေဖို့ လိုအပ်ပါတယ်။
၄။ လက်သည်းညှပ်ပေးပါ။
နှင်းတွေ အများကြီးကျတဲ့နေရာတွေက ခွေးလေးတွေအတွက် လက်သည်းညှပ်ပေးလို့ရပါတယ်။ လက်သည်းတွေကို ဂရုစိုက်ပေးတာက လက်သည်းတွေကြားထဲမှာ နှင်းတွေကို အရည်ပျော်စေတဲ့ ဓာတုပစ္စည်းတွေ ကပ်နေရင်တောင် ဖယ်ရှားပြီးသားဖြစ်စေပါတယ်။
၅။ ခြေဖဝါး၊ လက်ဖဝါးလေးတွေကို သုတ်ပေးပါ။
ခွေးလေးတွေရဲ့ခြေသည်း၊ လက်သည်းလေးတွေကို ညှပ်ပေးဖို့ လိုအပ်သလို သူတို့ရဲ့ ခြေဖဝါး၊ လက်ဖဝါးလေးတွေကိုလည်း သုတ်ပေးဖို့ လိုအပ်ပါတယ်။ အေးတဲ့ရာသီဥတုမှာ သူတို့ရဲ့ ခြေဖဝါးလက်ဖဝါးတွေလည်း အေးလာပြီး နာကျင်တာ၊ တစ်ခါတရံ သွေးထွက်တာကိုတောင် ခံစားရတတ်ပါတယ်။
၆။ ရေနွေးနဲ့ ရေချိုးပေးပါ။
ဆောင်းရာသီမှာ သူတို့ရဲ့အမွေးတွေက ခြောက်ဖို့ ပိုကြာတတ်ပါတယ်။ အဲဒါကြောင့် ရေနွေးနဲ့ ချိုးပေးပြီး အမွေးတွေ ခြောက်သွားအောင် လေမှုတ်စက်နဲ့ မှုတ်ပေးပါ။
Zombie (lovemedia)
0 Comments