အိပ်ရေးပျက်တဲ့ညတွေများတဲ့အခါမှာ မျက်ကွင်းညိုလာတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း မျက်ကွင်းညိုလာတတ်ပါတယ်။ မျက်ကွင်းညိုတာကို မိတ်ကပ်တွေနဲ့ ဖုံးအုပ်လို့ရပေမယ့် ခဏပါပဲ။
အဲဒါကြောင့် မျက်ကွင်းညိုတာကို သက်သာစေမယ့်နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
နည်းလမ်း ၁
- သခွားသီးတစ်လုံးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်လှီးပြီး ကြိတ်စက်ထဲမှာ ထည့်ကြိတ်လိုက်ပါ။
- ဆန်မှုန့်လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ vitamin E ဆေးတောင့်တစ်တောင့်၊ ဂျုံမှုန့်လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ကို သခွားသီးကြိတ်ထားတာနဲ့အတူ ရောမွှေလိုက်ပါ။
- ရလာတဲ့ mask ကို မျက်လုံးအောက်မှာ လိမ်းပေးပြီး ၁၅ မိနစ်ကြာ ထားပေးပါ။ သိသာလာတဲ့အထိ နေ့စဉ်ပြုလုပ်ပေးနိုင်ပါတယ်။
- သခွားသီး mask ကို ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင် ၉ ရက်အထိ အထားခံပါတယ်။
သခွားသီးမှာ ပါဝင်တဲ့အင်တီအောက်ဆီးဒင့်တွေက သွေးလည်ပတ်မှုကို တိုးတက်စေတာကြောင့် မျက်ကွင်းညိုတာကို သိသိသာသာ လျော့ပါးသွားစေမှာပါ။
နည်းလမ်း ၂
အာလူးမှာ အသားအရေတွေကို ဝင်းလာစေတဲ့အင်ဇိုင်းတွေ ပါရှိပြီးပျားရည်မှာတော့ မျက်ကွင်းညိုတာကို ပါးသွားစေတဲ့အစွမ်းတွေ ရှိပါတယ်။
- သခွားသီးတစ်လုံးနဲ့ အာလူးတစ်လုံးကို ခြစ်လိုက်ပြီး အရည်ရအောင် စစ်ထုတ်ပါ။
- ရလာတဲ့အရည်ထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရှားစောင်းလက်ပတ်ဂျယ်လ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး နှံ့သွားအောင် မွှေပါ။ ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက် အအေးခံပြီးနောက်မှာတော့ မျက်လုံးတစ်ဝိုက်မှာ လိမ်းပေးလို့ရပါပြီ။ သခွားသီးနဲ့ အာလူးရောစပ်ထားတဲ့ mask ကို ရေခဲသေတ္တာထဲမှာ ၅ ရက်ကြာသိမ်းထားလို့ရပါတယ်။
နည်းလမ်း ၃
နှင်းဆီရည်က အသားအရေကို အာဟာရပြန်ဖြည့်ပေးပါတယ်။ ပြီးတော့ မျက်ကွင်းညိုတာတွေကိုလည်း တဖြည်းတဖြည်းမှေးမှိန်သွားအောင် ပြုလုပ်ပေးပါသေးတယ်။
- vitamin Eဆေးတောင့်တစ်တောင့်နဲ့ နှင်းဆီရည် ၅ စက်ခန့်ကို ရောမွှေပါ။
- အိပ်ရာမဝင်ခင်မှာ မျက်လုံးအောက်မှာ လိမ်းပေးပြီး တစ်ညကြာထားလိုက်ပါ။ မနက်ခင်းမှာတော့ မျက်လုံးအောက်ဖက်မှာ အသားအရေက နူးညံ့နေပြီး ရေဓာတ်ပြည့်ဝနေမှာပါ။
နည်းလမ်း ၄
နနွင်းမှာ သဘာဝအင်တီအောက်ဆီးဒင့်တွေ အများကြီးပါဝင်တာကြောင့် မျက်ကွင်းညိုတာတွေကို သိသိသာမှေးမှိန်သွားစေပါတယ်။ နနွင်းက ဈေးလည်းသက်သာတဲ့အပြင် နနွင်း mask ကို ပြုလုပ်ရတာလည်း အရမ်းလွယ်ကူပါတယ်။
- ခရမ်းချည်သီးတစ်လုံးကို အနှစ်ရတဲ့အထိ ကြိတ်စက်ထဲမှာ ကြိတ်ပါ။
- ခရမ်းချဉ်သီးအနှစ်ရလာတဲ့အခါ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောမွှေပါ။
- ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၂ ဇွန်းထပ်မံထည့်ပါ။
- ဆန်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ပါဝင်ပစ္စည်းတွေကို သမသွားအောင် မွှေလိုက်ပါ။
ရလာတဲ့ နနွင်း mask လေးကို မျက်လုံးအောက်မှာ လိမ်းပေးပြီး မိနစ် ၂၀ ကြာ ထားပေးပါ။ မိနစ် ၂၀ ကြာပြီးနောက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။
နည်းလမ်း ၅
တရုတ်နံနံမှာ အသားအရေကို ပြန်လည်တောက်ပလာအောင် ပြုလုပ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။ အဲဒါကြောင့် မျက်ကွင်းညိုတာ သက်သာဖို့အတွက် တရုတ်နံနံကို အသုံးပြုလို့ရပါတယ်။
- တရုတ်နံနံကို အရွက်တွေ ချွေထားပါ။
- ခရမ်းချဉ်သီးတစ်လုံးနဲ့ တရုတ်နံနံကို ကြိတ်စက်ထဲမှာ ရောကြိတ်လိုက်ပါ။
ရလာတဲ့အနှစ်ကို ချည်သားပိတ်စလေးနဲ့ တို့ပြီး မျက်လုံးအောက်မှာ ကပ်ထားပေးပါ။ မိနစ် ၃၀ ကြာပြီးနောက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။
နည်းလမ်း ၆
လိမ္မော်သီးမှာ ဗီတာမင်စီပါတာကြောင့် မျက်နှာမှာ ညိုမည်းနေတာတွေကို ပြန်လည်ဖြူဝင်းလာစေပါတယ်။
- လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ပြီး အလှဆီအစက်အနည်းငယ်ရောထည့်လိုက်ပါ။
- ချည်သားပိတ်စလေးနဲ့ တို့ပြီးနောက် မျက်လုံးအောက်မှာ ၃ မိနစ်ကြာ ထားပေးပါ။ တစ်ပတ်ကို ၄ ကြိမ်ခန့် ပြုလုပ်ပေးတဲ့အခါမှာတော့ မျက်ကွင်းညိုတာတွေက သိသိသာသာ လျော့လာပါတယ်။
နည်းလမ်း ၇
ပူဒီနာမှာ အေးမြတဲ့အစွမ်းနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အစွမ်း ရှိပါတယ်။
- ပူဒီနာရွက်အနည်းငယ်ကို အနှစ်ရတဲ့အထိ ကြိတ်လိုက်ပါ။
- လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ပြီး ပူဒီနာအနှစ်နဲ့ ရောစပ်လိုက်ပါ။
- ပူဒီနာ mask ကို မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပေးပြီး ၁၅ မိနစ်ကြာထားပါ။ ဒီနည်းက ပြုလုပ်ရလွယ်ကူတဲ့အပြင် တကယ်ထိရောက်တာကြောင့် နေ့စဉ်ပြုလုပ်ပေးလို့ရပါတယ်။
နည်းလမ်း ၈
သန့်ရှင်းတဲ့ပိတ်စလေးကို နွားနို့ သို့မဟုတ် ရေအေးထဲမှာ ခဏနှစ်ထားပြီး မျက်လုံးအောက်ဖက်မှာ ကပ်ထားပေးပါ။ ၁၀ မိနစ်ခန့်ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ မျက်လုံးအောက်ဖက်ကို ရေခဲတုံးလေးနဲ့ ပွတ်တိုက်ပေးရင်လည်း မျက်ကွင်းညိုတာ သက်သာပါတယ်။
Bonus
- အုန်းဆီလက်ဖက်ရည်ဇွန်း ၃ ဇွန်းကို အပူပေးပြီး အအေးခံထားပါ။
- vitamin E လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ နှစ်သက်ရာရနံ့ဆီ ၄ စက်ကို အုန်းဆီနဲ့ ရောမွှေလိုက်ပါ။ အဲဒီနောက် ရေခဲသေတ္တာထဲမှာ တစ်နာရီကြာထားလိုက်ပါ။
- တစ်နာရီကြာထားပြီးရင် ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပြီး ကြက်ဥခေါက်တံနဲ့ ပျစ်လာတဲ့အထိ မွှေပေးပါ။
- အဲဒီနောက်မှာတော့ ဘူးအလွတ်တစ်လုံးထဲမှာ ထည့်ပြီး သိမ်းထားလို့ရပါပြီ။
ဒီခရင်မ်လေးက မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကို သက်သာစေတဲ့အပြင် အမည်းစက်တွေကိုပါ ပါးသွားစေပါတယ်။ ညပိုင်းမှာလိမ်းပေးရင် အရေပြားထဲအထိ စိမ့်ဝင်တာကြောင့် အိပ်ရာမဝင်ခင်မှာ လိမ်းပေးလို့ရပါတယ်။
Zombie (lovemedia)
0 Comments