သင်ရွေးချယ်လိုက်တဲ့ခွေးအမျိုးအစားကနေ သိနိုင်မယ့် သင့်အကြောင်း

ခွေးတွေက လူသားတွေနဲ့ အတူနေထိုင်လာနဲ့တာက နှစ်ပေါင်းထောင်နဲ့ချီကြာမြင့်နေပါပြီ။ ခွေးလေးတွေက လူသားတွေအပေါ် သစ္စာရှိတဲ့မိတ်ဆွေကောင်းပါပဲ။ ခွေးအမျိုးအစား အများကြီးရှိတဲ့အထဲကမှ သင်ရွေးချယ်လိုက်တဲ့ ခွေးအမျိုးအစားကနေ သင့်အကြောင်းကို သိရှိနိုင်ပါတယ်။

၁။ Australian Shepherd

သင်က ဒီခွေးအမျိုးအစားလေးကို ရွေးချယ်မယ်ဆိုရင်တော့ ပျော်စရာတွေနဲ့ စွန့်စားရတာကို သဘောကျတဲ့သူပါပဲ။ ခရီးသွားရတာက သင့်ဘဝရဲ့အပျော်ရွှင်ဆဆုံးအရာတွေထဲက တစ်ခုပါ။

လူအများကို ကူညီတတ်တဲ့ စိတ်ထားကောင်းလေးလည်း ရှိပါတယ်။ စိန်ခေါ်မှုတွေကို သဘောကျပြီး စိတ်ရောကိုယ်ပါ သွက်သွက်လက်လက်လုပ်ရတဲ့ အလုပ်မျိုးတွေကို သဘောကျလေ့ရှိပါတယ်။

၂။ Pomeranian

သင်က ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး လူအများရဲ့အာရုံစိုက်မှုကိုလည်း ရရှိပါတယ်။ ဘဝမှာ ရည်မှန်းချက်တွေကို ကြီးကြီးမားမား ချမှတ်ထားပြီး ရည်မှန်းချက်တွေဆီကို အရောက်သွားတတ်တဲ့သူပါ။

ဒါပေမယ့် လုပ်ချင်တဲ့အရာတွေက များနေတတ်ပါတယ်။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့က အဓိကသော့ချက်ပါပဲ။

၃။ Labrador Retriver

သင်က Labrador Retriver ခွေးအမျိုးအစားကို ရွေးချယ်ရင်တော့ စွန့်စားသွားလာရတာကို သဘောကျတဲ့သူပါ။ ပွင့်လင်းရိုးသားတဲ့အပြုအမူတွေကြောင့် အနီးအနားကသူတွေက သင်နဲ့ ခင်မင်လိုစိတ်ရှိကြပါတယ်။

အထူးသဖြင့် သင့်ကို ကလေးတွေက ပိုချစ်ကြပါတယ်။ စိတ်ခံစားချက်တွေကို သေချာထိန်းချုပ်နိုင်ပြီးတော့ အခက်အခဲဆုံးအခြေအနေတွေကိုတောင် တည်တည်ငြိမ်ငြိမ်ဖြတ်ကျော်နိုင်သူပါ။

၄။ Labradoodle

Labradoodle ခွေးအမျိုးအစားကို ချစ်တဲ့သူဆိုရင် သင်က ခက်မှန်းရခက်တဲ့သူပါ။ အများထက်ကို အတွေးအခေါ်က ရှေ့ရောက်နေတတ်ပါတယ်။

ဘေးအနီးအနားကလူတွေကို ပျော်ရွှင်အောင်လုပ်ပေးရရင် ပျော်နေတတ်တဲ့သူပါပဲ။ အရာရာကို လက်တွေ့ကျအောင် လုပ်ကိုင်တတ်ပြီး ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပါးပါးနပ်နပ်သိနေတာက သင့်ရဲ့အားသာချက်ပါပဲ။

၅။ Husky

သင်က Husky ခွေးအမျိုးအစားကို သဘောကျသူဆိုရင် ပေါင်းသင်းဆက်ဆံရေးအရမ်းကောင်းမွန်သူပါ။ အသစ်အဆန်းတွေကို လုပ်ကိုင်ဖို့ အမြဲအင်အားပြည့်နေတတ်ပါတယ်။

တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆိုတာ သင့်ဆီမှာ ရှာမရဘဲ သင့်ဘက်ကပဲ အမြဲတမ်းပေးဆပ်ချင်နေတတ်ပါတယ်။

၆။ Chihuahua

သင်က လူအများနဲ့ လိုက်လျောညီထွေစွာ ပြုမူနေထိုင်တတ်သူပါ။ ရင်းနှီးတဲ့သူတွေအပေါ်မှာ အရမ်းကို ဂရုစိုက်တတ်ပါတယ်။ ဒါပေမယ့် အဲဒီအချက်နဲ့ အချို့တွေက သင့်ကို အသုံးချတတ်ပါတယ်။

သင်က သဘောကောင်းတဲ့အခါမှာ သူမတူအောင် ကောင်းပြီး စိတ်ပျက်သွားအောင်လုပ်တဲ့အခါမှာတော့ လုံးဝကို လှည့်မကြည့်တတ်သူပါ။

၇။ Pitbull

စိတ်ဓာတ်ခိုင်မာပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတာက သင့်ရဲ့အားသာချက်ပါ။ ဒါပေမယ့် ဒေါသကြီးပြီး စိတ်လိုက်မာန်ပါလုပ်တတ်တာကတော့ သင့်အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာစေမှာပါ။

ချစ်တဲ့သူတွေအပေါ်မှာလည်း လုံးဝကို အနစ်နာခံတတ်ပါတယ်။ အချစ်ဆိုတာ မချုပ်ခြယ်ဘဲ လွတ်လပ်ရမယ်လို့ အမြဲတမ်းယူဆထားသူပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments