ချွေးနံ့ပျောက်ဆေးကို ထူးထူးခြားခြားအသုံးပြုနိုင်တဲ့ နေရာ (၉) ခု

ချွေးနံ့ပျောက်ဆေးကို လူတိုင်းနီးပါး အသုံးပြုကြပါတယ်။ ချွေးနံ့ပျောက်ဆေးကို ချိုင်းချွေးနံ့ပျောက်ဖို့ပဲ အသုံးပြုနိုင်တာမဟုတ်ပါဘူး။ အခြားသောနေရာတွေမှာလည်း ချွေးနံ့ပျောက်ဆေးကို အသုံးပြုနိုင်ပါတယ်။

၁။ ဝက်ခြံ

မျက်နှာကို သေချာဆေးကြောပြီးတော့ ချွေးနံ့ပျောက်ဆေးကို ဝက်ခြံပေါ်မှာ လိမ်းပေးပါ။ မကြာခင်မှာ ဝက်ခြံတွေက သိသိသာသာ လျော့ပါးသွားပါတယ်။

၂။ အသားအရေမပွန်းရှဖို့

ခြေထောက်က အမွေးအမျှင်တွေကို ဖယ်ရှားတော့မယ်ဆိုရင် အရင်ဆုံး ချွေးနံ့ပျောက်ဆေးကို ခြေထောက်မှာ လိမ်းလိုက်ပါ။ အမွေးအမျှင်ဖယ်ရှားပြီးနောက် အသားအရေပွန်းရှပြီး စတော်ဘယ်ရီခြေထောက်ဖြစ်တာတွေကို ချွေးနံ့ပျောက်ဆေးက ကာကွယ်ပေးပါတယ်။

၃။ အရည်ကြည်ဖု

တောင်တက်တာ၊ လမ်းလျှောက်များတာကြောင့် ခြေထောက်မှာ အရည်ကြည်ဖုပေါက်လာတဲ့အခါ ချွေးနံ့ပျောက်ဆေးကို ခြေထောက်မှာ လိမ်းပေးပါ။ ချွေးနံ့ပျောက်ဆေးရဲ့ ပါဝင်ပစ္စည်းတွေဟာ အရေပြားမှာဖြစ်လေ့ရှိတဲ့ပြဿနာတွေကို ကုစားပေးနိုင်ပါတယ်။

၄။ မိတ်ကပ်ကြာရှည်ခံစေခြင်း

မိတ်ကပ်မလိမ်းခင်မှာ ချွေးနံ့ပျောက်ဆေးကို မျက်နှာက အဆီထွက်တတ်တဲ့နေရာတွေမှာ လိမ်းပေးပါ။ ပြီးနောက် မိတ်ကပ်ကို ပုံမှန်အတိုင်း လိမ်းပေးပါ။

အဲဒီအခါ မိတ်ကပ်ကွက်တာတွေမရှိဘဲ မိတ်ကပ်က မျက်နှာမှာ အချိန်ကြာကြာစွဲနေပါတယ်။ ဒါပေမယ့် အလူမီနီယမ်မပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကိုသာ ရွေးချယ်သင့်ပါတယ်။

၅။ ခြင်

ခြင်ကိုက်ခံရပြီးနောက် အဖုပေါက်လာတဲ့အခါမှာ ချွေးနံ့ပျောက်ဆေးလိမ်းလိုက်ပါ။ ချွေးနံ့ပျောက်ဆေးမှာ ပါဝင်တဲ့ အလူမီနီယမ်ဆားက နာကျင်တာတွေ၊ ရောင်ရမ်းတာတွေကို လျှော့ချပေးပါတယ်။

၆။ မျက်မှန်

စာဖတ်နေရင်းနဲ့ မျက်မှန်က ခဏခဏချော်ကျလာတတ်ပါတယ်။ အဲဒီအခါ နှာခေါင်းပေါ်မှာ ချွေးနံ့ပျောက်ဆေးကို လိမ်းထားပေးပါ။ ချွေးနံ့ပျောက်ဆေးကို နှာခေါင်းမှာလိမ်းထားရင် မျက်မှန်ချော်ကျမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။

၇။ မျက်နှာအဆီပြန်တာကို သက်သာစေခြင်း

မျက်နှာမှာ အဆီတွေ ပြန်လာတဲ့အခါ မိတ်ကပ်တွေ ကွက်ပြီး ချွေးတွေ အများကြီးထွက်လာပါတယ်။ မျက်နှာက ချွေးထွက်တတ်တဲ့နေရာတွေကို ချွေးနံ့ပျောက်ဆေးပွတ်တိုက်ပေးရုံနဲ့ အဆီပြန်တာ သက်သာစေပါတယ်။

၈။ လက်သည်းဖျက်ဆေး

လက်သည်းဖျက်ဆေး မရှိတဲ့အခါမှာ ချွေးနံ့ပျောက်ဆေးကို လက်သည်းပေါ်မှာ ဖျန်းပေးပါ။ အဲဒီနောက် ပိတ်စပါးလေးနဲ့ လက်သည်းကို ပွတ်တိုက်ပေးပါ။

၉။ ဆံပင်ဖွာကြမ်းတာကို ကာကွယ်ပေးခြင်း

ဆံပင်က ဖွာနေရင် မသပ်မရပ်နဲ့ ကြည့်မကောင်းပါဘူး။ အဲဒီအခါ ဆံပင်ပေါ်ကို ချွေးနံ့ပျောက်ဆေးအနည်းငယ် လိမ်းပေးပါ။ ဆံပင်က သပ်သပ်ရပ်ရပ်ဖြစ်သွားပြီး မဖွာတော့ပါဘူး။ ဒါပေမယ့် ချွေးနံ့ပျောက်ဆေးကို မျက်လုံးထဲမဝင်ဖို့တော့ အထူးဂရုစိုက်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments