ခွေးတွေက လူတချို့ကိုပဲ သည်းကြီးမည်းကြီး ဟောင်နေရတဲ့အကြောင်းအရင်း (၅) ခု

ခွေးလေးတွေက သခင်အပေါ် အမြဲတမ်းသစ္စာရှိပေးကြပါတယ်။ သခင်နဲ့မိသားစုဝင်တွေအတွက် အမြဲတမ်းနိုးနိုးကြားကြားရှိပေးတဲ့ မိတ်ဆွေကောင်းပါ။ တစ်ခါတရံမှာ ခွေးတွေက အချို့လူတွေကို‌ ဟောင်ပြီး အချို့လူတွေကိုတော့ မဟောင်ပါဘူး။

အဲဒါကြောင့် ခွေးတွေက အချို့လူတွေကိုပဲ ဘာလို့ သည်းကြီးမည်းကြီး ထိုးဟောင်နေရလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လူစိမ်း

ခွေးတွေက လူတွေနဲ့ အရမ်းမရင်းနှီးသေးတဲ့အခါ အနံ့အသစ်၊ အပြုအမူအသစ်၊ လူစိမ်းအသစ်ကို တွေ့တာနဲ့ ဟောင်ပါတော့တယ်။ သေချာလေ့ကျင့်ပေးထားတဲ့ခွေးတွေ ဆိုရင်တောင် လူစိမ်းမြင်ရင် စိတ်လှုပ်ရှားလာပြီး ဟောင်တတ်ကြပါတယ်။ အထူးသဖြင့် ခွေးတွေက သူတို့အတွက် ထူးဆန်းတဲ့အပြုအမူဖြစ်နေရင် ထိုးဟောင်နေမှာပါ။

၂။ ထူးခြားနေတဲ့အသွင်အပြင်

ခွေးက သူတို့မြင်နေကျလူမဟုတ်တဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတယ်။ သူတို့မြင်လိုက်တဲ့လူက မျက်မှန်အဆန်းအပြားတွေ တပ်ထားတဲ့အခါ၊ ဆံပင်တွေက အရမ်းရှည်နေတဲ့အခါ၊ အရပ်အရမ်းရှည်တဲ့အခါ၊

အသံကအရမ်းကျယ်တဲ့အခါမှာ ခွေးတွေက စူးစမ်းချင်တဲ့စိတ်နဲ့ ဟောင်ကြပါတယ်။ ခွေးတွေက ဆန်းဆန်းပြားပြားလူသားတွေကို တွေ့တဲ့အခါ ကြောက်ပြီးတော့ ဟောင်တတ်ကြပါသေးတယ်။

၃။ စိတ်ထဲမှာ စွဲထင်နေတဲ့ ဒဏ်ရာ

ခွေးတွေက သူတို့ငယ်ငယ်က စိတ်ဒဏ်ရာတွေကို အမြဲမှတ်မိနေတတ်ပါတယ်။ ဥပမာအားဖြင့် ခွေးလေးငယ်တုန်းမှာ ကလေးတွေက ခွေးလေးကို အနိုင်ကျင့်ပြီး နာကျင်အောင်လုပ်ခဲ့တဲ့အခါ အဲဒီစိတ်ဒဏ်ရာက စွဲသွားပါတယ်။

အဲဒါကြောင့် ခွေးလေးက ကြီးလာတဲ့အခါမှာလည်း ကလေးတွေကိုကြောက်ပြီး ဟောင်တာ၊ လိုက်ဆွဲတာ၊ ကလေးလာလည်ရင်မကြိုက်တာ စတဲ့အပြုအမူတွေ ပြုလုပ်တတ်ပါတယ်။

၄။ ကာကွယ်လိုစိတ်

ခွေးလေးတွေမှာ သခင်အပေါ် ကာကွယ်လိုစိတ်က အမြဲရှိပါတယ်။ အဲဒါကြောင့် သူတို့သခင်ကို ချစ်တဲ့စိတ်နဲ့ သခင်နားကို လူစိမ်းလာတဲ့အခါ အရမ်းကို ဟောင်ပါတော့တယ်။

ဒါ့အပြင် ခွေးလေးတွေက သဝန်တိုစိတ်လည်း ရှိပါတယ်။ သူတို့ချစ်တဲ့သခင်နားကို သူတို့ကြည့်မရတဲ့သူ ကပ်လာတဲ့အခါ အမြဲတမ်းဟောင်နေတော့မှာပါ။

၅။ လူတွေရဲ့သဘာဝကို နားလည်ခြင်း

ခွေးလေးတွေက လူကောင်းနဲ့ လူဆိုးကို ခွဲခြားနိုင်တယ်လို့ လေ့လာချက်တွေအရဆိုပါတယ်။ ခွေးလေးတွေက သူတို့သခင်အတွက် မယုံကြည်ရတဲ့သူ၊ လိမ်ညာတဲ့သူဆိုရင် အလိုလိုသိနေတာကြောင့် ဟောင်တာပါ။

ခွေးတွေက လူသားတွေ ကြောက်လန့်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ ထွက်လာတဲ့အနံ့တွေကို ခံနိုင်ပါတယ်။ အဲဒီလိုအနံ့ခံနိုင်တာကြောင့်လည်း ခွေးလေးတွေက ဟောင်ကြပါတယ်။

Bonus

ခွေးတွေက သင့်ကို မြင်တာနဲ့ ဟောင်တာကို ကာကွယ်ဖို့အတွက် ခွေးလေးတွေနဲ့ ရင်းရင်းနှီးနှီးနေဖို့ လိုအပ်ပါတယ်။ ခွေးလေးတွေကို ပွတ်သပ်ပေးတဲ့အခါ သင့်ရဲ့အနံ့ကို မှတ်မိသွားပြီး နောက်ဆိုရင် ဟောင်ချင်မှ ဟောင်တော့မှာပါ။

ဒါပေမယ့် သင့်ခွေးက လူတကာကို ဟောင်ပြီး လိုက်ကိုက်တဲ့အခါမှာတော့ သူ့ကို စိတ်ငြိမ်အောင် လေ့ကျင့်ပေးတာ၊ လိမ္မာအောင်မုန့်ကျွေးပြီး သင်တာတို့ ပြုလုပ်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments