ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေ ထွက်လာပါတယ်။ အသားအရေက အဆီတွေ ထုတ်လုပ်တာများလာတဲ့အခါမှာလည်း ဝက်ခြံတွေထွက်လာပါတယ်။
အချို့တွေက မျက်နှာရဲ့အခြားနေရာတွေမှာ ဝက်ခြံမထွက်ဘဲ မေးစေ့တစ်ခုတည်းမှာပဲ ကွက်ပြီး ဝက်ခြံထွက်တတ်ပါတယ်။ အဲဒါကြောင့် ဝက်ခြံတွေ ထွက်မလာအောင် ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မျက်နှာကို သေသေချာချာသစ်ပါ။
အိပ်ရာထချိန်နဲ့ အိပ်ရာမဝင်ခင်အချိန်မှာ မျက်နှာကို ပုံမှန်သစ်ပေးသင့်ပါတယ်။ မျက်နှာကို ခဏခဏသစ်တာကလည်း အသားအရေကို ပွန်းစေပြီး ဝက်ခြံတွေပိုထွက်လာစေပါတယ်။
မျက်နှာသစ်တဲ့အခါမှာ cleanser ကို မျက်နှာအသားအရေထဲအထိ စိမ့်ဝင်သွားအောင် နှိပ်နယ်ပြီးမှ ရေနွေးနဲ့ ဆေးချပါ။ ဒါ့အပြင် မိတ်ကပ်မဖျက်ဘဲနဲ့ အိပ်ရာမဝင်သင့်ပါဘူးနော်။
၂။ အသားအရေထိန်းသိမ်းပါ။
ဝက်ခြံကင်းပြီး လှပတဲ့အသားအရေရဖို့အတွက် အသားအရေကို ရေဓာတ်ဖြည့်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်ခန့် salicylic သို့မဟုတ် lactic acid ပါဝင်တဲ့ ကြေးချွတ်ပစ္စည်းတွေနဲ့ မျက်နှာကို ကြေးချွတ်ပေးပါ။
အဆီမပါဝင်တဲ့ sunscreen ကိုလည်း နေ့စဉ်လိမ်းပေးသင့်ပါတယ်။ အဆီပါဝင်မှုများတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေက ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေကို ပိုဆိုးလာစေပါတယ်။
၃။ ဝက်ခြံကို သက်သာစေမယ့်နည်းလမ်း
Salicylic acid နှစ်ဆ၊ benoyl peroxide နှစ်ဆ၊ hydrocortisone cream တစ်ဆတို့ကို ရောပြီး ဝက်ခြံပေါက်နေတဲ့နေရာကို လိမ်းပေးနိုင်ပါတယ်။ ဒီနည်းကတော့ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကင်းစင်စေပြီး အဆီတွေကိုလည်း ဖယ်ရှားပြီး ဖြစ်စေပါတယ်။
၄။ ရေခဲတုံး
ရေခဲတုံးလေးတွေကို ပိတ်စတစ်ခုထဲမှာ ထည့်ပြီး ဝက်ခြံပေါက်နေတဲ့နေရာတွေမှာ ၅ မိနစ်ကြာ ထိတွေ့ပေးပါ။ ရေခဲတုံးလေးတွေက ဝက်ခြံကြောင့် နီမြန်းနေတာနဲ့ နာကျင်တာကို သက်သာစေပါတယ်။
၅။ ဆံပင်
ဆံပင်က ဖုန်၊ အညစ်အကြေးတွေက မျက်နှာကို ထိမိတဲ့အခါမှာ ဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ ဦးရေပြားမှာ အဆီထွက်တာတွေ ကာကွယ်ဖို့ ခေါင်းကို ပုံမှန်လျှော်တာက နဖူးတစ်ဝိုက်နဲ့ မေးရိုးတစ်ဝိုက် ဝက်ခြံပေါက်တာကို နည်းပါးသွားစေပါတယ်။
၆။ မျက်နှာကို လက်နဲ့ ခဏခဏကိုင်တာကို ရှောင်ကြဉ်ပါ။
လက်မှာရှိနေတဲ့ အညစ်အကြေးတွေ၊ အဆီတွေ၊ ဖုန်တွေက မျက်နှာပေါ်ကို ရောက်တဲ့အခါ ဝက်ခြံတွေ ဖြစ်လာစေပါတယ်။ မျက်နှာမှာ ဝက်ခြံတွေ ရှိနေတယ်ဆိုရင်လည်း ဝက်ခြံတွေက ပိုဆိုးလာစေပါတယ်။ အဲဒါကြောင့် ဝက်ခြံကို ခဏခဏညှစ်တာ၊ မျက်နှာကို လက်နဲ့ ခဏခဏကိုင်တာကို ရှောင်ကြဉ်သင့်ပါတယ်။
၇။ အိပ်ရာခင်းတွေကို သန့်ရှင်းရေးလုပ်ပါ။
အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို အပတ်တိုင်းသန့်ရှင်းရေးလုပ်ပြီး လဲလှယ်ပေးသင့်ပါတယ်။ အဲဒီအခါ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေတွေ၊ အညစ်အကြေးတွေက အသားအရေနဲ့ မထိတွေ့တော့ဘဲ ဝက်ခြံကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။
၈။ နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေကို စားသုံးတာများတဲ့အခါမှာ ဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ နို့ထွက်ပစ္စည်းတွေက ဟော်မုန်းကို မမျှမတဖြစ်စေတာကြောင့် နို့ထွက်ပစ္စည်းတွေကို လျှော့ပြီးစားသုံးသင့်ပါတယ်။
Zombie (lovemedia)
0 Comments