လတ်ဆတ်တဲ့အသီးအနှံတွေနဲ့ အစားအစာတွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်မလဲ

အသီးအနှံတွေ၊ သစ်သီးတွေဝယ်တဲ့အခါမှာ လတ်ဆတ်ပြီးတော့ အရသာကောင်းမွန်ဖို့က အဓိကပါ။ မလတ်ဆတ်ဘဲ အရသာလည်း မကောင်းတဲ့အခါ ငွေကုန်ရုံပဲ ဖြစ်နေမှာပါ။

အဲဒါကြောင့် အရသာရှိတဲ့အစားအစာတွေကို ဘယ်လိုရွေးချယ်မလဲဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ငှက်ပျောသီး

လတ်ဆတ်တဲ့ငှက်ပျောသီးရဲ့အရောင်က အရင်းမှာရော အဖျားမှာပါ အစိမ်းရောင်လေးတွေ ရှိနေတတ်ပါတယ်။ အဲဒါဆိုရင်တော့ ငှက်ပျောသီးက မှည့်တော့မှာပါ။ ငှက်ပျောသီးရဲ့အခွံပေါ်မှာ အမည်းရောင်အစက်အပြောက်လေးတွေ ရှိနေတယ်ဆိုရင်တော့ လုံးဝမှည့်နေပါပြီ။

၂။ မှို

မှိုကို ကိုင်ကြည့်လိုက်တဲ့အခါ ချောမွတ်နေရင်တော့ အကောင်းဆုံးပါပဲ။ မှိုက လုံးလုံးပြည့်ပြည့်လေးဖြစ်နေပြီး တစ်ခါတရံမှာ အပေါ်ယံအသားလေးတွေက ခြောက်သွေ့နေပါတယ်။

၃။ ပေါင်မုန့်

လတ်ဆတ်တဲ့ပေါင်မုန့်ကို ရွေးချယ်ဆို့ အရင်ဆုံး ပေါင်မုန့်အကာသားကို ကြည့်နိုင်ပါတယ်။ ပေါင်မုန့်အနံ့ကို မွှေးကြည့်လိုက်တဲ့အခါမှာ အောက်သိုးသိုးမှိုနံ့ကို ရနေရင်တော့ မစားသင့်တော့ပါဘူး။

အရသာကောင်းမွန်ပြီး လတ်ဆတ်တဲ့ပေါင်မုန့်မှာ ဂျုံ၊ ရေ၊ တဆေးနဲ့ ဆားတို့ပဲ ပါဝင်သင့်ပါတယ်။

၄။ ချိစ်

ချိစ်ဝယ်တဲ့အခါမှာ ပါဝင်ပစ္စည်းတွေကို အရင်ဆုံးဖတ်ကြည့်ပါ။ အရောင်ဖျော့နေတဲ့ချိစ်နဲ့ မှိုတက်နေတဲ့ချိစ်ကိုတော့ မရွေးချယ်သင့်ပါဘူး။ အရောင်လွင့်နေတဲ့ချိစ်က မလတ်ဆတ်တော့တာကို ဖော်ပြနေတာပါ။

၅။ ဝက်ပေါင်ခြောက်

ဝက်ပေါင်ခြောက်ကို အမျိုးမျိုးပြင်ဆင်ပြီးမှ ရောင်းချလေ့ရှိသလို အစိမ်းအတိုင်းရောင်းတာလည်း ရှိပါတယ်။ ဝက်ပေါင်ခြောက်ရွေးတဲ့အခါ အရိုးနုလေးတွေ ပါဝင်တဲ့ဝက်ပေါင်ခြောက်က ပိုပြီးတော့ အရသာရှိပါတယ်။

၆။ ပန်းသီး

လတ်ဆတ်တဲ့ပန်းသီးမှာ အနာအဆာတွေ မပါပါဘူး။ နေရောင်ခြည်ကောင်းကောင်းရတဲ့ပန်းသီးက နီရဲနေတတ်ပါတယ်။ အဲဒီလိုပန်းသီးက ပိုပြီးတော့ အရသာရှိပါတယ်။ ပန်းသီးဝယ်တဲ့အခါ အနံ့ကလည်း အရေးပါပါတယ်။

၇။ လိမ္မော်သီး

လိမ္မော်သီးဝယ်တဲ့အခါ အရောင်က ကိစ္စမရှိပါဘူး။ တစ်ခါတရံ စိမ်းနေတဲ့လိမ္မော်သီးကလည်း ချိုနေတတ်ပါတယ်။ လိမ္မော်သီးကို ကိုင်လိုက်တဲ့အခါမှာ ဖော့တုံးကို ကိုင်ရသလို ဖြစ်နေရင်တော့မဝယ်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments