မနက်ပိုင်းမှာ လက်ဖက်ရည်သောက်တာ ပိုကောင်းလား၊ ကော်ဖီသောက်တာ ပိုကောင်းလား

ကော်ဖီနဲ့ လက်ဖက်ရည်က ကမ္ဘာတဝှမ်းလုံးမှာ လူကြိုက်များတဲ့ သောက်စရာတွေ ပါပဲ။ မနက်ခင်းပိုင်းမှာ ဆိုရင် လူအများစု ကတော့ လက်ဖက်ရည်ထက် ကော်ဖီကို ပိုပြီး ရွေးချယ် ကြပါတယ်။

မနက်ခင်းပိုင်းမှာ ကော်ဖီသောက်တာက လက်ဖက်ရည် သောက်တာထက် အကျိုးကျေးဇူးတွေ ပိုမိုရရှိစေတာ ကြောင့်ပါ။

၁။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ပိုမိုသွက်လက်လာခြင်း

သင်က မနက်ခင်းပိုင်းမှာ လေ့ကျင့်ခန်း လုပ်တတ်သူ ဆိုရင်တော့ ကော်ဖီကို ရွေးချယ်သင့် ပါတယ်။ ကော်ဖီမှာ ကာဖိန်းဓာတ်က လက်ဖက်ရည်ထက်ကို ပိုများနေပါတယ်။

အဲဒါကြောင့် မနက်ခင်းပိုင်း လေ့ကျင့်ခန်း လုပ်တတ်သူတွေ အဖို့ ကော်ဖီသောက်တဲ့အခါ လေ့ကျင့်ခန်း လုပ်ရတာ သွက်လက်ပြီး ပင်ပန်းနွမ်းနယ်မှု တွေကို လျှော့ချပြီးသား ဖြစ်စေမှာပါ။

၂။ အာရုံစိုက်မှု ပိုကောင်းလာခြင်း

စာကျက်တဲ့အခါ အာရုံစုစည်းလို့ မရတဲ့အခါမှာ ကော်ဖီကို ရွေးချယ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကော်ဖီမှာ ကာဖိန်းဓာတ်တွေ ပိုများများ ပါနေလို့ပါ။ ကာဖိန်းဓာတ်က သင့်ကို တက်ကြွအောင် ပြုလုပ်ပေးပါတယ်။ ကော်ဖီသောက်လိုက်တဲ့ အခါ အာရုံစိုက်နိုင်စွမ်းက သိသိသာသာ ပိုများလာပါတယ်။

၃။ အားအင်တွေ ချက်ချင်းပြည့်လာခြင်း

ကော်ဖီက သောက်လိုက်ရင် ပင်ပန်းနွမ်းနယ်တာတွေ အလျင်အမြန် လျော့ကျသွားပါတယ်။ အလုပ်တွေ ပင်ပန်းနေချိန်မှာ ဘလက်ကော်ဖီက ၁၅ မိနစ်အတွင်း သင့်ကို လန်းဆန်းလာစေမှာပါ။ လက်ဖက်ရည်ထက် ကော်ဖီက ပင်ပန်းတာ တွေကို ပိုပြီး လျှော့ချပေးနိုင်ပါတယ်။

၄။ ကိုယ်အလေးချိန် လျှော့ချပေးခြင်း

ကော်ဖီသောက်တာနဲ့ အဆီလျော့ကျမှုက ဆက်စပ်နေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ကော်ဖီမသောက်တဲ့ အမျိုးသားတွေထက် ကော်ဖီသောက်တဲ့ အမျိုးသားတွေက အဆီကျတာ ပိုမြန်ပါတယ်။ သင်က ကိုယ်အလေးချိန် လျှော့ချနေတယ် ဆိုရင် လက်ဖက်ရည်ထက် အချိုနည်းတဲ့ ကော်ဖီကိုသာ ရွေးချယ်လိုက်ပါ။

၅။ ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးခြင်း

ကော်ဖီကို တနေ့ ၃ ခွက်ခန့် သောက်သူတွေက ဆီးချိုရောဂါ ဖြစ်နိုင်ချေ ၄၂ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင့် လေ့လာမှု တရပ်မှာ ဖော်ပြထားပါတယ်။ ကာဖိန်းပါဝင်မှု များတဲ့ ကော်ဖီက ဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ချေ ကိုတောင် နည်းပါးသွား စေပါတယ်။

ကော်ဖီက ပိုကောင်းလား၊ လက်ဖက်ရည်က ပိုကောင်းလား။

သင်က လက်ဖက်ရည်ကြိုက်သူ ဆိုရင်တော့ ကော်ဖီကို ပြောင်းပြီး သောက်သင့်လားဆိုတာ တွေးမိနိုင်ပါတယ်။ ဒါပေမယ့် လက်ဖက်ရည် မှာလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments